Posts

Showing posts from March 28, 2022

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

Image
 လော်ဘီတွေက အပိုတွေ ပြောပြီး ဇာတ်နာပြနေတယ် ▪️ တရသတွေက သီးခြား လွတ်လပ်ရေး ယူခွင့်ရှိခဲ့သလိုလို၊ ▪️ တရသတွေဟာ နဂိုထဲက လွတ်လပ်နေသလိုလို၊ ▪️ မြန်မာတွေက   လူမျိုးကြီးဝါဒကြောင့်   မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ  ..တိုင်းဒေသကြီးတွေ ဖန်တီးထားသလိုလို ... မဟုတ်မမှန် လီဆည် ဝါဒ ဖြန့်နေတယ်။ 👉 တရသတွေဟာ သီးခြား လွတ်လပ်ရေး ယူခွင့် မရှိဘူး။ အတ္တလန္တိတ်စာချုပ် ဆိုတာ အင်္ဂလိပ်က အမေရိကန်ကို ဒုတိယကမ္ဘာစစ်ထဲ ကူတိုက်ပေးဖို့  မြူဆွယ်တာ သက်သက်ပဲ။ ဗြိတိသျှ ကိုလိုနီနယ်တွေကို လွတ်လပ်ရေး ( Independence) ပေးပါမယ်လို့ တလုံးတပါဒမှ မပါ။ ကိုယ်ပိုင်ပြဒါန်းခွင့် က မိုင်ကုန်ပဲ ။ ဒါကလည်း ဥရောပ တိုက်ထဲပဲ ကတိပေးပေးတာ။ အာဖရိကနဲ့ အာရှ မပါဘူး။ တရားဝင်လက်မှတ်ထိုးတာလည်း မရှိဘူး။ ဒီနေ့အထိ ဗြတိသျှ ကိုလိုနီတွေရှိနေတယ်။ ကုလသမဂ္ဂ ကိုလိုနီဖျက်သိမ်းရေး ဌာ အမည်ခံ ဌာနမှာ အဲဒီ ကိုလိုနီ စာရင်း (တရားဝင်) ရှိတယ်။ ယနေ့အထိ မဖျက်သိမ်းရသေးဘူး။ မြန်မာပြည် ထဲ ဘယ်ဒေသမှ ကိုလိုနီ စာရင်းထဲ မပါဘူး။ မြန်မာပြည်လွတ်လပ်ရေးဟာ တိုက်ယူခဲ့တာ မဟုတ်ဘူး။ အင်္ဂလိပ်က သနားလို့  ပေးလို့ ရတာ။ မပေးတဲ့ ဒေသမရဘူး။ အာသံ၊ မဏိပူရ၊ အက်ဒမန်ကျွန်းတွေ   ရေပိုင်နက်တွေ အင်္ဂလိပ်ကအိ