Posts

Showing posts from July 6, 2022

နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသည် ဆိုရာဝယ်။

Image
နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသည် ဆိုရာဝယ်။ အခုတလော  လွှတ်တော်နိုင်ငံရေး နည်းလမ်းက အကျိုးမရှိဘူး ဆိုပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်ပါတယ်ဆိုတဲ့ လူတွေပါးစပ်ဖျားက " နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ် " ဆိုတဲ့ အဆီအငေါ် မတည့်တဲ့ စကားတွေ တတွင်တွင် ပြောသံကြားရတယ်။   နိုင်ငံရေးနည်းလမ်းကို ရွေးရင် အစထဲက ပါတီထောင် ၊ ရွေးကောက်ပွဲ ဝင်ကြပါလား။ ဒီလိုလည်းမဟုတ်ဘူး။ လက်နက်ကိုင်ပြီးမှ ငြိမ်းချမ်းရေးစကားတွေ ပြောနေကြတယ်။ ဟုတ်ပါပြီ။ အသိတရား ပြောင်းလဲလာလို့ လက်နက်စွန့် ပါတီထောင်ကြပါလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။  ထားပါတော့ ၊ နိုင်ငံရေးနည်းလမ်း ဆိုတာဘာလဲ လို့ မေးကြည့်တော့ မြန်မာစစ်တပ်နဲ့ ဆွေးနွေးတာနိုင်ငံရေးနည်းလမ်းဆိုပဲ။ အဲဒီမှာ သူတို့ရဲ့ အတွေးအခေါ်ဟာ အခြေခံက စပြီး တလွဲ ဖြစ်နေတာ ပြသနေတယ်။   နိုင်ငံရေး  ဆိုတာ ပြည်သူ့အရေးပဲ။ ပြည်သူဆန္ဒ မပါပဲ လက်နက်ကိုင်အချင်းချင်း စစ်မတိုက်ချင်လို့ အပစ်ရပ်ပြီးဝေစုခွဲတာ နိုင်ငံရေးမှ မဟုတ်တာ။  လက်နက်ကိုင် အဖွဲ့တွေဟာ ပြည်သူထဲက ပေါက်ဖွားလာကြတယ်။ အစ ပထမကတော့ ပြည်သူနဲ့တန်းတူ ရှိတယ်။ ဒါပေမယ့် တဖြည်းဖြည်း ပြည်သူရဲ့ အပေါ်ကို ရောက်လာတယ်။ ပြည်သူကိုဦးဆောင်ရတယ် ၊ ပြည်သူက သူတို့