အကြမ်းဖက်မှုတွေအတွက် NUG မှာ တာဝန်ရှိသလား

 NUG ဟာ De Jure အစိုးရပဲ။ တရားဝင်မှုအရ ဖြစ်လာတဲ့ အစိုးရ။ အဲဒီအစိုးရမျိုးက ကြေညာချက်ပဲ ထုတ်တယ်။ လိုက်နာတာ မလိုက်နာတာ ကို အရေးယူဖို့ သူ့မှာ တာဝန်မရှိဘူး။ တာဝန်ခံခိုင်းလို့လဲ မရဘူး။ 

ဘာကြောင့်လဲ ဆိုတော့ သူဟာ De Facto အစိုးရလို ဥပဒေစိုးမိုးရေး ယန္တရားကို ထိန်းချုပ်ထားခြင်း မရှိလို့ပဲ။ ဥပဒေစိုးမိုးရေး ယန္တရားဆိုတာ ရဲ၊ တရားရုံး၊ အကျဉ်းထောင် ဖြစ်တယ်။

ဒါကြောင့် NUG က အကြမ်းဖက်စစ်င်စီကောင်စီကို ခုခံ တော်လှန်ဖို့ ကြေညာတယ်။ သတိပြုရမှာက NUG ဟာ ကလေးသူငယ်နဲ့ အရပ်သားတွေ အပေါ် အကြမ်းမဖက်ဖို့ စတဲ့ စစ်ရေးကျင့်ဝတ်တွေ ကို ကြေညာတယ်။ နည်းလမ်းမျိုးစုံနဲ့ အသိပညာပေးတယ်။ ဒါ သူ့တာဝန်အကုန်ပဲ။ 


NUG က အကြမ်းဖက်ကြပါလို့ ကြေညာထားတာ တခုမှ မရှိဘူး ။  ဒီတော့ အကြမ်းဖက်မှုတွေ ဘယ်ဘက်ကပဲ လုပ်လုပ်၊ ဥပဒေအရ အရေးယူရမှာက De Facto ကို ကိုင်ထားတဲ့ စကစ တာဝန်ပဲ။

တခုတော့ နားလည်ဖိုလိုတယ်။ စစ်သည်အချင်းချင်း စစ်တိုက်တာ အကြမ်းဖက် တယ်လို့ ပြောရင် အမေရိကန်ကအစ တရုပ်အဆုံး အကုန်လုံး အကြမ်းဖက်တွေပဲ ဖြစ်ကုန်လိမ့်မယ်။ ဘူးလုံးနားမထွေး ဖြစ်နေရင် အဲဒါကို အရင်သိအောင် လုပ်ဖို့ လိုတယ်။

နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အစ၊ အလယ်၊ အဆုံးဟာ မအလ စကစပေါ်မှာ မူတည်တယ်။ NUG ကို တရားရုံး၊ ရဲ၊ အကျဉ်းထောင် ဆိုတဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်အပ်ပြီး စစ်တပ်က ဝင်မစွပ်ဖက်ပဲ စစ်တန်းလျား အပြီးပြန်သွားရင်   ချက်ချင်း အေးချမ်းသွားလိမ့်မယ်။



ပထွေးလက်ထဲ ထားခဲ့ရတဲ့ သားသမီးတွေကို အဝေးက အဖေအရင်းက ပထွေးရဲ့ မတရားမှု ညှင်းပန်းနှိပ်စက်နေတာကို တရားနည်းလမ်းကျကျ ခုခံ တွန်းလှန်ပါလို့ပဲ သွန်သင်ပေးလို့ ရမယ်။ သားငယ်တယောက်က စိတ်မထိန်း နိုင်လို့ ပထွေးနဲ့ ပါလာတဲ့ သားသမီးကို လည်ပင်း ထညှစ်တာတော့ အဖေအရင်းလည်း ဘာမှ မတတ်နိုင်ဘူး

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)