Posts

Showing posts from April 28, 2022

နေဝင်း အာဏာသိမ်းဖို့ အကွက်ရှာနေချိန်မှာ ရှမ်းတွေက မြန်မာစစ်တပ် အကွက်ထဲ တွန်းပို့လိုက်မိတယ်။

Image
  ဗမာအစိုးရတွေဟာ ဖက်ဒရယ် မလိုလားဘူး ဆိုသူတွေဟာ ၁၉၆၂ စစ်အာဏာသိမ်းမှုရဲ့ အကြောင်းပြချက်ကို လေ့လာသင့်တယ်   ပင်လုံစာချုပ်မှာ ၈ ပြည်ထောင် ဖွဲ့စည်းဖို့ လုံးဝ မပါဘူး။  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်းခေါင်းဆောင်တွေ အကြား ကတိကဝတ်မှာလည်း ဗမာပြည်နယ် ဖွဲ့စည်းဖို့ မပါဘူး။ ပင်လုံစာချုပ်မှာ ပြည်မ တောင်တန်း ဟာ ပြည်မ တောင်တန်းပူးပေါင်းရေး စာချုပ်ပဲ။  ဘယ်ဟာ ပြည်မလဲ၊ ဘယ်ဟာ တောင်တန်းဒေသလဲ ပြန်လည် လေ့လာပါဦး နေဝင်း အာဏာသိမ်းဖို့ အကွက်ရှာနေချိန်မှာ ... ရှမ်းမူ ခေါ်  ၈ ပြည်ထောင်မူ က  မြန်မာစစ်တပ် အကွက်ထဲ တွန်းပို့လိုက်မိတယ်။

စစ်သား အတု

"သမိုင်းကောင်းခဲ့" "သမိုင်းဆိုးခဲ့" ဘယ်လိုပဲ ပြောပြော မြန်မာ့တပ်မတော် ဘာလဲ? ဘယ်လဲ? ဆိုတာ ဒီနေ့ ဒီအချိန်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား မြင်နေကြရပြီ။ . စစ်သားနဲ့သူကိုင်ထားတဲ့လက်နက် ကိုယ်နဲ့ကင်းကွာလို့ မရဘူး ဆို တာ သိတယ်။ ဒါပေမယ့် မေးစရာလေးတော့ ရှိနေတယ်။ . ကိုယ်ကိုင်ထားတဲ့ သေနတ်ပြောင်း၀ ဘယ်သူ့ကို ချိန်မှာလဲ? . ဖြေစရာ မလိုဘူး။  လက်တွေ့ လုပ်ပြ ရပ်တည်ပြ တာကိုပဲ ပြည်သူတွေက လိုလားတယ်။ . တပ်ပြိုကွဲအောင် ဖြိုခွဲနေတာ မဟုတ်ဘူး။ တပ်မတော်အစစ်ဟာ ဒီကနေ့မြန်မာပြည်မှာ အမှန်တကယ် ရှိနေသေးတယ် ဆိုရင် ပြည်သူတွေကို အကာအကွယ်ပေးဖို့ ပြောနေတာ။ . စစ်သားဆိုတာ အမိန့်ကိုပဲနာခံရမယ် - ဆိုတာ ယေဘူယျအားဖြင့်တော့ တကယ့် စစ်မြေပြင် အစစ်တွေမှာ မှန်မယ်။ နာကို နာခံရမယ်။ . ဒါပေမယ့် စစ်သားဆိုတာလည်း လူသားတစ်ယောက်... သူ့မှာ မိခင်ရှိမယ်။ သားသမီးရှိမယ်။ မိသားစု ရှိမယ်။ ဒီမိသားစုကို သူ ချစ်မယ်။ သူ ကာကွယ်ရမယ် ဆိုတဲ့ အသိစိတ် ရှိမယ်။ . ဒီနေ့ ဒီအချိန်မှာ ပြည်မြန်မာ တနံတလျား မြို့ရွာ အနှံ့အပြားက လမ်းတွေပေါ်မှာ ပြည်သူလူထု တစ်ရပ်လုံး ထွက်လာကြပြီး သူတို့ဆန္ဒ ဖေါ်ပြနေကြပြီ။ . အထက် အမိန့်အရ  စစ်သား၊ ရဲသားတွေ လည်း

ပြည်သူ့ရဲဘော်

Image
  လူအများထင်နေသလို ယနေ့ မအလစစ်တပ်ဟာ ဦးအောင်ဆန်း ထူထောင်တဲ့ ဗမာ့တပ်မတော် မဟုတ်ပါ။   ကန္ဒီစာချုပ်အရ မူလဗမာ့တပ်မတော် (BIA, BDA, BNA, BPF) ကို ဖျက်သိမ်းပြီး စစ်သည် ၅၅၀၀ ဟာ ဗြိတိသျှ မြန်မာပြည်တပ်မတော်အော က်မှာ ဗမာ့သေနတ်ကိုင် (ဘားမားရိုင်ဖယ်) တပ် ထဲ ဝင်ကြပါတယ်။   မူလပင်မ ဗမာ့တပ်မတော်ဟာ ပြည်သူ့ရဲဘော်အဖွဲ့ အဖြစ် ဦးအောင်ဆန်းရဲ့ ဖဆပလ လက်အောက်ခံ တပ် ဖြစ်သွားပါတယ်။ တပ်ဖွဲ့ ဆိုသော်လည်း  အင်္ဂလိပ်ဥပဒေအရ လက်နက်ကိုင်ခွင့်မရှိပါ။  ခိုးကိုင်ပါတယ်။ အင်္ဂလိပ်လက်အောက်ခံ  BPF ဟာ ဖဆပလက နုတ်ထွက်သွားပါတယ်။ ဦးအောင်ဆန်း က အရပ်သား ဖြစ်သွားပါတယ်။   နောက်ပိုင်း ဦးအောင်ဆန်း ဝတ်တဲ့ စစ်ဝတ်စုံဟာ မြန်မာပြည်တပ်မတော် ဝတ်စုံ မဟုတ်ဘူး။ ပြည်သူ့ရဲဘော် ဝတ်စုံ ဖြစ်ပါတယ်  ။ ပခုံး ဒေါက်မှာ ရာထူးအဆင့် မပါဘူး။ လက်မောင်းဘက်မှာ တပ်တံဆိပ်မပါဘူး။ ပလိန်း သက်သက်ပဲ။ ပြည်သူ့ရဲဘော်တွေ ထမ်းချခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းစျာပန လွတ်လပ်ရေး ရပြီးနောက် ဦးအောင်ဆန်း ရဲ့ ပြည်သူ့ရဲဘော်ဟာ နေဝင်းကို ဆန့်ကျင်ပါတယ်။ တောခိုပါတယ်။ တချို့ လက်နက်ချပါတယ်။ တချို့ ဗကပဖြစ်သွားပါတယ် မြန်မာပြည်တပ်မတော်ကို အင်္ဂလိပ်လက်အောက်ခံလို့ ပြောရခြင်းက သက်သေ ၂ ခု ရှိပါတယ်။