Posts

Showing posts from April 8, 2022

ဗမာလူမျိုးကြီးဝါဒ

တို့ဗမာဝါဒ ကို  ဗမာလူမျိုးကြီးဝါဒလို့   ထင်တာက အစ၊ ဗျူရိုကရက်ခြစားမှု ကို  ဗမာလူမျိုးကြီးဝါဒလို့ ထင်တာက အလယ် စစ်မျိုးစစ်နွယ် စစ်မိသားစု ဝါဒ ကို ဗမာလူမျိုးကြီးဝါဒလို့  ထင်တာက အဆုံး မြန်မာလူမျိူး -  မိမိလူမျိုး ဂျင်းသမိုင်းတွေနဲ့  သပွတ်အူလည်ပြီး  ပစ်မှတ်အမှားကို ပစ်ရင်း မိတ်ဆွေတွေ ထိခိုက်ကျရှုံးတတ်တယ် ဖြစ်သင့်တဲ့ အကြံကောင်းတွေကိုလည်း ဗမာလူမျိုးကြီးဝါဒ တံဆိပ်ကပ်ခံရပြီး အမှိုက်ပုံးထဲ လွှင့်ပစ်မိတတ်တယ် ဒီတော့ တရသတွေနဲ့ NUCC ၊ NUG စုပေါင်းပြီး  အမှန်လက်တွေ့ ကျကျ ခွဲခြား ပြီး  " လူမျိုးကြီးဝါဒ သွင်ပြင်၊ လက္ခဏာနှင် မူဝါဒများ "  ကို တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆိုသင့်တယ် အွန်လိုင်းပေါ်မှာ ထင်ရာမြင်ရာ အစွဲတွေနဲ့  လူရှိန်အောင် poitical term တွေ ညှပ်ရေးနေတာ ..  အနှစ်ချုပ် ကြည့်ရင်   ဘက်လိုက် လိုရာစွဲ ရေးထားတာချည်းပဲ ...   ဒါတွေဟာ မြန်မာကို ပညာပေးသလိုလိုနဲ့  အဆိပ်သင့် ဆောင်းပါးတွေဖြစ်နေတယ် " ဗမာလူမျိုးကြီးဝါဒ " လို့  နာမည်ပေးပုံက အစ လွဲနေတာ ..  မြန်မာ နဲ့ ဗမာတောင် လေနဲ့ ဝမ်း မကွဲကြတာ စစ်အာဏာရှင် အလိုက် " ဗမာလူမျိုး " ဆိုတဲ့  အလိမ

ဖက်ဒရယ် ကို တကယ် လိုချင်ရင် အမှန်တရား ခါးခါးကို မြိုချကြဖို့ လိုတယ်။

Image
ဖက်ဒရယ် ကို တကယ် လိုချင်ရင် အမှန်တရား ခါးခါးကို မြိုချကြဖို့ လိုတယ်။  🔺 AA အပါအဝင် ဘယ်တရသ လက်နက်ကိုင်မှ တော်လှန်ရေး စတင်တုန်းက ဖက်ဒရယ် အတွက် ကြေညာခဲ့ကြတာ မဟုတ်ဘူး။ လွတ်လပ်ရေး၊ နိုင်ငံသစ် ဆိုတာချည်းပဲ။  🔺  AA အပါအဝင် ဘယ်တရသ လက်နက်ကိုင်မှ   စစ်အာဏာရှင် ဆန့်ကျင်ရေး ခေါင်းစဉ်နဲ့ စစ်သားစုဆောင်းကြတာ မဟုတ်ဘူး။ မြန်မာ မု/န်းတီးရေး လူမျိုးရေး တရား နဲ့ လှုံ့ဆော်ခဲ့ကြတာ  🔺  AA အပါအဝင် ဘယ်တရသ လက်နက်ကိုင်မှ   သမိုင်းအမှန် ကို မျှမျှတတ ရေးခဲ့ကြတာ မဟုတ်ဘူး။ သူတို့လည်း မြန်မာစစ်တပ်လိုပဲ သူများ မကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပဲ ရေးကြတာပဲ  ဆိုတော့ ဖက်ဒရယ် အခြေကို တည်ဖို့ ဆိုရင် ရိုးသားဖို့ လိုတယ်။ ချစ်ကြည်ရေး ရှေးရှူဖို့ လိုတယ်။ သူများကို အနာဖေး ခွါပြီး ကိုယ့်အမှား မပြင်ရင် မဟုတ်သေးဘူး။ ဝေဖန်ရေးဆိုတာလည်း သူများကို ဝါးရင်းဒုတ်နဲ့ ဆုံးမပြီး ကိုယ့်ကို ကိုယ် ငှက်မွှေးနဲ့ သပ် တာ မဖြစ်သင့်ဘူး။ ဒရမ်မာတွေ စွရမ်း မခင်းကြဖို့ လိုတယ်။  တရသ လက်နက်ကိုင်တွေက အမှားမရှိ ပကတိ မှန်နေရအောင် အရိယာ သူတော်စင်တွေ မဟုတ်ဘူး ဆိုတာ ငါတို့လည်း သိနေတာပဲ။ ဒေါ်စု ချော်တာ ရှိသလို တရသခေါင်းဆောင်တွေ တလွဲလုပ်တာတွေရှိတာပဲ။  ညော

ပြည်သူပိုင်သိမ်း

Image
"သမိုင်းသင်တာ၊ သမိုင်းကြောင်းကိုသိအောင်လုပ်ရတာ မအအောင်လို့တဲ့... တချို့က အတာတော့မအဘူး ဒါပေမဲ့နှစ်တွေကကြာပြီဆိုတော့လေ....." -၁၉၆၃ ခုနှစ် ဇန်နဝါရီလမှာ BOC ရေနံကုမ္ပဏီနှင့် IBP ရေနံလုပ်ငန်းကို ပြည်သူပိုင်သိမ်းပြီး မြန်မာ့ရေနံ ကော်ပိုရေးရှင်းကို ဖွဲ့စည်းလိုက်ပါတယ်။ -၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဘဏ်တိုက် (၃၁) တိုက်ကို ပြည်သူပိုင်သိမ်းပါတယ်။ ဒါ့အပြင် တစ်ပတ်အတွင်းမှာ စီးကရက်ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့် စက်မှုလက်မှု လုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်သားပိုင် ကျောင်း (၈၁၄) ကျောင်း၊ သာသနာပြု ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ (၁၈၂) ရုံ စသည်ဖြင့် အားလုံးကို ပြည်သူပိုင် ပြုလုပ်ခဲ့ပါတယ်။ -အကြီးဆုံး ပြည်သူပိုင်သိမ်းပွဲကြီးကို ရန်ကုန်မြို့ နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခုနှစ် ဧပြီလ (၉) ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ -အသိမ်းခံရမည့်သူများ မသိကြစေရန် လျှို့ဝှက် စီစဉ်ထားပါတယ်။ ထောင်သောင်းချီသော ပါတီမိတ်ဆွေဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်အချိန်မှာ အောင်ဆန်း အားကစားကွင်းကြီးမှာ စုထားတယ်။ မိုးမလင်းခင်မှာ လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့ အပြာ