Posts

Showing posts with the label article

အကြမ်းဖက်မှုတွေအတွက် NUG မှာ တာဝန်ရှိသလား

Image
 NUG ဟာ De Jure အစိုးရပဲ။ တရားဝင်မှုအရ ဖြစ်လာတဲ့ အစိုးရ။ အဲဒီအစိုးရမျိုးက ကြေညာချက်ပဲ ထုတ်တယ်။ လိုက်နာတာ မလိုက်နာတာ ကို အရေးယူဖို့ သူ့မှာ တာဝန်မရှိဘူး။ တာဝန်ခံခိုင်းလို့လဲ မရဘူး။  ဘာကြောင့်လဲ ဆိုတော့ သူဟာ De Facto အစိုးရလို ဥပဒေစိုးမိုးရေး ယန္တရားကို ထိန်းချုပ်ထားခြင်း မရှိလို့ပဲ။ ဥပဒေစိုးမိုးရေး ယန္တရားဆိုတာ ရဲ၊ တရားရုံး၊ အကျဉ်းထောင် ဖြစ်တယ်။ ဒါကြောင့် NUG က အကြမ်းဖက်စစ်င်စီကောင်စီကို ခုခံ တော်လှန်ဖို့ ကြေညာတယ်။ သတိပြုရမှာက NUG ဟာ ကလေးသူငယ်နဲ့ အရပ်သားတွေ အပေါ် အကြမ်းမဖက်ဖို့ စတဲ့ စစ်ရေးကျင့်ဝတ်တွေ ကို ကြေညာတယ်။ နည်းလမ်းမျိုးစုံနဲ့ အသိပညာပေးတယ်။ ဒါ သူ့တာဝန်အကုန်ပဲ။  NUG က အကြမ်းဖက်ကြပါလို့ ကြေညာထားတာ တခုမှ မရှိဘူး ။  ဒီတော့ အကြမ်းဖက်မှုတွေ ဘယ်ဘက်ကပဲ လုပ်လုပ်၊ ဥပဒေအရ အရေးယူရမှာက De Facto ကို ကိုင်ထားတဲ့ စကစ တာဝန်ပဲ။ တခုတော့ နားလည်ဖိုလိုတယ်။ စစ်သည်အချင်းချင်း စစ်တိုက်တာ အကြမ်းဖက် တယ်လို့ ပြောရင် အမေရိကန်ကအစ တရုပ်အဆုံး အကုန်လုံး အကြမ်းဖက်တွေပဲ ဖြစ်ကုန်လိမ့်မယ်။ ဘူးလုံးနားမထွေး ဖြစ်နေရင် အဲဒါကို အရင်သိအောင် လုပ်ဖို့ လိုတယ်။ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အစ၊ အလယ်၊ အဆုံးဟာ မအလ ...

မအလ ယတြာတွေက ဖက်ဒရယ် အတွက်လား (သက်သာပန်းတောင်း ယတြာ)

Image
  မအလ   ယတြာတွေက   ဖက်ဒရယ်   အတွက်လား  ( သက်သာပန်းတောင်း  ယတြာ) တရသတွေက   မအလဟာ  PR  ရွေးကောက်ပွဲလုပ်ပြီး   ဖက်ဒရယ်   ဖြစ်မယ်လို့   ထင်နေတုံးပဲလား။  ၁၉၉၄ - ၂၀ဝ၈   တုန်းကလည်း   အဲဒီလို   ထင်တလုံးနဲ့    အမျိုးသားညီလာခံ   တက်ပြီး   ၂၀၀၈   အခြေခံဥပဒေ   ရေးဆွဲတာမှာ   အိမ်ဖြည့်   ပါဝင်ပေးခဲ့လို့   ဒီနေ့   အထိ   စစ်အာဏာရှင်စနစ်က   သက်ဆိုးရှည်နေတာ။ မအလ   အကြောင်း   မသိရင်   ဟောဒီစာကို   စိတ်ရှည်ရှည်နဲ့   ဖတ်ကြပါ။ အခြား   တရသတွေက   မြန်မာ့ရိုးရာ   ယတြာကို   သိသူ   မရှိဘူး။   ယတြာ   လုပ်တိုင်း   စွမ်းတာ   မဟုတ်။ လုပ်နည်း   မှန်ဖို့   ဆိုတာ   ဆရာကောင်းမှ   ရမယ်။   ခုခေတ်မှာ   ဆရာကောင်း   ရှားပါတယ်။   ဒါပေမယ့်  မအလ  ဘာအတွက်   ယတြာလုပ်နေသလဲ ဆိုတာတော့   သိနိုင်တယ်။  ▪️ အာဏာမသိမ်းခင်က   မအလကို   ဘုရားအလောင်းလို့   တပ...