Posts

Showing posts from November 20, 2022

ဒေါ်အောင်ဆန်းစုကြည် အသုံးချခံ နေရတဲ့ ပြဿနာများ

Image
  ဒေါ်အောင်ဆန်းစုကြည် အသုံးချခံ နေရတဲ့ ပြဿနာများ ( ဒီအကြောင်းရေးရရင် သူ ကိုယ်တိုင် ဘူလုံးနားမထွင်း ပြောမိခဲ့တဲ့ ကိစ္စတွေ ပါဝင်နေတယ်။ ဒါပေမယ့် အမှန်တရားကို ပြောတဲ့အခါ ငဲ့ညှာနေမှာ မဟုတ်။)  ✅  ဖေဖေ့ တပ်မတော် ကိစ္စ။ ယနေ့ မြန်မာ့တပ်မတော်သည် ရှေးမြန်မာဘုရင်တွေ တည်ထောင်တဲ့ တပ်မတော် မဟုတ်တာ သေချာတယ်။ ဘုရင်၃ ပါးရုပ်တုနဲ့ ဘာမှ မဆက်စပ်။ ကုန်းဘောင်ဆက် သီပေါမင်းအနွယ်တော်တွေ တည်ထောင်တာမဟုတ်။  ယနေ့ မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်တဲ့ တပ်မတော်လို့ ပြောနေကြတယ်။ ဒါရော မှန်ကန်ပါသလား။  ဒုတိယ ကမ္ဘာစစ်မှာ .. ဖက်ဆစ်ဂျပန်က မြန်မာပြည်သိမ်းရန် အတွက် ဗိုလ်တေဇ (အောင်ဆန်း ) အပါအဝင် လူငယ်တစုကို စစ်ပညာသင်ပေးပြီး ဗန်​ေကာက်မှာ BIA ကို ဖွဲ့ပေးတယ်။  BIA ဆိုတာ တင့်ကားတွေ၊ လေယဉ်တွေနဲ့ နိုင်ငံစစ်တပ်ကြီး မဟုတ်။ Chain of Command က ဗိုလ်ချုပ်အောင်ဆန်း လက်ထဲ မရှိ၊ ဂျပန်တပ်မတော်ရဲ့ နောက်လိုက် ခိုင်းဖက်သာ ဖြစ်တယ်။ နောင် အခါ BDA၊ ထိုမှ BNA၊ ထိုမှ PBF   ဆိုပြီး နာမည်ပြောင်းတယ်။  ဒါက ဂျပန်ဘက် အခြမ်း။ အင်္ဂလိပ်ဘက်ခြမ်းကို ပြောပါမယ်။ အင်္ဂလိပ်ဟာ ပထမကမ္ဘာစစ်မှာ .. အီရန်မှာ စစ်ဖြစ်နေတယ်။ မက်ဆိုပိုတေးနီးယားကို ဗြိတိသျှအိန