Posts

Showing posts from April 1, 2022

မ ထူး တော့ ဘူး

Image
မြန်မာပြည်ကို အဂ်လိပ်အုပ်စိုးထားတဲ့အချိန်... ။ နီပေါနိုင်ငံမှာပေါ့...။ မြန်မာပြည်ကိုလာရောက်ပြီး တာဝန်ထမ်းဆောင်မယ့် နေပါလိ ဂေါ်ရခါးစစ်သားလေးကို သူ့အဖေ အငြိမ်းစားစစ်ပြန်ကြီးက သေချာမှာတယ်... ။  " မြန်မာလူမျိုးတွေက သဘောကောင်းတယ် ... ဖော်ရွေတယ်... ယဥ်ကျေးတယ်... ဘာသာတရားကိုင်းရှိုင်းတယ်...ချစ်စရာ အင်မတန်ကောင်းတယ်... ။ " ဒါပေမယ့် သူတို့ပါးစပ်ကနေ  ... " မထူးတော့ဘူး " ဆိုတဲ့စကားအသံတွေထွက်လာရင် ချစ်စရာအကောင်းဆုံးလူမျိုးကနေ ကြောက်စရာအကောင်းဆုံးလူမျိုးဖြစ်သွားတယ်... ။ " "အဲ့စကားအသံထွက်လာပြီးရင် သူတို့က ဘာကိုမှမကြောက်တော့ဘူး... ။  သေရမှာလည်း မကြောက်တော့ဘူး... သတ်ရမှာလည်း မကြောက်တော့ဘူး... ။  ဘုရားလည်းမကြောက်တော့ဘူး... ငရဲလည်း မကြောက်တော့ဘူး... ။  မလုပ်ရဲတာ ဘာမှမရှိတော့ဘူး... ။" " ငါ့သား ... မြန်မာတွေပါးစပ်ကနေ " မ ထူး တော့ ဘူး " ဆိုတဲ့စကားအသံထွက်လာရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အိမ်ကိုရောက်အောင် ချက်ချင်းပြန်လာခဲ့တော့... " အဲ့လိုဆုံးမပြီး... " မ ထူး တော့ ဘူး " ဆိုတဲ့ မြန်မာစကားလေးလုံး အလွတ်ရအောင် ကျက်ခိုင်းပါတယ်... ။  ပြောချင်တာက ကျနော်တိ

လက်နှေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် "EAO" တွေ။

Image
လက်နှေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် "EAO" တွေ။ အပိုင်း (၁)  “KNLA၊ DKBA၊ KNU/KNLA-PC နှင့် BGF ရဲဘော်များအားလုံး "ကရင့်တော်လှန်ရေး  နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း  အခုလိုအခွင့်ကောင်း အခါကောင်းမျိုး တစ်ကြိမ်တစ်ခါမျှမရှိခဲ့ပါ။   ဒါကို အခွင့်ကောင်းယူပြီး  ကျနော်တို့တတွေ ညီညီညွတ်ညွတ်ရပ်တည်ပြီး  နောင်လာမယ့် မျိုးဆက်တွေ စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့၊ လွတ်လပ်ရေးရရှိဖို့အတွက် ကျနော်တို့ မျိုးဆက်မှာ ဒီဗမာစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ချေမှုန်းသွားကြပါ”  ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ဒုတိယစစ်ဦးစီးချုပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA ) မေလ ၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ   =================== အထက်ပါစကားသည် မှန်၏။ မှန်ကန်တယ်လို့ ဘာကြောင့် ပြောရသလဲ ။ အောက်ပါ သုံးသပ်ချက်ကို ဖတ်ကြည့်ပါ ၁၉၈၈ မှာ ပြည်သူတွေအကြားမှာ ဒီမိုကရေစီ လိုချင်တဲ့ လှိုင်းလုံးကြီး တက်လာတယ်။  NLD ရဲ့ ဒိုင်ယာလော့ဒ် မူဝါဒအမှား ကြောင့် စောင့်ကြည့်ရင်း  ငြိမ်ကျ သွားတယ်။  အနှစ် ၃၀ အလဟဿ ဖြစ်သွားတယ်။ မျိုးဆက်တခုစာ အဖျင်းအနုံတွေ ထွက်လာတယ်။ ကိုလိုနီဆန့်ကျင်ရေး ဝါဒမှိုင်း မိကြတယ်။ ပထဝီနိုင်ငံရေးကြောင့် စစ်တပ် ဟာ နို

ပါးပါးလေးနဲ့ ပူးသတ်နေတဲ့ ဒုတိယ ကျော်ဝင်း (ခ) မင်းသေ့

Image
ပါးပါးလေးနဲ့ ပူးသတ်နေတဲ့ ဒုတိယ ကျော်ဝင်း ( ခ ) မင်းသေ့က " အနီ အစိမ်း ပြဿနာ " ——— **** " အီလည်လည် မှာ တတိယ အင်အားစု "   " NLD အကွဲအပြဲ " " ဗမာလူမျိုးကြီး မဟာခေါင်းဆောင်မှု "  " ရခိုင် ခွဲထွက်ရေး " ဆိုတဲ့ ဂျင်းတွေ အတောင့်လိုက် ထည့်ပါပြီ တိုင်းရင်းသားတွေအဖို့     အချိုရှာ သကာတွေ့ ဆိုသလို လေးတွေ ချကျွေးနေတော့   ဖတ်ကောင်းကြပေမယ့်    ကျော်ဝင်းဂျင်း   အန္တရာယ် အနံ့တောင် မကဘူး အလုံးအထည်လိုက်ကြီး တွေ့နေရပြီ ..   ဟောဒီ မင်းသေ့ရေးတဲ့ စာတွေ ထုတ်နုတ်ဖတ်ကြည့် ပါ။   ရှေ့နောက် မညီ ကပေါက်တိ ကပေါက်ချာ တွေ ရေးနေတာ တွေ့ရလိမ့်မယ်။ စစ်အာဏာသိမ်းတဲ့အကြောင်းရင်းက     ..  ပြည်သူက   က   ဒီမိုကရေစီ   ဘက်  NLD  ဘက်   မဲထည့်လို့   စစ်တပ်က   စိုးရိမ်ပြီး   သိမ်းတယ်  ...   ဆိုပဲ  ကျော်ဝင်း     ဂျင်းက   "  နှစ်ပေါင်း   ၇၀   တည်တောက်ထားတဲ့   စနစ်ကြီး   တခုကို    အမြစ်ကလှန်ပြီး   ပြောင်းလဲချင်တာ   ရယ်ဒီကယ်  (  အမြစ်လှန်ဝါဒ )  ဟာ    အစွန်းရောက်   တယ်။    NLD  မှာ   အဲဒီလို   ရယ်ဒီကယ်တွေကို   ဖယ်ထုတ်   ချောင်ထိုးထားရမယ်။    ဒါမှ   စစ်တ