Posts

Showing posts from July 26, 2022

NLD ဟာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာလား ? ခုခံစစ် ဆင်နွဲနေတာလား ?

NLD ၃ မျိုး -    အကြမ်းနည်း ၃ မျိုး မင်းသေ့က ဘာရေးသလဲ ဆိုတော့ " NLD ဟာ လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဖို့ မူဝါဒရှိသလား" တဲ့။ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ဝါဒ လို့ တခါတရံ သုံးတယ်။ မြန်မာစကားဟာ လိုရာဆွဲကြတာပဲ။ "အကြမ်းဖက်" ဝါဒ ဆိုတဲ့​ ​ဝေါဟာရဟာ အရှေ့အလယ်ပိုင်းဒေသက စစ်သွေး​ကြွ တွေနဲ့ ပက်သက်ပြီးမှ ဆိုးရွားတဲ့ ဝေါဟာရ ဖြစ်လာတာ။ အင်္ဂလိပ်လို terrorist လို့ ခေါ်တယ်။ အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း လို့ ဘာသာပြန်သင့်တယ်။ ဒါပေမယ့် မြန်မာ စကားမှာ "အကြမ်းနည်း" ဆိုတာ terrorism ကိုချည်း သုံးတာ မဟုတ်ဘူး။ လက်နက်ကိုင် တော်လှန် ရေး armed revolution ကို ဖြစ်စေ၊ စစ်ရေး military mean ကို ဖြစ်စေ အကြမ်းနည်းလို့ သုံးတယ်။ ဒါကို ဘယ်မှာ တွေ့နိုင်သလဲ ဆိုတော့ .. ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေမှာ တွေ့ရတယ်။ လွတ်လပ်ရေးကို " အသာတကြည် ရရင်ရ မရရင် အကြမ်းပတမ်း လုပ်ရမှာပဲ " လို့ ပြောသွားတယ်။ မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီ ဒု-သဘာပတိ (ဝန်ကြီးချုပ် ) ဦးအောင်ဆန်း ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း - " အဲဒီလို အာ