Posts

Showing posts from August 9, 2022

အတ္တလန္တိတ် ချာတာ နဲ့ လွတ်လပ်ရေး

Image
အတ္တလန္တိတ် ချာတာ နဲ့ လွတ်လပ်ရေး ===============     စာချုပ် စာတမ်း မရှိပါ။   ဗြိတိန် UK က အမေရိကန် US ကို ဒုတိယ ကမ္ဘာစစ်မှာ ပါဝင် တိုက်ခိုက်ဖို့   တိုက်တွန်းတယ်။ အမေရိကန်က စစ်ကြီးအပြီးမှာ လွတ်လပ်တဲ့ ဈေးကွက် ရရှိဖို့ ဗြိတိသျှရဲ့ ကိုလိုနီနယ်တွေကို စွန့်လွှတ်စေချင်တယ်။ အမေရိကန် သမတ ရုစဗဲ့ နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ချာချီတို့ဟာ အကြိမ်ပေါင်းများစွာ အပြန်အလှန် ဆွေးနွေးကြ၊   ချာတာ မူကြမ်း ကို အပြန်အလှန် ပြင်ဆင်ကြတာ ဖြစ်တယ်။   ထူးခြားချက်က တရားဝင်လက်မှတ်ထိုးထားတဲ့ အတ္တန္တိတ် ချာတာ စာရွက်စာတမ်းဟာ   ဒီကမ္ဘာလောကမှာ မရှိဘူး။ အတ္တလန္တိတ် ချာတာ ဆိုတဲ့ တရားဝင် နာမည်လည်း မရှိဘူး။   လက်မှတ်ရေးထိုးပွဲလည်း မရှိဘူး။ " သမတကြီးနဲ့ ဝန်ကြီးချုပ် တို့ရဲ့ ပူးတွဲကြေညာချက် " လို့ပဲ ရှိတယ်။ နှစ်ဘက်စလုံးက လက်မှတ်မထိုးဘူး။   Daily Herald သတင်းစာက အတ္တလန္တိတ် ချာတာလို့ နာမည်တပ်လိုက်တာပါ။ လက်ရေးတွေ မူကြမ်းတွေ အများကြီး။ အင်တာနက်ပေါ်က ပုံတွေက မူကြမ်းတွေ၊ လက်မှတ်မပါဘူး ။ နောက်ဆုံးဗားရှင်းက ၂၁ ဩဂတ် ၁၉၄၁ မှာ ကြေးနန်းစာပဲ ရှိတယ်။