“ဆွေးနွေးလို့သာ ရခဲ့ရင် ဒီအခြေအနေထိ ရောက်လာခဲ့မယ် မဟုတ်ပါ”
“ဆွေးနွေးလို့သာ ရခဲ့ရင် ဒီအခြေအနေထိ ရောက်လာခဲ့မယ် မဟုတ်ပါ” ကျွန်တော်က နိုင်ငံရေးသမား၊ နိုင်ငံရေးနယ်ပယ်ထဲကတော့ မဟုတ်ပေမဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ကြမယ် ဆိုတဲ့အခါမှာ အဲဒါနဲ့ ထိုက်တန်တဲ့ အလေ့အကျင့်တွေ မွေးမြူဖို့ လိုမယ်ဆိုပြီး တတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။ မတူကွဲပြားတာကို လက်ခံတယ်။ တွေ့ဆုံဆွေးနွေးတာ၊ စေ့စပ်ညှိနှိုင်းတာတွေကို သဘောကျတယ်။ အစိမ်း၊ အနီ၊ အဝါ၊ အပြာ ဘာမှ မခွဲခြားဘူး။ သူယုံကြည်တာ သူထောက်ခံ။ NLD ကိုလည်း အလျဉ်းသင့်တဲ့အခါ ဝေဖန်ခဲ့သလို၊ နောက်ဆုံး၊ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပါတီကိုတောင် ပြည်ခိုင်ဖြိုးလို့ပဲ ခေါ်တယ်။ ကြံ့ဖွံ့လို့ တစ်ခါမှ မသုံးနှုန်းခဲ့ဖူးပါဘူး။ ဒါတွေ ပြောနေရတာက ကျွန်တော်ဟာ အမြစ်ဖြတ်၊ အပြုတ်တိုက်၊ အပြတ်ရှင်း၊ ဒီလိုအစွန်းရောက် စိတ်ဓါတ်မျိုး မရှိဘူး ဆိုတာကို ပြောလိုရင်းပါ။ သို့သော် ကျွန်တော်တို့ အခု ကြုံနေရတဲ့ တော်လှန်ရေးကျ အဲ့လိုမဟုတ်ပါဘူး။ ပါတီတစ်ခုနဲ့ တစ်ခု အငြင်းပွားနေကြတဲ့ နိုင်ငံရေး ပြဿနာ မဟုတ်ဘူး။ တကယ်ဆို CDM ဆိုတာ အင်မတန် သက်ရောက်မှုကြီးတဲ့ Soft power လှုပ်ရှားမှုတစ်ခုပါ။ စဉ်းစားကြည့်လေ။ အစိုးရ လုပ်ချင်တယ်။ ဝန်ထမ်းတွေရော၊ ပြည်သူတွေကပါ လက်မခံဘူး။ တော်ရုံတန်...