Posts

Showing posts from June 29, 2022

စစ်ကောင်စီ၏ PR ရွေးကောက်ပွဲစနစ်သည် ရာသက်ပန် စစ်ကျွန်စနစ်ဖြစ်သည်။

Image
စစ်ကောင်စီ၏ PR ရွေးကောက်ပွဲစနစ်သည် ရာသက်ပန် စစ်ကျွန်စနစ်ဖြစ်သည်။ ကမ္ဘာနိုင်ငံများသည် မိမိတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲကို ကျင်းပကြပါသည်။ မြန် မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် (First Past of the Post- FPTP) သာမန်မဲအများစုရသူ အ နိုင်ရသည့် ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးကြပါသည်။ FPTP ရွေးကောက်ပွဲစနစ်သည် တိုင်းရင်းသာလူမျိုးများ၏တန်းတူအခွင့်အရေးကို ဖော်ဆောင်ပေးနိုင် မည်မဟုတ်ဟု ဝေဖန်ထောက်ပြနေကြသည်။ Legal Aid Network တည်ထောင်သူ ဦးအောင်ထူးက မြန် မာနိုင်ငံ၌ ကျင့်သုံးနေသည့် (FPTP) သာမန်မဲအများစုရသူ အနိုင်ရသည့်စနစ်သည် တိုင်းရင်းသားပါတီ များသည် မည်သည့်ဥပဒေတစ်ခုကိုမျှ ပြုနိုင်မည့်အခြေအနေ ရောက်မှာမဟုတ်ဟု ထောက်ပြသွားပြီး မြန် မာနိုင်ငံအတွက်(Proportional Representative-PR) အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို စဉ်း စားသင့်တယ်လို့ MCN TV News သတင်းဌာနနှင့် မေးမြန်းခန်းတစ်ခုတွင် ပြောဆိုသွားပါသည်။ (First Past of the Post- FPTP) အများစုရသူ အနိုင်ရသည့်စနစ် ကမ္ဘာ့ပေါ်တွင် ရွေးကောက်ပွဲစနစ်အများအပြားရှိသော်လည်း (First Past of the Post- FPTP) သာမန်မဲ အများစုရသူ အနိုင်ရသည့်စနစ်၊ ဒုတိယအက