Posts

Showing posts from April 27, 2022

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)

Image
ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ   (part 1) ================================== ဒီနေရာမှာ ဝါဒ ဆိုတာ ဘာလဲ သိဖို့ လိုတယ်။ ဝါဒဆိုတာ စနစ်တကျ တီထွင် ရေးသား ဖြန့်ဝေထားတဲ့ အယူအဆ ၊ အတွေးအခေါ်ကို ဆိုလိုတာ ဖြစ်တယ်။ဗုဒ္ဓဝါဒ၊ မာ့စ်က်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ နာဇီဝါဒ ဆိုတာ စံတော်ဝင် အတွေးအခေါ် ခေါင်းဆောင်တယောက် သို့ တစုက ရေးသား ဖြန့်ဝေ ကျင့်သုံးတာ ဖြစ်တယ်။   တိုင်းရင်းသားတွေ အကြားမှ ဟိုတစ ဒီတစ ဖွလန်ကြဲနေတဲ့ အသိအမှားတွေကို ဗမာလူမျိုးကြီး ဝါဒဆိုတဲ့ အမှိုက်ပုံထဲ လာပြီး ပစ်ထည့်နေတာ ဖြစ်တယ်။ သူတို့ကတော့ ကိုယ်ချင်းစာတတ်အောင် ဇာတ်နာပြတယ် လို့ ပြောတာပဲ။  တိုင်းရင်သားအဖွဲ့က  မိမိပြည်နယ် အချုပ်အခြာအာဏာ ရရေးအတွက် မိမိလူမျိုးကို စည်းရုံးဖို့     အမျိုးဘာသာ ဘာသနာ ဆိုတဲ့ far right nationalism  လက်ယာစွန်း အမျိုးသားရေး ဝါဒကို သုံးနေတာပါ။ ရန်သူတော်အဖြစ် ဗမာလူမျိုးကြီးဝါဒ ဆိုတဲ့ စွပ်စွဲချက်ကို ပုံဖော်ရတယ်။  အခြေခံ အိုင်ဒီရော်လော်ဂျီက Nationalism ပဲ ..     ဗမာလူမျိုးကြီးဝါဒက ရန်သူနံပါတ် ၁၊ စစ်အာဏာရှင်စနစ်က ရန်သူနံပါတ်    ၂ လို့  ဝါဒဖြန့်ရတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကို ထိပ်စီးတင်ရင် မိမိငယ်သားတွေ မြန်မာ