Posts

Showing posts from November 16, 2022

“ကြွက်မနိုင်လို့ ကျီ - မီးတင်ရှို့တဲ့ မိုက်မဲမှုမျိုး” - မောင်ကျော်မော်

Image
 “ကြွက်မနိုင်လို့ ကျီ - မီးတင်ရှို့တဲ့ မိုက်မဲမှုမျိုး” - မောင်ကျော်မော် ၁။ နိုင်ငံရေးပြဿနာတွေကို ပြောတဲ့အခါ သမိုင်းအရ - လက်တွေ့အရ အခိုင်အမာဆန်းစစ်ပြီး မိမိကိုင်စွဲထားတဲ့ နိုင်ငံရေး အယူအဆ သဘောထားအမြင်နဲ့ တည်ကြည်ရဲရင့်စွာတင်ပြဖို့ လိုအပ်ပါတယ်။ ၂။ ခွဲထွက်နိုင်သော အခွင့်အရေး ( Right of Secession ) ဟာ တချိန်က အခြေခံဥပဒေ ( ၁၉၄၇ ခုနှစ် ) အရဆိုရင် “တရားဝင် အခွင့်အရေး” ဖြစ်တယ်။ ဒီအခြေခံဥပဒေဟာ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် မတ်လအထိ ( ၁၆ ) နှစ်မျှ အာဏာတည်ခဲ့တယ်။ ဒီအခြေခံဥပဒေကို ဖျက်ပြီး အာဏာသိမ်းပိုက်ခဲ့တာ ဗိုလ်နေဝင်း စစ်အုပ်စုဖြစ်တယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြောင်းပြချက်က “ခွဲထွက်ရေးကြောင့်” ပြည်ထောင်စုကြီးပြိုကွဲတော့မှာဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်တယ်။ ၃။ မင်းသေ့က “ခွဲထွက်ရေး”ကို ရေလာမြောင်းပေးသလို - မြှောက်ထိုးပင့်ကော်ရေးနေပေမယ့်။ “ဒို့တာဝန်အရေး ၃ ပါး” ကို ဘယ်သတ္တဝါတွေက ဘယ်လိုအကြောင်းပြချက်နဲ့ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ ဘာရည်ရွယ်ချက်နဲ့ အသုံးပြုနေသလဲဆိုတာကို ခွဲခြမ်းဆန်းစစ်ရေးသားပြမထားဘူး။ ( မြန်မာစစ်တပ်လား - စစ်အုပ်စုအကျိုးစီးပွား ဆိုတဲ့ စကားလုံးလေး ၂ လုံးပဲပါတယ် ) “ခွဲထွက်ရေး” ဆိုတာကို ဒီနေ့အထိ ဘယ