မအလ ယတြာတွေက ဖက်ဒရယ် အတွက်လား (သက်သာပန်းတောင်း ယတြာ)
မအလ ယတြာတွေက ဖက်ဒရယ် အတွက်လား ( သက်သာပန်းတောင်း ယတြာ) တရသတွေက မအလဟာ PR ရွေးကောက်ပွဲလုပ်ပြီး ဖက်ဒရယ် ဖြစ်မယ်လို့ ထင်နေတုံးပဲလား။ ၁၉၉၄ - ၂၀ဝ၈ တုန်းကလည်း အဲဒီလို ထင်တလုံးနဲ့ အမျိုးသားညီလာခံ တက်ပြီး ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲတာမှာ အိမ်ဖြည့် ပါဝင်ပေးခဲ့လို့ ဒီနေ့ အထိ စစ်အာဏာရှင်စနစ်က သက်ဆိုးရှည်နေတာ။ မအလ အကြောင်း မသိရင် ဟောဒီစာကို စိတ်ရှည်ရှည်နဲ့ ဖတ်ကြပါ။ အခြား တရသတွေက မြန်မာ့ရိုးရာ ယတြာကို သိသူ မရှိဘူး။ ယတြာ လုပ်တိုင်း စွမ်းတာ မဟုတ်။ လုပ်နည်း မှန်ဖို့ ဆိုတာ ဆရာကောင်းမှ ရမယ်။ ခုခေတ်မှာ ဆရာကောင်း ရှားပါတယ်။ ဒါပေမယ့် မအလ ဘာအတွက် ယတြာလုပ်နေသလဲ ဆိုတာတော့ သိနိုင်တယ်။ ▪️ အာဏာမသိမ်းခင်က မအလကို ဘုရားအလောင်းလို့ တပ...