Posts

Showing posts from June 17, 2022

NUCC ထဲမှာ ဒေဝဒတ်တွေ ရောက်နေသလား

NUCC ထဲမှာ ဒေဝဒတ်တွေ ရောက်နေသလား ▪️ဒေဝတ်က သံဃာသင်းခွဲတော့ လုပ်တဲ့  နည်းက အဆင့်မြင့်တယ်။ ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို  "ဖီလာဆန့်ကျင်" မလုပ်ဘူး သာမန်လူသား သာမန်အခြေအနေမှာ ကျ င့်သုံးလို့ မရတဲ့ " ပိုပြင်း ထန်" တဲ့ ကျင့်စဉ်တွေကို ချပြ တယ်။ (၁) ဗုဒ္ဓက ခွင့်ပြုရင် - မကျင့် နိုင်သူနဲ့ ကျင့်နိုင်သူ သံဃာ ၂  ခြမ်းကွဲမယ် (၂) ဗုဒ္ဓက ခွင့်မပြုရင် - ဗုဒ္ ဓတရားတော်တွေ ထက် သာလွန်ကြောင်း  ပြောပြီး သံဃာ ၂ ခြမ်းကွဲမယ်  ဒေဝဒတ်တောင်းဆိုတဲ့ ကျင့်စဉ်တွေ ကို ကြည့်ရင် "ဓူတင်" ဆောင် ရဟန် းတွေရဲ့ ကျင့်စဉ် ဖြစ်တယ်။ သာမန် ထက် သာလွန်တဲ့ မဟာပုရိသ တွေသာ ကျ င့်နိုင်တယ်။ ဓူတင်ဆောင် ရဟန်းတွေဟာ မဂ်ဖိုလ် ရရန် ပြင်းထန်တဲ့ အကျင့်ဖြစ်တယ် ။ သီအိုရီအရ မှားသလား ဆိုတော့ မမှ ားဘူး ပိုတောင် မြင့်မြတ်ပါသေး တယ်။ ဒါပေမယ့် လက်တွေ့မှာ သာမန်  ပုထုစဉ် သံဃာတွေလည်း ပါဝင်နေတဲ့  အဖွဲ့အစည်းမှာ အတင်းအကြပ် ကျင့် ခိုင်းလို့ မရဘူး။  မြတ်စွာဘုရားရှင် ခွင့်ပြုတော်  မမူသော  ဒေဝဒတ် တောင်းဆိုသော အချက် (၅)  ချက် ၁ ။ သံဃာတော်များ ကပ်လှူဆွမ်း အစား ခံဆွမ်းသာစားရန်။ ၂ ။ လှူသင်္ကန်းအစား ပံ့သကူသာ ဝတ်ရန်။ ၃ ။ ကျောင်းတိုက်အစား သစ