ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့်လမ်းညွှန်ပြဋ္ဌာန်းချက်။ ဦးအောင်ဆန်း [ရန်ကုန်မြို့မ ( လမ်းမတော်) ] အဆို။
ခွန်မားကိုဘန်တို့လို မြင်ဆရာတွေက အစ ရေးသားထားတဲ့ ဖက်ဒရယ်စာတမ်းတွေ အင်တာဗျူးတွေမှာ အင်္ဂလိပ်ခေတ် Burma Frontier Service အောက်က ချင်း ကချင် ရှမ်းဟာ မြန်မာပြည်ရဲ့ အစိတ်အပိုင်း မဟုတ်ပါဘူး ဆိုတာမျိုး ... ၊ Areas in Burma to whcih Special Provisions Apply ဆိုတာကို ကိုယ်ပိုင်အုပ်ချုပ်ရေးရခဲ့တယ် ဆိုတာမျိုး... ၊ အိန္ဒိယနဲ့ မြန်မာပြည်အတွက် မပါဝင် ဘာမှ သုံးမရတဲ့ အတ္တလန္တိတ်ချာတာကို စကားထဲထည့်ပြော ဂျင်းထည့်တာမျိုး .... ၊ ဗိုလ်ချုပ်အောင်ဆန်း ပြင်ဆင် တင်သွင်းတဲ့ လမ်းညွန်ချက် ၇ ချက်ကို လိုရာစွဲ ပြောတာ/ အကျယ်ရှင်းလင်းချက်ကို ဖုံးထားပြီး အချက် ၇ ချက်ကို စာသားပြုပြင် ဝါဒဖြန့်တာမျိုး ... ဗိုလ်ချုပ်အောင်ဆန်းနဲ့ စော်ဘွား ဒူဝ ရမ်အုပ်ါတွေ သဘောတူတာတွေသာမက အစည်းအဝေးပြင်ပ သူတို့ဘာသာ side meeting တွေမှာ ဆွေးနွေးတာတွေပါ ထည့်ပြောနေတာမျိုး/ ဖုံးကွယ် ဖယ်ချန်ပစ်တာမျိုး ....၊ ပင်လုံကတိ ဆိုတာမှာ စော်ဘွား ဒူဝ ရမ်အုပ်တွေ ပြောတဲ့ အထဲက လိုရာကို ယူပြီး မလိုချင်တာ ( ဥပမာ US Federal System /North Eastern Frontier Province) ပစ်ပယ်တာမျိုး ... ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်ချက်ဆိုပြီး ဗိုလ်ချု...