ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

အချက်အလက်နဲ့ ရှင်းမယ်
(၁) ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးကြီး တွေသာ ပြည်နယ် ရသင့်တယ်လို့ ပြောခဲ့တယ်။ လျော့လျော့ ပေါ့ပေါ့ စဉ်းစားမှသာ ( ရှမ်း တခုထဲ ) ပြည်နယ် ပေးခွင့်ရှိတယ်။ လူနည်းစု ဆိုတာလည်း ရှင်းပြတယ်။ နိုင်ငံတကာ စံချိန်အရ လူဦးရေ ၅ပုံ ၁ပုံ ရှိမှ ခေါ်တာ ဖြစ်တယ်။ နိုင်ငံငယ်လို့ ၁၀ ပုံ ၁ ပုံရှိမှ လူနည်းစု သတ်မှတ်မယ်။ သူတို့ဟာ ပြည်နယ် မရဘူး။ လူနည်းစု အခွင့်အရေးပဲ ရမယ် လို့ လမ်းညွှန်တယ်( ဥပမာ - ကရင်) ။တခါ လူမျိုးကြီးထဲမှာ ပါဝင် ပေါင်းစပ်ရမယ့် ( မွန် ) လို အုပ်စုဝင် တွေလည်း သတ်မှတ်ရမယ် လို့ ဆိုတယ်။ ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံ (၁၉/၅/၁၉၄၇) မှာ ပြောကြားခဲ့တယ်။

ဒီ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို သူတို့က ဖုံးကွယ်ထားတယ်။

(၂) xx ၊ xx ၊  xx ၊  xx ၊  xx စတဲ့ သူတို့တွေ ရည်ညွန်းတာက ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံလို့ ​ခေါ်တဲ့ ပါတီညီလာခံက လမ်းညွှန်ချက် ၇ ချက်။ ပါတီ ညီလာခံမှာ (ကရင်လူငယ်အဖွဲ့ကလွဲလို့) အခြားဘယ် တိုင်းရင်းသားမှ မတက်ရောက်ဘူး။။ ဒါကို ရှမ်း ကချင် ချင်းတွေ တက်ရောက်သဘောတူတယ် လို့ လိမ်တယ်။ ထားတော့။ အဲဒီ ပါတီညီလာခံဟာ လွှတ်တော်မစခင် ပါတီတွင်း မူကြမ်း တခု ဆွေးနွေးတာ ဖြစ်တယ်။

အဲဒီ လမ်းညွန်ချက် ၇ ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြု လွှတ်တော်မှာ ( ပြင်ဆင် ) အဆိုပြုတယ်။ အဲဒီ လမ်းညွန်ချက် ၇ ချက် ကိုမှ လူမျိုးစု ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးတာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ( ပြင်ဆင်) ထားတဲ့ လမ်းညွန်ချက် ၇ ချက်ကို

( ၁။ အဆိုပြုတယ် ၂။ အကျယ်တဝင့် ရှင်းလင်းပြတယ်)..

ဒီ ဗိုလ်ချုပ်အောင်ဆန်း ရှင်းလင်းချက်ကို သူတို့က ဖုံးကွယ်ထားတယ်။


(၃) ပင်လုံမှာ ဗိုလ်ချုပ်အောင်ဆန်းက ရှမ်းနီနယ်တွေကို ကချင်တောင်တန်း ပေါ်က ရွာတွေနဲ့ ပေါင်းပြီး ကချင်ပြည်နယ် ဖွဲ့ဖို့ ( ဖြစ်နိုင် မဖြစ်နိုင်) စုံစမ်း ရန် ပဲ သဘောတူ ခဲ့တယ်။ ပင်လုံ အပြန် ဗိုလ်ချုပ်အောင်ဆန်း က ဂျိမ်းဖောပြည်နယ် ကို အရှေ့မြောက် နယ်ခြားဒေသ ဖွဲ့ ရန် ဆွေးနွေးပါလို့ စာရေးညွန်ကြားတယ်။ လက်ရေးမူ ရှိတယ်။

(၄) ချင်းကိုလည်း ပြည်နယ် မပေးပါဘူး။ ချင်းတောင်တန်း ရွာလေးတွေဟာ ပြည်နယ် လုပ်မရလို့ ချင်းဝိသေသ တိုင်း ( ဖြစ်နိုင် မဖြစ်နိုင်) စုံစမ်း ရန် ပဲ သဘောတူ ခဲ့တယ်။ 

(၅) အဲဒီ လက်ရေးမူမှာပဲ ကရင်တွေက ကရင်ပြည်နယ်တောင်းနေတယ်။ ဆူဆူပူပူ လုပ်နိုင်တယ်လို့ CID က သတင်းရတယ်။ မလိုက်လျောနိုင်ဘူး လို့ ရေးထားတယ်။

(၆) တိုင်းပြုပြည်ပြု လွှတ်တော် လမ်းညွန်ချက် ၇ ချက် မှာ မြန်မာပြည်ထောင်စု ဆိုတာ Ministeral Burma ဝန်ကြီးများ အုပ်ချုပ်သော မြန်မာပြည်မ ( ရခိုင်၊ တနင်္သာရီ အပါအဝင် တိုင်း ၈ တိုင်း ) ကို အူတိုင် ပင်မ ထားမယ်။ အင်္ဂလိပ်လက်အောက်က ထွက်လာပြီး ပူးပေါင်းချင်တဲ့ ပြည်နယ် လာပေါင်းကြပါ။ ဘယ်ပြည်နယ် လာပေါင်းမယ် ဆိုတာ ကြိုတင် မသတ်မှတ်ထားဘူး။ အကုန်လုံး အင်္ဂလိပ်အောက်မှ ဆက်နေချင်ရင်လည်း မြန်မာနိုင်ငံ အဖြစ် လွတ်လပ်ရေး ယူမယ်။ တောင်တန်းဒေသ စော်ဘွားတချို့က အင်္ဂလိပ်အောက် နေချင်တယ်လို့ သတင်းကြားတယ်။ အမှောင်ထဲ ဆက်နေချင်ရင် နေကြ၊ ဒါပေမယ့် သင်တို့ ပြည်သူတွေက ဒီမိုကရေစီ တောင်းဆိုလိမ့်မယ် လို့ ခပ်တင်းတင်း မိန့်ကြားခဲ့တယ်။
( အဲဒီတုန်းက ရခိုင်ဟာ တိုင်း၊ တနင်္သာရီ ဆိုတာ ယနေ့ မွန်၊ ကရင်တွေပါ ပါဝင်တယ်။)

(၇) ပါချင်တဲ့ ပြည်နယ်တွေ သတ်မှတ်ဖို့ တောင်တန်း နယ်ပယ် ကိုယ်စားလှယ် များနှင့် တိုင်ပင် ဆွေးနွေးပြီး လုပ်ရမည့် ကိစ္စ ဖြစ်တယ် လို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့တယ်။ ပြည်နယ်တွေကို (လူမျိုးနာမည် ပေးရမယ်) လို့ လမ်းညွှန်ချက်မှာ တလုံးတပါဒမှ လုံးဝ (လုံးဝ) မပါရှိဘူး။ အဲဒီအချိန်အထိ စော်ဘွားတချို့ဟာ ပါမယ် မပါဘူး မသေချာသေးဘူး။

(၈) သူတို့တွေ ဆွဲယူကိုးကားတဲ့ လူမှုရေး စီးပွားရေး နိုင်ငံရေး " တန်းတူရေး" ဆိုတာ ကို ဗိုလ်ချုပ်အောင်ဆန်းက အကျယ်တဝင့် ရှင်းပြထာတယ်။ သူရှင်းပြတာက လူအချင်းချင်း ၊ ဆူကျုံနိမ့်မြင့် မရှိ၊ အခွင့်အရေးနဲ့ တရားမျှတမှု တန်းတူရေး ဖြစ်တယ်။ ဒါကို ဖုံးကွယ်ထားပြီး ဗမာပြည်နယ် မဖွဲ့ရင် တန်းမတူဘူးလို့ လိမ်ညာမှိုင်းတိုက်ကြတယ်။

(၉) ဗိုလ်ချုပ်အောင်ဆန်းဟာ မဘသ ဝါဒကို ဆန့်ကျင်သူ ဖြစ်တယ်။ လူမျိုးစွဲ ဘာသာစွဲ ကိစ္စတွေဟာ လက်ဝဲသမား ဗိုလ်ချုပ်ဝါဒမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းက " မဘသ ဝါဒနဲ့ မြန်မာပြည်ဟာ မသင့်တော်ဘူး" လို့ ဗကသ ဥက္ကဌ ဘဝက ဝန်ကြီးချုပ် ဖြစ်လာတဲ့ အထိ တသမတ်ထဲ သတိပေးနေတာ ဖြစ်တယ်။ လူမျိုးစွဲ ပြည်နယ်ရရှိရေး၊ ဗမာပြည်နယ် ဖွဲ့ပေး၊ ဗမာလူမျိုးကြီး ဝါဒ တိုက်ဖျက်ရေး ဆိုတဲ့ အသံတွေဟာ မဘသဝါဒရဲ့ သံတူကြောင်းကွဲ တွေသာ ဖြစ်တယ်။


ဒီတော့ ဗိုလ်ချုပ် အောင်ဆန်းဟာ ဗမာပြည်နယ် ဖွဲ့ဖို့ မပြောပါနဲ့၊ ( လျော့လျော့ပြောရရင်) ရှမ်းတမျိုးပဲ ပြည်နယ် ပေးသင့်တယ်လို့ အတိအလင်း ရှင်းပြခဲ့တာပါ။

နောက်ထပ် သူတို့က ပြောနေတာ -

(က) နယ်ခြားဒေသတွေဟာ မြန်မာနိုင်ငံ ထဲမှာ မပါဘူးတဲ့။ Frontier Area လို့ ပင်လုံစာချုပ်ထဲ မြင်နေပါလျက်နဲ့ ပေါ်တင် လိ
မ်တယ်။ Frontier = နယ်ခြား။

(ခ) ကိုယ်ပိုင်အုပ်ချုပ်ရေး ရခဲ့တယ်လို့ လိမ်တယ်။ တကယ်က မရဘူး။ ပြည်ထဲရေးနဲ့ ဘဏ္ဏာရေးပဲ ကိုယ်ပိုင် စီမံခွင့် ပေးတာ။ ဒူဝါ၊ ရမ်အုပ် ဆိုတာ ရွာသူကြီး၊ စော်ဘွားဆိုတာ မြို့သူကြီး အဆင့်ပဲရှိတယ်။ သူတို့အထက်မှာ အင်္ဂလိပ် ကော်မရှင်နာ၊ ဝန်ထောက်တွေရှိတယ်။ အင်္ဂလိပ် တပ်ရင်း ၂ ရင်း တပ်စွဲထားတယ်။ ဒါကြောင့် ၁၉၃၅ မှာ စော်ဘွားတွေ လန်ဒန်သွားပြီး ဟုမ္မရူး ခေါ်  ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းတာ ဖြစ်တယ်။


(ဂ) ချင်း/ ကချင်တောင်တန်းလုပ်ထုံး၊ ရှမ်းပြည်နယ်များ လက်စွဲ ဆိုတာ ဧည့်စာရင်း တိုင်၊ အခွန်ကောက်စတဲ့ " အုပ်ကြီး" အလုပ် ညွန်ကြားချက်သာ ဖြစ်တယ်။ အချုပ်အခြာအာဏာ ကို အပ်နှင်းပါတယ် ဆိုတဲ့ ပုဒ်မ တခုမှ ပါဘူး။ ရွာသူကြီး အုပ်ချုပ်ရေး ကို ရိုးရာအတိုင်း အုပ်ချုပ်ခွင့်လို့ အမွှန်းတင်နေတယ်။ ပြည်မမှာလည်း နှစ်လုံးပြူးကိုင် ရွာသူကြီးတွေရှိတာပဲ။ ဘာမှ မဆန်း။ သူကြီး အထက်မှာ အင်္ဂလိပ် အရေးပိုင်တွေရှိတယ်။

(ဃ) သူတို့က "ချင်း ကချင် ရှမ်းဟာ ဥပဒေသီးခြားရှိလို့ မြန်မာနိုင်ငံထဲ မပါဘူး" လို့ လိမ်တယ်။ တကယ်က ၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေမှာ သူတို့ဟာ အထူးဒေသ များအဖြစ် ပါဝင်နေတယ်။ အခြေခံဥပဒေ တခု၊ နိုင်ငံနယ်နိမိတ် တခုအောက်မှာ အတူတူ ရှိတာကို ဖုံးကွယ်ထားကြတယ်။

(င) သူတို့ ဟာ ချင်း ကချင် ရှမ်းဟာ  သီးခြားနိုင်ငံတွေလို့ လိမ်တယ်။ ဒူဝါ၊ ရမ်အုပ်၊ စော်ဘွားတွေ ဟာ နယ်မြေ တကွဲစီ ဖြစ်ပြီး သူတို့မှာ အစိုးရ၊ လွှတ်တော်၊ တရားရုံးမရှိဘူး။ အုပ်ချုပ်ရေး အဆင့် နိမ့်လို့ အင်္ဂလိပ်က ကိုယ်ပိုင်အုပ်ချုပ်ရေး၊ လွတ်လပ်ရေး ပေးရန် မသင့်သေးလို့ သတ်မှတ်ထားတယ်။ နိုင်ငံ အဆင့် ဝေးစွ။ ပင်လုံစာချုပ်မှာ သူတို့ဟာ လက်မှတ်ထိုးဖို့ ကိုယ်ပိုင်အစိုးရ မရှိလို့ ကော်မတီဖွဲ့ ပြီး လက်မှတ်ထိုးရတယ်။ 


(စ) သူတို့ဟာ အတ္တလန္တိတ်စာချုပ်အရ လွတ်လပ်ရေး ရနိုင်တယ်လို့ လိမ်တယ်။ တကယ်က အတ္တလန္တိတ်စာချုပ်အရ မြန်မာပြည်မတောင် လွတ်လပ်ရေး မရလို့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲမှာ ( အိန္ဒိယနဲ့ မြန်မာ မပါဘူး ) လို့ ထည့်ပြောတယ်။ အတ္တလန္တိတ်စာချုပ်ဟာ ဟစ်တလာ နယ်ချဲ့တဲ့ ကိုလိုနီတွေသာ အကျုံးဝင်တယ်။ အာဖရိက၊ အာရှ မပါဘူး။ ယနေ့အထိ အင်္ဂလိပ်၊ အမေရိကန် ပြင်သစ် ကိုလိုနီ Non-Self-Governing Territories တွေ ရှိနေသေးတာ သက်သေပဲ။ လန်ဒန်က ဥပဒေဘွဲ့ရ စောဘဦးကြီး လန်ဒန် အထိ တက်ပြီး ကရင်ပြည် တောင်းဆိုတာ မရတာ သက်သေပဲ။
  

 


ဇစ်မြစ်အရင်းခံက-
သူတို့ဟာ နိုင်ငံရေးနဲ့ လူမျိုးရေး၊ ဘာသာရေး ကင်းစင်ရမယ်ဆိုသော လက်ဝဲဝါဒ - ကွန်မြူနစ် ဝါဒ၊ လစ်ဘရယ်ဝါဒလည်း လက်မခံဘူး။ NLD ကို ဗမာ ပါတီတံဆိပ်ကပ်ပြီး ပြည်နယ်တွေက နှင်ထုတ်ချင်တာ ဒီစိတ်အခံကလာတာ ဖြစ်တယ်။ right ကြောင်တွေကလည်း လူမျိုးရေး သူငယ်နာ မစင်ဘူး။ ဒါကြောင့်လူမျိုးတမျိုးကို စွပ်စွဲပုတ်ခတ် ပြီး လူဦးရေများလို့ ဥပဒေနဲ့ ချိုးနှိမ်ထားရမယ်လို့ ယုံကြည်နေတာ ဖြစ်တယ်။

အထက်လွှတ်တော်မှာ လူမျိုးတမျိုးချင်းစီက ကိုယ်စားပြုသူ အချိုး တူချင်ရင် လူမျိုးစုလွှတ်တော်ကို အစစ်အမှန် ဖွဲ့စည်းရမယ်။ လူမျိုး ၁၄၄ မျိုးစလုံး ပြည်နယ်စွဲ မလုပ်ပဲ၊ ပြည်ထောင်စုတခုလုံးက လူမျိုး တမျိုးစီက ၁ ယောက်စီ၊ လူမျိုးစုလွှတ်တော်ကို ရွေးကောက်စေလွှတ်ရမှာ ဖြစ်တယ်

အခု ဖြစ်နေတာက လူမျိုးစုံ ပြည်နယ် တခုကို လူမျိုးတမျိုးက နာမည်ခံ မောင်ပိုင်စီးထားတယ်။ ဒါကို "တပြည်နယ်စနစ်" ခေါ်တယ်။ ဥပမာ - ရှမ်းပြည်နယ်ဟာ စင်စစ် ရှမ်း၊ ဝ၊ ကိုးကန့်၊ တအောင်း ၊ ပအိုဝ့်၊ လားဟူ၊ အခါ၊ ဓနု၊ အင်းသားတို့ရဲ့ မြို့ပြပြည်နယ် ၃၃ ပြည်နယ်ကို ၊ တပြည်နယ်ထဲ လုပ်ပစ်ပြီး ရှမ်း အထွတ်တင်ထားတာ ဖြစ်တယ်။ အဲဒီလို လူမျိုးတမျိုးရဲ့ လုံးစီးပြည်နယ်တွေ ၈ ပြည်နယ်ဖွဲ့၊ တပြည်နယ် ၅ ယောက်စီ လူမျိုးစု လွှတ်တော်ကို စေလွှတ်တဲ့ တန်းတူရေး အမည်ခံဟာ နားလှည့်ပါးရိုက်ထားတဲ့ အစီအမံ ဖြစ်တယ်။


Comments

Popular posts from this blog

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)