Posts

Showing posts from March 21, 2022

ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီဟု KNU ပြော

Image
  ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီဟု KNU ပြော ရက္ခိုင်တပ်မတော်  (AA)  ၏   လိုလားသည့်   ကွန်ဖက်ဒရေးရှင်း   စနစ်သည်   မြန်မာနိုင်ငံနှင့်   မကိုက်ညီကြောင်း   ကရင်အမျိုးသားအစည်းအရုံး  (KNU)  ဒုဥက္ကဋ္ဌ   ပဒိုစောကွယ်ထူးဝင်း   က   ဧရာဝတီသို့ ပြောသည်။ ကွန်ဖက်ဒရေးရှင်း   စနစ်နှင့်   ပတ်သက်၍  KNU  အနေဖြင့်   ၁၉၄၀   ပြည့်နှစ်က   စဉ်းစားခဲ့ဖူးသော်လည်း ၁၉၅၆   ခုနှစ်တွင်   ဖက်ဒရယ်ပြည်ထောင်စုကို   တည်ဆောက်ရန်ကိုသာ   ရည်မှန်း   တော့သည်ဟု   ဆိုသည်။ KNU  ဒုဥက္ကဋ္ဌ   ပဒိုစောကွယ်ထူးဝင်း   က  “ သူတို့  (AA)  ပြောတဲ့အပေါ်မှာ   ကျနော်အတိအကျတော့   မသိဘူး၊   သူတို့   ရည်ရွယ်ချက်   က   ဘာလဲ၊   အဲဒီကွန်ဖက်ဒရေးရှင်း   ကျနော်တို့   နိုင်ငံအနေအထားနဲ့တော့   အဲဒီ ပုံစံသွားဖို့တော့   အခက်အခဲရှိမယ်၊   ကျနော်တို့   ပြောနေတာက   တကယ့်   ဒီမိုကရေစီ   ဖက်ဒရယ် ပြည်ထောင်စုမှာ   အာမခံချက်   အပြည့်အဝရှိစေမယ့်   အချက်တွေ   ရှိမယ်လေ၊   ဒီမိုကရေစီ   အခွင့်အရေး ရှိရမယ်တို့   နောက်   ကိုယ်   ပြဋ္ဌာန်းခွင့်   ရှိရမယ်၊   ဒီကွန်ဖက်ဒရေးရှင်းဆိုတဲ့   ပုံစံက   တမျိုးတော့   ဖြစ်သွားတာပေါ့။   ဟိုလွန်ခဲ့တဲ့   ရှေးပဝေသသီ