မအလ ယတြာတွေက ဖက်ဒရယ် အတွက်လား (သက်သာပန်းတောင်း ယတြာ)

 မအလ ယတြာတွေက ဖက်ဒရယ် အတွက်လား (သက်သာပန်းတောင်း  ယတြာ)

တရသတွေက မအလဟာ PR ရွေးကောက်ပွဲလုပ်ပြီး ဖက်ဒရယ် ဖြစ်မယ်လို့ ထင်နေတုံးပဲလား။ ၁၉၉၄-၂၀ဝ၈ တုန်းကလည်း အဲဒီလို ထင်တလုံးနဲ့  အမျိုးသားညီလာခံ တက်ပြီး ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲတာမှာ အိမ်ဖြည့် ပါဝင်ပေးခဲ့လို့ ဒီနေ့ အထိ စစ်အာဏာရှင်စနစ်က သက်ဆိုးရှည်နေတာ။


မအလ အကြောင်း မသိရင် ဟောဒီစာကို စိတ်ရှည်ရှည်နဲ့ ဖတ်ကြပါ။


အခြား တရသတွေက မြန်မာ့ရိုးရာ ယတြာကို သိသူ မရှိဘူး။ ယတြာ လုပ်တိုင်း စွမ်းတာ မဟုတ်။လုပ်နည်း မှန်ဖို့ ဆိုတာ ဆရာကောင်းမှ ရမယ်။ ခုခေတ်မှာ ဆရာကောင်း ရှားပါတယ်။ 

ဒါပေမယ့် မအလ ဘာအတွက် ယတြာလုပ်နေသလဲ ဆိုတာတော့ သိနိုင်တယ်။


 ▪️အာဏာမသိမ်းခင်က မအလကို ဘုရားအလောင်းလို့ တပ်တွင်း ဝါဒဖြန့်တာ မှတ်မိကြဦးမှာပေါ့။  


▪️အာဏာသိမ်းပြီးနောက် DSA ထွက် ဗိုလ်ပြုတ် ဗေဒင်ဆရာ ဇေယျာကို က မင်းလောင်း ပေါ်မယ်ဆိုပြီး ဖြတ်ညှပ်ကပ် တဘောင်အတု တခု ဖြန့်ဝေခဲ့တယ်။ 


ကိုလိုနီခေတ် မှာ ဆရာ ဦးပေါ်ဦးရဲ့ "ဗုဒ္ဓရာဇာ စကြာသိုက် နဲ့ သံချို ဦးကျော်လှ အဖြေစာအုပ်ထဲကတဘောင် တခုက စာသား တချို့ယောအတွင်းဝန်ဦးဘိုးလှိုင် တဘောင်ထဲက စာသားတချို့ + သူ့ကိုယ်ပိုင်စာသား တွေနဲ့ ရောသမမွှေပြီး  ကာရံမညီ သဒ္ဒါ မညီ စာပေဒေါသ သင့်နေတဲ့ တဘောင်"အတုတခုဖြန့်ခဲ့တယ်။ 


ဇေယျာကိုက ၂၀၅၀ မှာ ဗုဒ္ဓရာဇာ ပေါ်မယ် ဆိုပဲ။ 🤪🤪🤪 အဲဒီအထိ စောင့်ကြဆိုတာပဲ။  အဲဒီတဘောင်ဟာ အင်ကြီး ဆိုတာ ပေါ်သွားတော့ ငြိမ်သွားတယ်။ 


▪️ဗုဒ္ဓရာဇာဆိုတာ ဘုရားအလောင်း ဝင်စားတဲ့ မင်းပဲ။  ကိုလိုနီခေတ် ဆရာ ဦးပေါ်ဦး ( အမတ်ကြီး ဦးပေါ်ဦး မဟုတ် ရဲ့ ဗုဒ္ဓရာဇာ စကြာသိုက်စာအုပ်ဟာ ကုန်းဘောင်ခေတ်က ပေါ်ခဲ့တယ်လို့ ရေးထားတယ်။ သာယာဝတီမင်း လက်ထက်မှာ  ညောင်ရမ်းမင်းသားလေးကို ရေချကွပ်မျက်ခဲ့တဲ့ ၁၈၁၂ဖွါး ( ညောင်ရမ်းမြို့ကို စားရတဲ့ မင်းသား  ) ​မောင်ဖေခင်ကို    ဘိုးဘိုးအောင်က ကယ်သွားလို့ ဝိဇ္ဇာဖြစ်သွားတယ်။ ဝိဇ္ဇာတွေဟာ အရိမေတ္တယျဘုရား ပွင့်တော်မူတဲ့အထိ အသက်ရှည်မယ် တရားထူးရမယ်လို့ ဆိုတယ်။


အဲဒီ ညောင်းရမ်းမင်းသား ( နောင် စကြာမင်းသား )ဟာ ဂန္ဓရီ အတတ်နဲ့ တန်ခိုးရှိတယ်။ အင်္ဂလိပ်ကို တိုက်ထုတ်ပြီး စကြာမင်း ဖြစ်မယ်လို့ ယုံကြည်ကြတယ်။ တဘောင်မှာပါတဲ့ " ဗုဒ္ဓရာဇာ ဆိုတာ မူလကတော့ ညောင်ရမ်းမင်းသားကို ရည်ညွန်းတာပါ။



 ကိုလိုနီခေတ် ဆရာ ဦးပေါ်ဦး က " ဗုဒ္ဓရာဇာ ဟာအလောင်းတော်ရာမမင်း ဝင်စားတာလို့ ဆိုတယ်။  "အနော်ရထာ၊  အလောင်းဘုရား ၊ မင်းတုန်းမင်းဟာ ဗုဒ္ဓရာဇာတွေလို့  စာရေးဆရာ ဦးပေါ်ဦးက ဆိုတယ်။ နောင်ထပ် ဗုဒ္ဓရာဇာ.. စကြာမင်း လာဦးမယ်လို့ ဆိုတယ်။ 


▪️သော - သတ် - အဋ္ဌ - နဝ - သင်္ချာ

စွန်း ကောဇာ တွင်  မိစ္ဆာ လွှမ်းမိုး

စက်ရောင်ညှိုး  မုဆိုးပွဲကြီး သိမ်းလိမ့်မည် 

ပွဲကြီးသိမ်းလျှင်  ဘုန်းမီး နေလ 

ထီးနန်းရ  ဗုဒ္ဓ ရာဇာ

ဘွဲ့ မည်သာ နှင့်

စကြာမင်းလောင်း ပေါ်လိမ့်မည် "


မုဆိုးဘို ကို အခြေပြုတဲ့ အလောင်းဘုရား ရဲ့  မင်းဆက်ကို "မုဆိုးဆက်လို့ ခေါ်တယ်။ မုဆိုး တဆယ့်ငါး မှာ ၁၁ ဆက်မြောက် သီပေါမင်း ပါတော်မူတော့  ဆက်ကျန်တယ်။ အဲဒီ အလောင်းဘုရား သွေးပါတဲ့ မင်း  ပါးမှာ ပထမတပါးက မြန်မာတွေကို ကောဇာသက္ကရာဇ် ၆၊ ၇၊ ၈၊ ၉ နဲ့ အဆုံးသတ်တဲ့ နှစ်တွေ မှာ ကျွန်ဘဝက ကယ်တင်မယ်လို့ ဆိုတယ်။  


▪️  ဒဿသက္ကရာဇ်  ဆန်းသည့်နှစ်၌

ရှင်ချစ်ရာမ  ဗုဒ္ဓရာဇာ 

မင်းလောင်းလျာသည်၊ 

သက်သာပန်းတောင်း 

မန်းစက်ချောင်း

မြို့ဟောင်းထီးနန်း တည်လိမ့်မည်။ "



ကောဇာသက္ကရာဇ် ၁၀ နဲ့ ဆုံးတဲ့ နှစ်မှာ   အလောင်းတော်ရာမမင်း ဝင်စားတဲ့ ဗုဒ္ဓရာဇာဟာ သက်သာပန်းတောင်း  မန်းစက်တော်ရာ ရှိရာ မန်းချောင်း အရပ် မြို့ဟောင်း ရှိခဲ့တဲ့နေရာမှာ ထီးနန်းစိုက်မယ်။


အဲဒီ တဘောင်နဲ့ မအလနဲ့ ဘာဆို ဘာမှ မဆိုင်ဘူး။ ဒါပေမယ့် မအလက  ဘုရင်ရူးလေ။ သူ့ရှေ့က  နေဝင်း၊ သန်းရွှေ တို့ ဘုရင်ရူးတာ တိုးတိုးတိတ်တိတ် ရူးတယ်။ မအလကတော့ ဘုရင်ရူးတာ ပေါ်တင်ပဲ။ 


မအလ ...


▪️မန်းစက်တော်ရာ ကို မကြာခဏ သွားပြီး ယတြာချေတာ။


▪️သက်သာပန်းတောင်းရွာ က  စေတီတခုကို ဉာဏ်တော်မြှင့်တာ


▪️စကြာပန်းတောင်း လို့ စေတီနာမည်ပြောင်းတာ။ ( စကြာစကြာမင်း။  အသံထွက်ဆင်တူတာက ... ဆက်ကြာ .. ကြာကြာဆက် အုပ်ချုပ် ပါရစေ ဆိုတဲ့ သဘော။ ) 


▪️အဆိုပါ ထီးတင်ပွဲမှာ ကြာဇံ ဟင်းခါး ဖြတ်ပိုင်း ရောင်း/ဝေတယ်။ ( ကြာဇံ - အသံထွက် ကြာစံ .. ကြာကြာ စံမြန်း ပါရစေ ဆိုတဲ့ သဘော။ ) 


▪️ပြည်ထောင်စုနေ့ ဗိုလ်ဝင်ခံပွဲမှာ နေကြာ ပန်းပုံတွေနဲ့  ဓာတ်ဆင်နေတာ။ ( ကြာကြာနေပါရစေ ဆိုတဲ့ သဘော။)


▪️ သက်သာပန်းတောင်းရွာဟာ ရုံလေးရုံ ကုက္ကုဋာရုံ(အုတ်ဖိုဘုရား) ဃောသိဏာရုံ(ရွာခိုင်ဘုရား) ပါဝါရုံ (ရွှေပန်းမြိုင်ဘုရား)ဂန္ဓာရုံ(ကျောင်းတော်ရာဘုရား ကြီးလေးကြီး-  ရွာသာကြီးကျေးရွာ၊ လှည်းကြီးကျေးရွာ၊ ကံသာကြီးကျေးရွာ၊ မုန်တောကြီးကျေးရွာ အတွင်း မှာ ရှိတယ်။  


  ဗုဒ္ဓ ဘေးကင်းတဲ့ ဘဝ တွေကို အဘယဇာတ ဂဏန်းပြုပြီး  အင်းချထားတဲ့ အင်း ကို အစီရင်လုပ်တယ်။ 


ဘုရား တွေက ရုံ လို့  ကြီးမြတ် ပြီး ရန်အပေါင်းကို ကင်းစင် စေဖို့ ရည်ရွယ်တယ်။ 


👉 ဒါကြောင့်  သူ့ကိုယ်သူ ဗုဒ္ဓရာဇာ လို့ ရူးသွပ် နေပြီး ..  နေဝင်း၊ သန်းရွှေ သူ့စီနီယာတွေလိုပဲ  အနည်းဆုံးနှစ် ၂၀  ကြာကြာ ပဒေသရာဇ် စစ်အာဏာရှင်ကြီး " အဖြစ် ဆက် အုပ်ချုပ်နေချင်တာ ထင်ရှားတယ်။


ဒီယတြာတွေ ဗုဒ္ဓဝါဒမဟုတ်၊ သိပ္ပံနည်းမကျ   ဗေဒင်ကိန်းခန်း မှန်မမှန် ဆိုတာထက်  မအလ ဘာကြံစည်နေသလဲ ဆိုတာ သိဖို့ ပြောတာ။ 


👉  PR ရွေးကောက်ပွဲ၊ 

      ထာဝရ ငြိမ်းချမ်းရေး၊ 

      ကိုယ်ပိုင်ပြဒါန်းခွင့်၊

       တပ်မတော်က အမျိုးသားနိုင်ငံရေးကို ဦးဆောင်မယ့်

        ဖက်ဒရယ် ဆိုတာ တွေဟာ .... 


မအလ ဗုဒ္ဓရာဇာ ယတြာတွေ လုပ်နေတာနဲ့ အပြောနဲ့ အလုပ် ကိုက်ညီသလား ... 


ကိုယ့်ဘာသာ စဉ်းစားကြည့်ပါ။  အများကြီး ရေးပြစရာ မလိုဘူး ထင်တယ်။ လက်ညောင်းပြီ။

















Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)