မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

 လော်ဘီတွေက အပိုတွေ ပြောပြီး ဇာတ်နာပြနေတယ်

▪️ တရသတွေက သီးခြား လွတ်လပ်ရေး ယူခွင့်ရှိခဲ့သလိုလို၊

▪️ တရသတွေဟာ နဂိုထဲက လွတ်လပ်နေသလိုလို၊

▪️ မြန်မာတွေက   လူမျိုးကြီးဝါဒကြောင့်   မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ  ..တိုင်းဒေသကြီးတွေ ဖန်တီးထားသလိုလို ... မဟုတ်မမှန် လီဆည် ဝါဒ ဖြန့်နေတယ်။

👉 တရသတွေဟာ သီးခြား လွတ်လပ်ရေး ယူခွင့် မရှိဘူး။ အတ္တလန္တိတ်စာချုပ် ဆိုတာ အင်္ဂလိပ်က အမေရိကန်ကို ဒုတိယကမ္ဘာစစ်ထဲ ကူတိုက်ပေးဖို့  မြူဆွယ်တာ သက်သက်ပဲ။ ဗြိတိသျှ ကိုလိုနီနယ်တွေကို လွတ်လပ်ရေး ( Independence) ပေးပါမယ်လို့ တလုံးတပါဒမှ မပါ။ ကိုယ်ပိုင်ပြဒါန်းခွင့် က မိုင်ကုန်ပဲ ။ ဒါကလည်း ဥရောပ တိုက်ထဲပဲ ကတိပေးပေးတာ။ အာဖရိကနဲ့ အာရှ မပါဘူး။ တရားဝင်လက်မှတ်ထိုးတာလည်း မရှိဘူး။ ဒီနေ့အထိ ဗြတိသျှ ကိုလိုနီတွေရှိနေတယ်။ ကုလသမဂ္ဂ ကိုလိုနီဖျက်သိမ်းရေး ဌာ အမည်ခံ ဌာနမှာ အဲဒီ ကိုလိုနီ စာရင်း (တရားဝင်) ရှိတယ်။ ယနေ့အထိ မဖျက်သိမ်းရသေးဘူး။ မြန်မာပြည် ထဲ ဘယ်ဒေသမှ ကိုလိုနီ စာရင်းထဲ မပါဘူး။

မြန်မာပြည်လွတ်လပ်ရေးဟာ တိုက်ယူခဲ့တာ မဟုတ်ဘူး။ အင်္ဂလိပ်က သနားလို့  ပေးလို့ ရတာ။ မပေးတဲ့ ဒေသမရဘူး။ အာသံ၊ မဏိပူရ၊ အက်ဒမန်ကျွန်းတွေ   ရေပိုင်နက်တွေ အင်္ဂလိပ်ကအိန္ဒိယကို ပေးခဲ့တာ။  အိန္ဒိယ လွတ်လပ်ရေးပေးတော့လည်း  မြေပုံပေါ် ခဲတံ တချောင်းနဲ့ မျဉ်းဆွဲပြီးပါကစ္စတန်ကို ခွဲထုတ်ပေးခဲ့တာ။   နောင်မှ ဘင်္ဂလားဒေ့ရှ်ဟာ အင်္ဂလိပ်သတ်မှတ်ပေးတဲ့ အရှေ့ပါကစ္စတန်က ခွဲထွက်တာ။ 

ဆိုလိုတာာက ပေးသမျှပဲ ရတာ။   မြန်မာပြည်ထဲ မပါရင်၊ အိန္ဒိယ / အရှေ့ပါကစ္စတန်ထဲ ပါမှာပဲ။ သီးခြားလွတ်လပ်ရေး မပေးဘူး။    ကံကောင်းသွားတာက ၁၉၃၅ မှာ အိန္ဒိယက မြန်မာပြည် ခွဲထွက်ကိုလိုနီ ဖြစ်တော့ မြနမာပြည်ထဲ ထည့်ပေးခံရတာပဲ   ။ ဂျပန်ပြေး၊ အင်္ဂလိပ် ပြန်ဝင်တော့  ... မျိုးချစ်ဗမာ့တပ်မတော်တောင် ဖျက်သိမ်းခံရပြီး ဗြိတိသျှ မြန်မာပြည် တပ်မတော်ထဲ ၅၅၀၀ ပဲ လက်ခံတာ။   ဗခအောင်ဆန်း အရပ်ဘက်ပြောင်းပြီး အရေးဆိုရတာ။   



အင်္ဂလိပ်က ကိုလိုနီနယ်တွေကို လွတ်လပ်ရေးပေးတာ ကွန်မြူနစ် အန္တရာယ်ကြောင့်။ လွတ်လပ်ရေး မပေးရင် အာရှတွင်တခုလုံး ဆီုဗီယက် နဲ့  တရုတ် ကွန်မြူနစ်အောက်ရောက်တော့မယ်။ လွတ်လပ်ရေးပေးပြီး စစ်အေးတိုက်ပွဲ ဆင်နွှဲကြတာ။ ဒါကြောင့် ဗခ အောင်ဆန်းဟာ ကွန်မြူနစ်ဘဝကို စွန့်လွှတ်ပြီး  အင်္ဂလိပ် အလိုကျမယ့် ပါလီမန်ဒီမိုကရေစီ ကို လက်ခံခဲ့ရတယ်။ ၁၉၄၇ အခြေခံဥပဒေရေးတော့  ဗကပကို ကန်ထုတ်တယ်။ ဖက်ဆစ်တော်လှန်ရေးထဲပါတဲ့ အဖွဲ့တွေ မဟုတ်တော့ဘူး။   အင်္ဂလိပ်ဘက်ပင်းတဲ့ အရာရှိကြီးတွေ၊ ဥပဒေပညာရှင်တွေက  ရေးကြတာ။  ရေးတော့လည်း ၁၉၃၅ မြန်မာပြည်အက်ဥပဒေ Government of Burma Act 1935 ကို ရည်ညွန်းပြီးရေးရတယ်။ အဲဒီ အက်ဥပဒေဟာ  အိနိ္ဒယက မြန်မာပြည်ကို ခွဲထွက်ပြီး သီးခြား ကိုလိုနီနယ် တခု သတ်မှတ်တာပဲ။ အဲဒီ နယ်အတိုင်းလွတ်လပ်ရေးပေးတာ။ တရသ ဒေသတွေဟာ အလိုလို ပါပြီးသားပဲ။ ၁၉၀၉ အိန္ဒိယမြေပုံကိုကိုကြည့်။ 





👉 တရသတွေဟာ နဂိုထဲက လွတ်လပ်နေတာ မဟုတ်ဘူး။ မြေပုံမှာ မြင်တယ်မလား။  ပန်းရောင်ဒေသတွေဟာ Territories permanently administered by the Government of India လို့ရေးထားတယ်။ အိန္ဒိယက အမြဲတမ်း အုပ်ချုပ်နေသော ဒေသများတဲ့။ ကရင်နီ ဒေသ (အဝါရောင်) ကလွဲရင် ကျန်တာ ကိုလိုနီဒေသတွေပဲ စော်ဘွားတွေ၊ ဒူးဝါးတွေဟာ နာမည်ခံသက်သက်ပဲ။ အင်္ဂလိပ်ကအုပ်ချုပ်နေတာ။  အင်္ဂလိပ်ကော်မရှင်နာ မင်းကြီး သဘောမတူရင် ဘာမှ လုပ်ခွင့်မရှိဘူး။ 

👉 တိုင်း Division တွေ ဆိုတာလည်း မြန်မာက လူမျိုးကြီးဝါဒကြောင့် သတ်မှတ်တာ မဟုတ်ဘူး။အင်္ဂလိပ်က သတ်မှတ်ပေးခဲ့တာ။ ဒါကြောင့် မြန်မာပြည်နယ် ( Myanmar State) ဆိုတာ မရှိဘူး။မြေပုံမှာ ကြည့်ဦး

၁။ ရခိုင် တိုင်း  
၂။ ပဲခူးတိုင်း
၃။ ဧရာဝတီတိုင်း
၄။ တနင်္သရီတိုင်း ( ကရင်၊ မွန် ပြည်နယ် မဟုတ်။)
၅။ မင်းဘူးတိုင်း
၆။ မန္တလေးတိုင်း
၇။ စစ်ကိုင်းတိုင်း
၈။ မြစ်ကြီးနားတိုင်း ( ကချင်ပြည်နယ် မဟုတ်)   
ရှမ်းတခုပဲ ပြည်နယ်အဆင့် ရှိတယ်။  
လွတ်လပ်ရေးရပြီးတော့  ပြည်နယ်တွေကို လူမျိုးအမည် ရှောက်ပေးပစ်တာ ၊ အဲဒီမှာ မရပ်ပဲ ဒီနေ့ပြသနာက ပိုကြီးလာတယ်။ 

Title: The Indian Empire
Imprint: Imperial gazetteer of India. New edition, published under the authority of His Majesty's Secretary of State for India in Council. Oxford: Clarendon Press, 1907-1909.
All volumes, inside front cover.
Scale: 1:10,000,000. 1 in. to 157 miles.
Notes: 
▪️ British India, colored red. 
▪️ Territories permanently administered by the Government of India, colored pink. 
▪️ Native States and Territories colored yellow or green.

😀😀 အင်္ဂလိပ်ပေးလို့ တနိုင်ငံလုံး လွတ်လပ်ရေးရတာကို၊ "ငါတို့ ဗမာနဲ့ မပေါင်းပဲ တိုက်ယူရင် ရမယ်၊ ငါတို့ တောင်းယူရင် ရမယ်" လို့ ထင်နေကြတာ.. လိမ်လည် မှိုင်းတိုက်နေကြတာပဲ။  အင်္ဂလန်က ဥပဒေဘွဲ့ရတဲ့ စောဘဦးကြီးတို့ ကရင်တွေ   ၊ အင်္ဂလိပ် အပေါ် သစ္စာရှိတဲ့ ကရင်တွေက တောင်းဆိုခဲ့တာပဲ ၊ သီးခြားလွတ်လပ်ရေး မပေးဘူး။  ရခိုင် မွန် တွေဟာ ပထမအင်္ဂလိပ်မြန်မာစစ်ထဲက ကိုလိုနီ အရင်ဆုံး ဖြစ်ခဲ့လို့  ဘိလပ်ပြန် ရခ ဝတ်လုံဘွဲရ့တွေ များတယ်။  ဘာကြောင့် အရေးမဆိုခဲ့သလဲ ။ တောင်းလို့ မရဘူး ဆိုတာ သိလို့ပဲ။ ရှမ်းစော်ဘွားတွေ ဆိုရင် သားသမီးတွေ အကုန်လုံး ဘိလပ်ပြန်တွေချည်းပဲ။ ဘယ်မှာ မသိမတတ်ပဲ ရှိမလဲ။ ပါးနပ်လိုက်တာမှ မွတ်လို့။ တရသလော်ဘီတွေက ကိုယ့်ဘိုးဘေးတွေကို မသိ မတတ် သလိုလိုပြောနေကြတယ်။ ပြောသူတွေ ကြည့်လိုက်ရင် ခင်ညွန့်ပညာရေးထွက်တွေချည်းပဲ

အင်္ဂလိပ်အဖို့ ပင်လုံစာချုပ်ထက် ပိုကြီးတဲ့ ကိစ္စရှိတယ်။ မြန်မာပြည်ကို အစိတ်စိတ်အမွှာမွှာ ခွဲပြီးလွတ်လပ်ရေး ပေးရင် ကွန်မြူနစ် ဝါးမြိုသွားမယ် ။ ဒါကြောင့် အရင်းရှင်ပါလီမန်စနစ်ကို အထိုင်ချပြီး  ထွက်သွားတာ။  တရသ အရေး ဒီမိုကရေစီရေး လွတ်လပ်ရေး တွေးတာ မဟုတ်ဘူး။ ကွန်မြူနစ်ကြောက်လို့  လုပ်ချသွားတာ။ ဘယ်လောက်ကြောက်သလဲ ဆိုရင်  စစ်အာဏာရှင် နေဝင်း ကိုတောင်ထောက်ပံ့ပေးခဲ့ကြတယ်။ မြန်မာပြည် ပြိုကွဲမှာ မြန်မာက ၁၀ ဖိုးကြောက်ရင် ၊ အင်္ဂလိပ်က ၁၀၀ ဖိုး ပိုကြောက်တယ်။ 



အိန္ဒိယမှ ခွဲထွက်ခဲ့သည့် ၁၉၃၇ ခုနှစ်၊ ဧပြီ ၁ ရက်နေ့အတွက် အမှတ်တရအဖြစ် ဗမာ့စာတိုက်လုပ်ငန်းက ထုတ်ဝေသည့် တံဆိပ်ခေါင်းကို တွေ့ရစဉ်။






Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)