Posts

Showing posts from March 22, 2022

အကြမ်းဖက်မှုတွေအတွက် NUG မှာ တာဝန်ရှိသလား

Image
 NUG ဟာ De Jure အစိုးရပဲ။ တရားဝင်မှုအရ ဖြစ်လာတဲ့ အစိုးရ။ အဲဒီအစိုးရမျိုးက ကြေညာချက်ပဲ ထုတ်တယ်။ လိုက်နာတာ မလိုက်နာတာ ကို အရေးယူဖို့ သူ့မှာ တာဝန်မရှိဘူး။ တာဝန်ခံခိုင်းလို့လဲ မရဘူး။  ဘာကြောင့်လဲ ဆိုတော့ သူဟာ De Facto အစိုးရလို ဥပဒေစိုးမိုးရေး ယန္တရားကို ထိန်းချုပ်ထားခြင်း မရှိလို့ပဲ။ ဥပဒေစိုးမိုးရေး ယန္တရားဆိုတာ ရဲ၊ တရားရုံး၊ အကျဉ်းထောင် ဖြစ်တယ်။ ဒါကြောင့် NUG က အကြမ်းဖက်စစ်င်စီကောင်စီကို ခုခံ တော်လှန်ဖို့ ကြေညာတယ်။ သတိပြုရမှာက NUG ဟာ ကလေးသူငယ်နဲ့ အရပ်သားတွေ အပေါ် အကြမ်းမဖက်ဖို့ စတဲ့ စစ်ရေးကျင့်ဝတ်တွေ ကို ကြေညာတယ်။ နည်းလမ်းမျိုးစုံနဲ့ အသိပညာပေးတယ်။ ဒါ သူ့တာဝန်အကုန်ပဲ။  NUG က အကြမ်းဖက်ကြပါလို့ ကြေညာထားတာ တခုမှ မရှိဘူး ။  ဒီတော့ အကြမ်းဖက်မှုတွေ ဘယ်ဘက်ကပဲ လုပ်လုပ်၊ ဥပဒေအရ အရေးယူရမှာက De Facto ကို ကိုင်ထားတဲ့ စကစ တာဝန်ပဲ။ တခုတော့ နားလည်ဖိုလိုတယ်။ စစ်သည်အချင်းချင်း စစ်တိုက်တာ အကြမ်းဖက် တယ်လို့ ပြောရင် အမေရိကန်ကအစ တရုပ်အဆုံး အကုန်လုံး အကြမ်းဖက်တွေပဲ ဖြစ်ကုန်လိမ့်မယ်။ ဘူးလုံးနားမထွေး ဖြစ်နေရင် အဲဒါကို အရင်သိအောင် လုပ်ဖို့ လိုတယ်။ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အစ၊ အလယ်၊ အဆုံးဟာ မအလ စကစပေါ်မှာ မူတည်တယ်