ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသည့်မိန့်ခွန်း
ပင်လုံစာချုပ် ချုပ်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်ခဲ့သော ပင်လုံကတိကဝတ်များထဲမှ တချို့၊ ( ပင်လုံကတိကဝတ် ဆိုတာ စော်ဘွားတွေကို ပြောတဲ့ စကားတွေချည်းပဲ မဟုတ်ဘူး။ တောင်တန်း ပြည်မ ပြည်သူလူထုကို ပြောတာတွေလည်း ပင်လုံကတိကဝတ်တွေပဲ။ ) ယခု နားလည်ထားကြဖို့ အချက်က ယခုခေတ် ကမ္ဘာကြီး၏ အခြေမှာ ဘယ်တိုင်းပြည် မဆို၊ ကိုယ့်တိုင်းပြည် တပြည်တည်း အထီးတည်း နေနိုင်တဲ့ အခြေမျိုး မရနိုင်ဘူး။ တပြည်နှင့်တပြည် ပေါင်းစပ် အမှီသဟဲ ရှိမှ နေနိုင်ကြမည် ဆိုတဲ့ အချက်ပါဘဲ။ နောက်တချက်က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေး ဆိုတာမှာလဲ ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လို အမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများလဲ ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်လျှင် ဗမာပြည်မှာလို တိုင်းရင်းသား လူမျိုး အများ ရှိတာကို တွေ့နိုင်ပါတယ်။ တရုပ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလဲ သည်အတိုင်းဘဲ။ အမေရိကန်ပြည်မှာလဲ အင်္ဂလိပ်စကားကို ပြောကြသော်လဲ အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြ...