ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)
==================================
ဒီနေရာမှာ ဝါဒ ဆိုတာ ဘာလဲ သိဖို့ လိုတယ်။ ဝါဒဆိုတာ စနစ်တကျ တီထွင် ရေးသား ဖြန့်ဝေထားတဲ့ အယူအဆ ၊ အတွေးအခေါ်ကို ဆိုလိုတာ ဖြစ်တယ်။ဗုဒ္ဓဝါဒ၊ မာ့စ်က်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ နာဇီဝါဒ ဆိုတာ စံတော်ဝင် အတွေးအခေါ် ခေါင်းဆောင်တယောက် သို့ တစုက ရေးသား ဖြန့်ဝေ ကျင့်သုံးတာ ဖြစ်တယ်။
တိုင်းရင်းသားတွေ အကြားမှ ဟိုတစ ဒီတစ ဖွလန်ကြဲနေတဲ့ အသိအမှားတွေကို ဗမာလူမျိုးကြီး ဝါဒဆိုတဲ့ အမှိုက်ပုံထဲ လာပြီး ပစ်ထည့်နေတာ ဖြစ်တယ်။ သူတို့ကတော့ ကိုယ်ချင်းစာတတ်အောင် ဇာတ်နာပြတယ် လို့ ပြောတာပဲ။
တိုင်းရင်သားအဖွဲ့က မိမိပြည်နယ် အချုပ်အခြာအာဏာ ရရေးအတွက် မိမိလူမျိုးကို စည်းရုံးဖို့ အမျိုးဘာသာ ဘာသနာ ဆိုတဲ့ far right nationalism လက်ယာစွန်း အမျိုးသားရေး ဝါဒကို သုံးနေတာပါ။ ရန်သူတော်အဖြစ် ဗမာလူမျိုးကြီးဝါဒ ဆိုတဲ့ စွပ်စွဲချက်ကို ပုံဖော်ရတယ်။ အခြေခံ အိုင်ဒီရော်လော်ဂျီက Nationalism ပဲ .. ဗမာလူမျိုးကြီးဝါဒက ရန်သူနံပါတ် ၁၊ စစ်အာဏာရှင်စနစ်က ရန်သူနံပါတ် ၂ လို့ ဝါဒဖြန့်ရတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကို ထိပ်စီးတင်ရင် မိမိငယ်သားတွေ မြန်မာခေါင်းဆောင်နောက် ပါသွားမယ်။ ဒါကြောင့် နံပါတ် ၁ နဲ့ ပြန်ဆွဲထားရတယ်။ မြန်မာနဲ့ နီးစပ်တဲ့ ရခိုင်မှာ ဆိုရင် ပိုသိသာတယ်။ ချစ်စရာကောင်းတဲ့ ဒေါ်စု - မြန်မာခေါင်းဆောင်မှုနောက် ရခိုင်တွေ ပါသွားမှာ စိုးလို့ ကြံဖွတ်၊ စစ်တပ်နဲ့ လိုင်းတူ ယူပြီး မြန်မာ ဩဇာကို ဖြိုချရတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် က ပြဿနာ မဟုတ်၊ မိမိနယ်မြေမှာ မိမိအုပ်ချုပ်ရင် ယှဉ်တွဲ နေနိုင်တယ်။ ပြဿနာရဲ့ အရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ် မဟုတ်ဘူး။ မြန်မာနဲ့ ကင်းအောင်နေရေးပဲ လို့ သတ်မှတ်တယ်။ အဲဒါကြောင့် ၂၀၀၈ ခြေဥလို စစ်ကျွန်ဥပဒေ ရေးတဲ့ အမျိုးသားညီလာခံကိုတောင် ရေးဆွဲခဲ့ကြတယ်။
ဝါဒ ။ ။ ဗုဒ္ဓဝါဒ၊ ကွန်မြူနစ်ဝါဒ ၊ နာဇီဝါဒ လို အတွေးအခေါ် လမ်းစဉ် ရည်ရွယ်ချက် တိတိကျကျ မရှိရင် ဝါဒ မဟုတ်ဘူး။ အဲဒီခေါင်းစဉ်က စပြီး မှားနေပြီ။
ဗမာ။ ။ ဗမာ ဆိုတာ မြန်မာဝေါဟာရ အမှန်မဟုတ်ဘူး။ အိန္ဒိယက ဗြဟ္မပုတ္တရမြစ်အပေါ် အမှီပြုပြီး ဒေသကြီး တခုလုံးကို ခေါ်တဲ့ နာမည်ကို မွေးစားထားတာ။ အိန္ဒုမြစ်ကို အမှီပြု အိန္ဒိယလို့ ခေါ်ကြသေးတယ်။ တရုတ် mုလား လို့ ငါတို့က သူတို့ကို ခေါ် ကြသလိုပဲ။ လူမျိုးနာမည် မဟုတ်၊ မြန်မာစကားနဲ့ သူတို့ ဒေသ နာမည်စွဲခေါ်တာ ဖြစ်တယ်။ ဗမာ ခေါင်းစဉ်တပ်ထဲက မှားနေပြီ
မြန်မာ။ ။ ရှေးလူသားတွေက အသိဉာဏ် မမြင့်သေးဘူး။ နာမည်ကို ကြီိးကျယ်တဲ့ အဓိပ္ပါယ်တွေနဲ့ သတ်မှတ်တာ မဟုတ်ဘူး။ မြစ်ချောင်း တောတောင် သစ်ပင်စတဲ့ နီးစပ်ရာကို မှီပြီး သတ်မှတ်တယ်။ မြန်ဆန် မာကျောလို့ မြန်မာ၊ ရက္ခိတ တရားရှိလို့ ရခိုင် ဆိုတာ နောက်လူတွေက အသိဉာဏ်မြင့်လာလို့ အမျိုးမျိုး အဓိပ္ပါယ်လိုချင်တာ ဖွင့်ယူကြတာ။ ရှေးက အဝေးပတ်ဝန်ကျင်နဲ့ ကူးလူးဆက်ဆံမှု မရှိလို့ အစုအဖွဲ့ထဲကပဲ အိမ်ထောင်ပြုတယ်။ နောက်တော့ သွေးရောလာကြတာပဲ။ ခုခေတ်မှာ မျိုးစစ်စစ် ဆိုတာ အာဖရိကတောနက်ထဲမှာပဲ ရှိလိမ့်မယ်။ မြန်မာ တောင် ပျူနဲရော ခဲ့တာပဲ။ ရခိုင်လည်းရောတာပဲ။ လာမငြင်းနဲ့။ ထွန်းမြတ်နိုင်နဲ့ ညီုထွန်းအောင်ကို ယှဉ်ကြည့်။ ဒါမှ မသီသေးရင် ဦးဦးလှစော နဲ့ ဒေါက်တာအေးမောင်ကို ကြည့်။
သာသနာ။ ။ ဥရောပတိုက်က ခရစ်ယန်သာသနာ ကချင်၊ ကရင်၊ ချင်း ကယားကို မစ်ရှင်တွေနဲ့ သာသနာပြုလို့ လူမျိုးလိုက် သာသနာတခု အောက်ရောက်တော့ အင်္ဂလီပ်လူမျိုးကြီးဝါဒလို့ မပြောဘူး။ ဗုဒ္ဓ သာသနာပြုရင် ဗမာလူမျိုးကြီးဝါဒ လိုစွပ်စွဲတယ်။
စာပေ။ ။ ကိုလိုနီခေတ်မှာ စိန့်ပေါ၊ စိန့်မေရီ သာသနာပြု ကျောင်းတွေမှာ အင်္ဂလိပ်စာကလွဲရင် အခြားစာပေ စကား မပြောရဘူး။ သင်ပေးဖို့ ဝေးစွ။ အင်္ဂလိပ်အစိုးရက ဘယ်တရသ စာပေမှ မချီးမြှောက်ဘူး။ အဲဒီ အင်္ဂလိပ်ကျောင်းတွေကီု တကူးတက ကလကတ္တား ၊ လန်ဒန်အထိ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း တွေ တက်ခဲ့ကြတယ်။ အဲဒီတုံးက တရသ စာပေ ကို စိတ်ဝင်စားဖို့ နေနေသာသာ အိမ်မှာတောင် ဘိုလို ပြောကြတာ။ ဘယ်တရသမှ အင်္ဂလီပ်လူမျိုးကြီးဝါဒလို့ မပြောဘူး။ အင်္ဂလိပ်စာ ရုံးသုံးစာပေ ဖြစ်တုန်းက၊ အခု (ဝမှာ ) တရုပ်စာ ရုံးသုံးစာပေ ဖြစ်နေတုံး။ ဘယ်တရသမှ အင်္ဂလီပ်လူမျိုးကြီးဝါဒလို့ မပြောဘူး။ တရုပ်လူမျိုးကြီးဝါဒလို့ မပြောဘူး။
မြို့ကြီးတွေ။ ။ ရန်ကုန် မန္တလေး စတဲ့ မြို့ကြီးတွေဟာဟာ မြန်မာဘုရင် လက်ထက်မှာ တဲအိမ်တွေနဲ့ပါ။ အင်္ဂလိပ်လက်ထက်မှာ မြို့ကွက်ရီိုက်တယ်။ ကတ္တရာလမ်းဖောက်တယ်။ မြေအောက် ရေဆိုးလမ်း၊ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ မြူနီစပယ် ၊ ရထားလမ်း အကုန်လုံး အင်္ဂလိပ်က လုပ်သွားတာပါ။ ပင်လယ်ကူး သင်္ဘောဆိပ်။ လွတ်လပ်ရေးရတော့ အခြေခံ အဆောက်အုံ ရှိပြီးသား မြို့တွေက ဆက်လက်တိုးတက်တာပဲ။ လူဦးရေများလာတာပဲ။ ဘက်ဂျက်ပီု သုံးရတာပဲ။ ကိုလိုနီခေတ်တလျောက်လုံး မြန်မာကို လုပ်ပေးလို့ အင်္ဂလိပ်ကို မဆဲပဲ မြန်မာကို အပြစ်တင်နေတာ သူတို့က သခင်ကြီးတွေမို့လို့လား။
လမ်းပန်းဆက်သွယ်ရေး။ ။ အင်္ဂလိပ်ခေတ်မှာ ပထမဆုံးရထားလမ်းကို ရခိုင်ပြည်မှာ မဖောက်ပဲ ရန်ကုန်-ပြည် လမ်းဖောက်တယ်။ တံံတားဆောာက်တော့လည်း အင်းဝ၊ စစ်တောင်း တံတား ကို အရင်ဆောက်တယ်။ လေဆိပ်ကျတော့လည်း ပြည်မမှာ တည်တယ်။ ပင်လယ်ကူးသင်္ဘေကူးဆိပ်လည်း ပြည်မမှာပဲ။ ဂုတ်ထိပ်တံတားကလွဲလို့ ဘယ်ပြည်နယ်မှာ ဘာလုပ်ဖူးလီု့လဲ။ အဲဒီတော့ နောက်တက်လာတဲ့ မြန်မာအစိုးရအဆက်ဆက်ဟာ အင်္ဂလိပ် ခြေရာပေါ် နင်းရတာပါ။ မြန်မာလူမျိုးကြီး ဝါဒ လို့စွပ်စွဲရင် အဲဒီ သခင်ကြီးတွေကို စွပ်စွဲသင့်တယ်မလား။
တို့ဗမာ သခင်ပါတီ။ ။ အင်္ဂလိပ်ကို သခင်ကြီးလို့ ခေါ်ရတယ်။ ဘရာ့ ထူးရတယ်။ မြန်မာတွေက ဒါကို တန်ပြန်ဖို့ သခင်ဘွဲ့ခံကြတယ်။ သခင်ပါတီမှာ ရခိုုင်၊ မွန်၊ရှမ်း၊ ချင်း ၊ mုလား၊ တရုပ် အကုန်ပါတယ်။ အကုန် သခင်တွေပဲ။ လူမျိုးပေါင်းစုံ သခင်ပါတီဆိုတာ မယုံရင် ၊ သခင်စာရင်းကို တို့ဗမာအစည်းအရုံးသမိုင်း ပ+ဒုတွဲမှာ ဖတ်။ အဲဒါကို ခုခေတ်ကျမှ အခြားတရသတွေက မြန်မာဟာ သခင်လုပ်ချင်တယ်လို့ ပုတ်ခတ်တယ်။ တချိန်က အင်္ဂလိပ်ကို သခင်ကြီး ခေါ်သူတွေက သခင်ဘွဲ့ခံတာ မကြိုက်ဘူး။ အဲဒီလူတွေ ပြန်ဝင်စားတာများလား
ဒါဆိုရင် ဂျီနိုဆိုက် အမှုကို ဖြစ်ပွါးတဲ့ ပြည်နယ်က လူမျိုးတွေက တာဝန်ခံရလိမ့်မယ် လို့ အဓိပ္ပါယ် ထွက်သွားလိမ့်မယ်။
Part 2 ???
ReplyDelete