Posts

Showing posts from July 3, 2022

တိုင်းရင်းဝါးတွေ မျက်နှားဖုံးကျွတ်တဲ့ ပွဲ

Image
တိုင်းရင်းဝါးတွေ မျက်နှားဖုံးကျွတ်တဲ့ ပွဲ နွေဦးမှာ ဘယ်သူတွေက တိုင်းရင်းသား ပါတီ၊ တပ်၊ လူမျိုး။ ဘယ်သူတွေက တိုင်းရင်းဝါး အဖွဲ့တွေ ဆိုတာ မျက်နှာဖုံးကွာပြီ။ NLD ရဲ့ ဖက်ဒရယ် ရေး ဒီမိုကရေစီရေး ကြိုးပမ်းသမျှ တိုင်းရင်းဝါးတွေ မွှေလို့ သဲထဲ ရေသွန် ဖြစ်ခဲ့ရတယ် ... " မိစ္ဆာတပ်ရဲ့ ညောင်နှစ်ပင် ညီလာခံ မတက်ပါနဲ့ စစ်ကျွန်ဥပဒေ ရေးတဲ့ထဲ မပါ ဝင်ကြပါနဲ့ လို့  NLD က တောင်းပန်တယ်။ ( တိုင်းရင်းဝါး အဖွဲ့တွေ ပျော်ပျော်ကြီး တက်ကြတယ်) ...  " ၂၀၀၈ ခြေဥ တော့ ရေးပြီးပြီ၊ အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ပါနဲ့ " လို့ NLD က တောင်းပန်တယ်။ ( တိုင်းရင်းဝါး အဖွဲ့တွေ ျော်ပျော်ကြီး ဝင်ရွေးကြတယ်) ... NLD က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်ထားတော့ ၂၀၀၈ ခြေဥကို နိုင်ငံတကာက အသိအမှတ် မပြုဘူး။ အဲဒီမှာ ...  အီးဂရက် နဲ့ ဒေါက်တာ အေးမောင် ပေါင်းပြီး NLD ကို ၂၀၀၈ ကျုံးထဲ သွင်းကြတာပဲ ဘယ်လို ကြပ်သလဲ ဆိုတော့  👉 " တပ်မတော်က နိုင်ငံရေးက ဆုတ်ခွါနေပြီ။ NLD ဟာ ရင်ကြားစေ့ရေး မလုပ်ဘူး။ ထိပ်တိုက်တွေ့ရေး၊အလုံးစုံ ပျက်သုဉ်းရေးလမ်းကြောင်းကို သွားနေတယ်။ စစ်ဗိုလ်ချုပ်တွေဟာ သဘောထား ပျော့ပြောင်းသလောက် ဒေါ်စုဟာ ခေါင်းမာနေတယ်။