ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီဟု KNU ပြော

 ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီဟု KNU ပြော

ရက္ခိုင်တပ်မတော် (AA)  လိုလားသည့် ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ဧရာဝတီသို့ပြောသည်။

ကွန်ဖက်ဒရေးရှင်း စနစ်နှင့် ပတ်သက်၍ KNU အနေဖြင့် ၁၉၄၀ ပြည့်နှစ်က စဉ်းစားခဲ့ဖူးသော်လည်း၁၉၅၆ ခုနှစ်တွင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်ကိုသာ ရည်မှန်း တော့သည်ဟု ဆိုသည်။


KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က “သူတို့ (AA) ပြောတဲ့အပေါ်မှာ ကျနော်အတိအကျတော့ မသိဘူး၊ သူတို့ ရည်ရွယ်ချက် က ဘာလဲ၊ အဲဒီကွန်ဖက်ဒရေးရှင်း ကျနော်တို့ နိုင်ငံအနေအထားနဲ့တော့ အဲဒီပုံစံသွားဖို့တော့ အခက်အခဲရှိမယ်၊ ကျနော်တို့ ပြောနေတာက တကယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုမှာ အာမခံချက် အပြည့်အဝရှိစေမယ့် အချက်တွေ ရှိမယ်လေ၊ ဒီမိုကရေစီ အခွင့်အရေးရှိရမယ်တို့ နောက် ကိုယ် ပြဋ္ဌာန်းခွင့် ရှိရမယ်၊ ဒီကွန်ဖက်ဒရေးရှင်းဆိုတဲ့ ပုံစံက တမျိုးတော့ ဖြစ်သွားတာပေါ့။ ဟိုလွန်ခဲ့တဲ့ ရှေးပဝေသသီ နဲ့ တော့ ပြန်သွားဖို့ ကျနော်တို့နိုင်ငံရဲ့ အနေအထားကတော့ အဲလိုတော့ မကိုက်ညီဘူးထင်တယ်ဟု ပြောသည်။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး သွားနေပြီး ကွန်ဖက်ဒရေးရှင်း ပုံစံကို မစဉ်းစားခဲ့ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်း က ပြောသည်။


KNU သည် ၁၉၄၉  ခုနှစ်မှ စတင်ကာ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက်လက်နက်စွဲကိုင် တော်လှန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးအရလည်း သြဇာရှိသည့် အဖွဲ့တဖွဲ့ဖြစ်သည်။


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စတင် ညှိနှိုင်းစဉ်က AA ကိုယ်စားလှယ် များ ပါဝင်ခဲ့ပြီး NCA ထဲတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ညီလာခံကထွက်ပေါ်လာသည့် ရလဒ် နှင့်အညီ တည်ဆောက်သွားရန်ဟု သဘောတူညီထားကြောင်း၊ ယခုမှ ကွန်ဖက်ဒရေးရှင်းကို မည်ကဲ့သို့ ပြောင်း သွားသနည်းကို နားမလည်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း ဆိုကြသည်။


နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က “ကွန်ဖက်ဒရေးရှင်းဆိုတာက ဗမာပြည်မှာတင် မဟုတ်ပါဘူး၊ ကမ္ဘာမှာလည်း ဘယ်မှာမှ သိပ်မသုံးတော့ဘူး၊ ဟာကွက်ပဲရှိတယ်၊ အဲထဲမှာ EU လိုဟာမျိုးပေါ့ဗျာ၊ အချုပ် အခြာ အာဏာပိုင် နိုင်ငံတွေ အချင်းချင်း လုံခြုံရေးအရ၊ စီးပွားရေးအရ စုစည်းကြတာအဲဒါ EU လိုမျိုးပေါ့ဗျာ၊ ဗမာပြည်မှာ အဲလိုလုပ်လိုက်လို့ရှိရင် လူမျိုးပေါင်း ၁၃၅ မျိုးရှိတယ်၊ ၁၃၅ ဖွဲ့ဘယ်တိုင်းရင်းသားတွေက အချုပ်အခြာ အာဏာပိုင်တဲ့ နယ်မြေထူထောင်နိုင်တာရှိလို့လဲ မဖြစ်နိုင်ဘူးဗျ” ဟု ပြောသည်။


” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ရထားသည့် အခွင့်အာ ဏာကို စံထားကြောင်း၊ သို့သော် ပိုမိုအခွင့်အာဏာရှိသည့် ကွန်ဖက်ဒရေးရှင်းကို လိုချင်ကြောင်း AA စစ်ဦးစီး ချုပ်ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။


ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “ကျနော်တို့ကတော့ များများ ရလေ ကြိုက်လေပဲ။ ဖက်ဒရယ်ယူတာထက်ဝလိုမျိုးဆို ပိုကောင်းတာပေါ့။ ကျနော်တို့တော့ ကိုယ့်ပြည်နယ်ရဲ့ အချုပ်အခြာအာဏာကို ကိုယ့်လက်ထဲမှာ ထားရတာ ပိုကြိုက်တယ်။ အခြေခံဥပဒေနဲ့ အညီ “” လိုမျိုး အာဏာခွဲဝေမှုမြင့်မားတဲ့အခြေအနေကို ပိုသဘော ကျတယ်။ ကျနော်တို့ ရခိုင်ပြည်၊ ရခိုင်သမိုင်း၊ ရခိုင်လူမျိုး မျှော်လင့်ချက်နဲ့လည်း ပိုပြီး ဆီလျော်တယ် ထင်တယ်ဟု ပြောသည်။


လက်ရှိတွင် “” သည် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်းမြို့နယ် ခြောက်မြို့တို့ကို ခရိုင်  ခု ခွဲ၍ “” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ (တွင် ပြဋ္ဌာန်းထားသည်။


” သည် UWSA အမည်ဖြင့် လက်နက်တပ်ဆင်ထားသည့် လက်နက်ကိုင်အဖွဲ့ကို ထူထောင်ထားပြီးဒေသတွင်း လုံခြုံရေးကို ဆောင်ရွက်နေသကဲ့သို့ ပြည်ထဲရေးဌာန၊ ..က ဌာန၊ အကောက်ခွန်ဌာန၊တရား ရေးဌာန စသည့် ဌာနများကို ဖွဲ့စည်းကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိထားသည်။


" “” နှင့် ၎င်းကြား နှိုင်းယှဉ်၍ မရကြောင်း၊ “သည် ကွန်ဖက်ဒရေးရှင်းလိုချင်သည်ဟု ပြောခြင်းမရှိသေးကြောင်း၊ “”  ထူးခြားသည့် သမိုင်းအနေအထားနှင့် ရခိုင်ပြည်မတူကြောင်း၊ ကွန်ဖက် ဒရေးရှင်း ကို ပြောခြင်းသည် လက်တွေ့တွင် ရခိုင်ပြည်နယ်က ပြဿနာများကို ပိုမို ရှုပ်ထွေးစရာ ဖြစ်စေကြောင်း ဦးသန်းစိုးနိုင် က ပြောသည်။


ထို့အပြင် AA အနေဖြင့် ယင်းသို့ ပြောဆိုခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လတ်တလောတပ်မတော်က အပစ်မရပ်ရသေးသော အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အပစ်ရပ်ထားမှုအပေါ်တွင်လည်း ကမောက်ကမ ဖြစ်စေနိုင်ဟုလည်း ဆိုသည်။


ဦးသန်းစိုးနိုင် က “မလွှဲမရှောင်သာ ဒီသဘောတိုင်းအသာ သွားလို့ရှိရင် ရခိုင်ပြည်နယ်က ဆီးရီးယားသော်လည်းကောင်း၊ အရင်တုန်းက ဆာလာဂျေဘိုသော်လည်းကောင်း၊ ကျနော်တို့ အဲလို ကံကြမ္မာမျိုးနဲ့ကြုံရလိမ့်မယ်လို့ မြင်တယ် ဟု ထောက်ပြသည်။


ထို့ပြင် ကွန်ဖက်ဒရေးရှင်းကို စတင်ခဲ့သော နိုင်ငံသည် အမေရိကန်နိုင်ဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသည်။


ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ (MIPS) မှ ဖက်ဒရယ်ရေးရာ ပညာရှင်ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်က“ ကွန်ဖက်ဒရေးရှင်းကို ပြန်သွားမယ်ဆို လို့ရှိရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀-၂၅၀ လောက်က အမေရိကန်စနစ်ကို ပြန်သွားရတော့မယ်၊ ပြန်သွားပြီးတော့ ကျနော်တို့ပိုက်ဆံတခုတော့ သုံးမယ်၊ မြန်မာကျပ် သုံးမယ်၊ နိုင်ငံခြားက ဝင်တိုက်ရင် ခင်ဗျားတို့လည်း ဝင်တိုက်ပေး၊ ကျန်တဲ့ ပြည်နယ်ဝင်တိုက်ပေး၊ ပြီးရင် ကိုယ့်ပြည်နယ်မှာ ကိုယ်ကြိုက်တာ အကုန်လုပ်လို့ရမယ်ဆိုတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀ သီအိုရိကို ကျနော်တို့ အခု ပြန်ပေးမယ်ဆို လို့ရှိရင် ကျနော့် အမြင်မှာတော့ သိပ် မလွယ်လှတော့ဘူးလို့ ထင်တယ်ဟု ပြောသည်။


ကွန်ဖက်ဒရေးရှင်းအဖြစ် ပြောလာခြင်းက NCA လမ်း ကြောင်းကနေ သွေးဖီသွားပြီပြီး AA က NCA ကို လက်မခံကြောင်း NCA ပြင်ပကနေ အစိုးရနှင့် ညှိချင်သည့် သဘော ဖြစ်နေကြောင်း ဒေါက်တာဆလိုင်း ငွန်ကျုံးလျန် က ထောက်ပြသည်။


၎င်းက “သတိထားဖို့က “က ကွန်ဖက်ဒရေးရှင်းလည်း မပြောဘူး၊ ဖက်ဒရယ် လည်း မပြောဘူး။ သူ့ရဲ့ FPNCC အဖွဲ့ကနေ သူတို့တင်ထားတဲ့ အချက်တွေထဲမှာ ဖက်ဒရယ်ကို အခြေခံတဲ့ အချက်တွေ ပါသလို ဖက်ဒရယ်လို အခြေခံတဲ့ အချက်ကို နည်းနည်း ခွာနေတဲ့ အချက်တွေလည်း ပါနေတယ်၊ အဲတော့” က ဖက်ဒရယ်ကို လက်မခံဘူး မပြောဘူး၊ ကွန်ဖက်ဒရေးရှင်းကိုလည်း မပြောဘူး၊ အဲဒီ ကြားမှာကစားနေတယ်ဟု ပြောသည်။


https://burma.irrawaddy.com/news/2019/01/18/180635.html

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)