တိုင်းရင်းဝါးတွေ မျက်နှားဖုံးကျွတ်တဲ့ ပွဲ
တိုင်းရင်းဝါးတွေ မျက်နှားဖုံးကျွတ်တဲ့ ပွဲ
နွေဦးမှာ ဘယ်သူတွေက တိုင်းရင်းသား ပါတီ၊ တပ်၊ လူမျိုး။ ဘယ်သူတွေက တိုင်းရင်းဝါး အဖွဲ့တွေ ဆိုတာ မျက်နှာဖုံးကွာပြီ။
NLD ရဲ့ ဖက်ဒရယ် ရေး ဒီမိုကရေစီရေး ကြိုးပမ်းသမျှ တိုင်းရင်းဝါးတွေ မွှေလို့ သဲထဲ ရေသွန် ဖြစ်ခဲ့ရတယ် ... " မိစ္ဆာတပ်ရဲ့ ညောင်နှစ်ပင် ညီလာခံ မတက်ပါနဲ့ စစ်ကျွန်ဥပဒေ ရေးတဲ့ထဲ မပါ ဝင်ကြပါနဲ့ လို့
NLD က တောင်းပန်တယ်။ ( တိုင်းရင်းဝါး အဖွဲ့တွေ ပျော်ပျော်ကြီး တက်ကြတယ်) ...
" ၂၀၀၈ ခြေဥ တော့ ရေးပြီးပြီ၊ အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ပါနဲ့ " လို့ NLD က တောင်းပန်တယ်။ ( တိုင်းရင်းဝါး အဖွဲ့တွေ ျော်ပျော်ကြီး ဝင်ရွေးကြတယ်) ... NLD က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်ထားတော့ ၂၀၀၈ ခြေဥကို နိုင်ငံတကာက အသိအမှတ် မပြုဘူး။ အဲဒီမှာ ...
အီးဂရက် နဲ့ ဒေါက်တာ အေးမောင် ပေါင်းပြီး NLD ကို ၂၀၀၈ ကျုံးထဲ သွင်းကြတာပဲ
ဘယ်လို ကြပ်သလဲ ဆိုတော့
👉 " တပ်မတော်က နိုင်ငံရေးက ဆုတ်ခွါနေပြီ။ NLD ဟာ ရင်ကြားစေ့ရေး မလုပ်ဘူး။ ထိပ်တိုက်တွေ့ရေး၊အလုံးစုံ ပျက်သုဉ်းရေးလမ်းကြောင်းကို သွားနေတယ်။ စစ်ဗိုလ်ချုပ်တွေဟာ သဘောထား ပျော့ပြောင်းသလောက် ဒေါ်စုဟာ ခေါင်းမာနေတယ်။"
👉 " ဗိုလ်ချုပ်ကြီးတွေဟာ နိုင်ငံတကာ ဝင်ဆံ့လိုတယ်။ ၂၀၀၈ ခြေဥ ဟာ ကြားကာလ ခြေဥ ဖြစ်တယ်။ ပြင်လို့ရတယ် .. ဒါပေမယ့် လုံခြံရေး သတိကြီးတော့ သူတို့နဲ့ ဆက်ဆံရင် Plan B မထားရဘူး လက်ဆုပ်ဖြေ ပြရမယ်။ အတွင်းအပြင် ရိုးသားရမယ်။ ဗိုလ်ချုပ်တွေ ရှေ့ တမျိုး ကွယ်ရာ တမျိုး မလုပ်ရဘူး"
👉 " NLD ဟာ ထိပ်တိုက်ရင်ဆိုင်ရေး သွားမလား၊ စစ်တပ်က ပေးထားချက်ကို ဆုပ်ကိုင်ပြီး လက်တွေ့ကျတဲ့ လမ်းကြောင်း လျှောက်မလား။ ဒေါ်စုဟာ ခေါင်းမာနေတယ်။ နိုင်ငံတကာ ပိတ်စို့မှုတွေကြောင့် တိုင်းပြည်မွဲနေတာ။ ဗိုလ်ချုပ်ကြီးတွေဟာ လူဝတ်လဲပြီး အရပ်သားဖြစ်နေပြီ။"
👉 " မင်းအောင်လှိုင်က နိုင်ငံရေး ဝင်မပါဘူး။ တပ်ပိုင်းကိုတော့ ဝင်မရှုပ်ကြနဲ့။ တမတ်သား ဟာ နိုင်ငံရေး ဝင်မပါဘူး။ စစ်ရေးဆိုင်ရာ အတွက်ပဲ လွှတ်တော်ထဲ ထည့်ထားတာ။ EAO တွေ ရှိနေလို့ တမတ်သား ပါနေတာ။ EAO တွေ လက်နက်ချရင် စစ်တပ်က နိုင်ငံရေးက ထွက်မယ်"
👉 " ၂၀၀၈ ခြေဥဟာ စစ်တပ်ကို အာဏာပေးထားတာ သန်းရွှေရဲ့ မဟာပညာဉာဏ်ပေါ့။ စစ်တပ်က အာဏာမသိမ်းအောင် ရေးထားတာ။ ဒါကြောင့် အာဏာမသိမ်းတော့ဘူး"
အဲဒီလို ဝိုင်းကြပ်ပြီး NLDကို ၁၉၉၀ ရွေးကောက်ပွဲ ကိုယ်စားပြုမှု စွန့်ခိုင်းတယ် .. ၂၀၀၈ ခြေဥအောက် လွှတ်တော်ထဲ ၄၄ နေရာကို မစို့မပို့ ပေးပြီး အသိအမှတ်ပြုခိုင်းတယ်။ သိန်းစိန်က reformer ပြုပြင်ရေးသမားကြီး။ စစ်တပ်က ဒီမိုကရေစီ လိုလားသူကြီး ဟန်ဆောင်ကြတယ်။ " စစ်တပ်ကို မယုံရဘူး။ NLD ကို လွှတ်တော်မဝင်ဖို့" ပြောသူတွေကို ကမ်ဘာပြား ကျော်ဝင်း ( ဗကပပြုတ်) တို့က ရယ်ဒီကယ်တွေ၊ အစွန်းရောက်တွေ၊ ခေတ်မရှိတဲ့ လက်ဝဲသမားတွေ ဆိုပြီး NLD ထဲက အမာဂိုဏ်းကို ချောင်ထဲ ပို့ထားဖို့ ဘေးတီးပေးတယ်။
အိုးဘားမားနဲ့ ကလင်တန်က ဒိုင်ဗင်ခုန်ချလာတယ် ... တရုပ်လက်က အပျော့ဆွဲ ဆွဲထုတ်မယ်ပေါ့ ... ဆန်ရှင်တွေ ပိတ်စို့ထားတာ အကုန်ဖွင့်ပေးတယ် .. သိန်းစိန် ရွှေမန်းတို့ ကမ္ဘာပတ်ပြီး အကြွေးတွေ ချေးကြတယ် ...
ဆင်ဖြူတော်မှီ ကြံစုပ်နေပြီ။
အဲ.. စောစောက တိုင်းရင်းဝါး တသိုက်ကို NCA ဂျင်း ကြွေးတယ်။ " NCA ဟာ အပစ်ရပ်စာချုပ် သက်သက် မဟုတ်ဘူး။ နိုင်ငံရေးဆွေးနွေးပြီး ရလာဒ်ကို လွှတ်တော်ကို တင်ပြမယ် .. လွှတ်တော်က အတည်ပြုရင် ပြည်ထောင်စုဆမ္ဒခံယူပွဲ လုပ်မယ် .. ခြေဥ ပြင်ပေမယ် ။ လက်မှတ်ထိုးကြပါ " လို့ သိန်းစိန်က ပြောတယ်
တိုင်းရင်းသား EAO တသိုက်ဟာ အချို့က အစက NCA ထိုးမယ် ဆိုပြီး တက်တက်ကြွကြွ ၊ နောက်ပိုင်း စစ်တပ်ဂျင်းကို သိလို့ မထိုးဘူးဖြစ်ကြတယ်။ မအလက လက်နက်ချမှ ထိုးရမယ့် အဖွဲ့၊ လက်နက်မချလည်း ထိုးရမယ့်အဖွဲ့ ဆိုပြီး ခွဲခြားလာတယ်။ " အဖွဲ့ မစုံလင်ပဲ မထိုးသင့်ဘူး ... အားလုံ သဘောတူမှ ထိုးပါ " လို့
NLD က တောင်းပန်တယ်။ ( EAO အချို့က ပျော်ပျော်ကြီး ဝင်ထိုးတယ်)
တိုင်းရင်းဝါး တွေ ခင်းတဲ့ ၂၀၀၈ ခြေဥ လမ်းကို NLD လျှောက်ပြီး " ခြေဥပြင်မယ် ၄၃၆ ပြင်မယ်ဆိုရော" အနှီ အေးမောင်တို့က ကဖျက်ယဖျက် လုပ်ကြတယ် .. မအလ မိစ္ဆာတပ်နဲ့ လက်ဝါးရိုက်ပြီး .. ဘာသာရေး လူမျိုးရေး အစွန်းရောက်တရားတွေ ကို .. အံတကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ်နဲ့ ဟောပြောပြီး .. NLD ကို ဗမာပါတီ လို့ မြင်အောင် ဂျင်းထည့်တယ်။ တိုင်းရင်းသားပါတီတွေ ကိုနေရာပေးရမယ် လို့ ဆိုတယ်
မိစ္ဆာတပ် ၂၅% ၊ ဘောမ တရသပါတီ ၂၅% နဲ့ ကြံဖွတ် ၂၅% နေရာယူပြီး NLD ကို အားပျော့အောင် လုပ်ဖို့ ကြံတယ်။ (အခုလည်း PR စနစ် ဆိုပြီး ကြံကြတာပဲ။) မိစ္ဆာ+ တိုင်းရင်းဝါးတွေ ရေးတဲ့ ၂၀၀၈ ခြေဥကျုံးထဲ NLD ဝင်တော့ ဝိုင်းတွယ်ကြတာ မြင်တယ်မလား ... တိုင်းရင်းသားတွေလည်း ၂၀၀၈ ခြေဥ မမြင်ကြတော့ဘူး .. NLD ဟာ သူတိူ့ကို နေရာ မပေးဘူး ဆိုပြီး မိစ္ဆာဒိဌိ အမြင်မှား ဝင်ကြ၊ မုန်းကြတယ်။ မအလ မိစ္ဆာတပ်နဲ့ပေါင်းပီး နောက်ဆုံး နိုင်ငံ ICJ ရောက်တဲ့ အထိ NLD ကို အမဲဖျက်ကြတယ်။
အေးမောင် အစထောင်တဲ့ two child policy ကို သတင်းထောက်တွေက ဒေါ်စုကို မေးတော့၊ လူ့အခွင့်ရေး အရ ဒေါ်စုက ကန့်ကွက်မိရာက စပြီး ရခိုင်တွေက မုန်းကြတယ်။ အခြားတိုင်းရင်းသားတွေကလည်း ရခိုင်ဘက် ပင်းကြတယ်။ တကယ်တော့ ကလေး ၂ ယောက်ပဲ ယူခွင့်ဟာ ဂျီနိုဆိုက်မြောက်တယ်။ အေးမောင်ဟာ ဂျီနိုဆိုက်သမား ဖြစ်ပြီး ... မအလကို ဖက်တွယ်နေရပြီ
.........
၂၀၂၁ ရောက်တော့ မိစ္ဆာတပ် ပြောသမျှ လုပ်သမျှဟာ အလိမ်အညာတွေပဲ ဆိုတာ ပြည်သူတွေ သိသွားတယ် .. တိုင်းရင်းသားတွေ သိသွားတယ် .. NLD သိသွားတယ် .. ဒေါ်စု သိသွားတယ် .. တိုင်းရင်းဝါးတွေ သိသွားတယ်။ ဒါပေမယ့် စွချိုးပြောင်းသလား ??
ပြုပြင်ရေးသမား၊ ဖိုးပြုံးချိုလေးဟာ လူထောင်သောင်းချီ that ဖြတ် ၊ ဖမ်းဆီး မီးရှို့ပြပြီး ၂၀၀၈ ခြေဥကို သေနတ်နဲ့ ပစ်ဖောက်ပြလိုက်တာ မင်းသားခေါင်း ကျွတ်ကျသွားတယ်။ ညောင်နှစ်လိမ်ညီလာခံမှာ တူပျော်ပျော်တက်ခဲ့ကြ .. ဝင်းသူဇာမှာ ဈေးဝယ်ကြ .. အနှိပ်ခန်းတက် small ဆွဲရင်း ခြေဥ ပုဒ်မတွေကို စစ်တပ်က ရေးသမျှ ... ပုတ်သင်ညိုလုပ် ပြီး စစ်ကျွန်ဘဝ သွင်းခဲ့သမျှ ...
.... အားလုံးသော ပုဒ်မ ပုဒ်ထီး ပုဒ် နပုလ္လိင် မှန်သမျှဟာ ....
ပုဒ်မ ၆(စ) စစ်တပ်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်သည်...။ ဒါကြောင့် ထင်ရာဆိုင်း ခွင့်ရှိသည်။ ကာချုပ်လုပ်သမျှ ဥပဒေနဲ့ အညီဖြစ်သည် ဆိုတာပဲ အနှစ်ချုပ် ကျန် ရစ်တယ်။
အဲဒီလို ဘီလူးခေါင်း ပေါ်လာတောင် စကစ ဗဟိုကော်မတီထဲ စစ်ရာဇဝတ်ကောင် ဘဝ ခံယူကြတယ်။ တိုင်းရင်း ဝါး တသိုက်ဟာ ဘေမတွေနဲ့ ပေါင်းပြီး သူတို့ ရွတ်နေကြ မိစ္ဆာမန္တန်ကို ပြန်ရွတ်ဖတ်လာကြတယ်
" ရင်ကြာစေ့ရေး " ။
၂၀၀၈ ခြေဥကို ရေးတာလည်း သူတိူ့ပဲ
၂၀၀၈ ခြေဥထဲ ကျုံးသွင်း တာလဲ သူတို့ပဲ
၂၀၀၈ ခြေဥထဲမှာ အမဲဖျက်တာလဲ သူတိူ့ပဲ
၂၀၀၈ ခြေဥ ဖျက်ပြီးသားကို
ကျားသေ အသက်သွင်းတာလည်း သူတိူ့ပဲ။
သူတို့ဟာ တိုင်းရင်းဝါး ပါတီတွေ၊ EAO တွေပဲ
ဖက်ဒရယ်ရေး၊ လူမျိုးရေး ၊ လွတ်မြောက်ရေး အလံတံခွန်လွှင့်ပြီး နောက်လိုက်စုဆောင်း နေကြပေမယ့်
မအလ နဲ့ ပေါင်းပြီး
👉 ဒီမိုကရေစီကို ဆန့်ကျင်နေကြတယ်။ စစ်အာဏာရှင် အကြီး / အသေး ဝေစားမျှစားရေးကို
အဓွန့်ရှည်အောင် လုပ်နေကြတယ်
👉 ပြည်နယ် တခုလုံး ဖက်ဒရယ် ရရှိရေးထက် အထူးဒေသ ကွက်ကွက်လေးမှာ လုပ်စားဂွင် ဖက်ဒရယ် ရရှိရေး လုပ်နေကြတယ်
👉 ကိုယ်ပိုင် အုပ်ချုပ်ရေး ကို ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ရေးနဲ့ အလဲအထပ် လုပ်ကြတယ်
👉 ဗမာပြည်နယ် ဖွဲ့ပေး ဆိုတာ NLD ကို ကြပ်ပေးဖို့ ဖြစ်ပြီး မအလ နဲ့ တွေ့ရင် အာစေး မိနေတဲ့ ဂျင်း သက်သက်သာ ဖြစ်တယ်
👉 ကိုယ်ပိုင်ပြဒါန်းခွင့် ဆိုတာ ၂၀၀၈ ခြေဥ အောက်မှာ PR စနစ်နဲ့ လွှတ်တော်ထဲ အမတ်လုပ်ရင်း တဖြည်းဖြည်း ရမယ် ထင်နေကြတယ်။
👉 မအလနဲ့သာ တဖွဲ့ပြီး တဖွဲ့ တွေ့ကြတယ် .. "ဖက်ဒရယ် ဒီမိုကရေစီ အာမခံ ကတိပေးတဲ့ ကြေညာစာတမ်း ထုတ်ပြန်ဖို့ " မပြောရဲဘူး
👉 လူလိမ်စကား နားထောင်ပါ ဖက်ဒရယ်ရနိုးနိုးနိုး မအလ ရဲ့ ပါးစပ်ကတိတွေကို နတ်ပြည်ပို့ပေမယ့်အလား တိုင်းရင်းဝါးတွေ လော်ဘီလုပ်ကြတယ် ... PDF တွေကို လက်နက်ချခိုင်းတယ် .. ဒေါ်စုကို မအလနဲ့ ရင်ကြားစေ့ခိုင်းတယ် ... "ပေးထားချက်" စကား ပြန်ပြောလာတယ် .. စစ်တပ်ဟာ " နိုင်ငံရေးလုပ်ရမယ် နိုင်ငံရေးဆွေးနွေးခွင့်ရှိတယ်" ဆိုလာတယ်
.........
အဲဒီအချိန်မှာ CRPH၊ NUG ၊ NUCC က ဖက်ဒရယ် ဒီမိုကရေစီ ပြဒါန်းလိုက်တယ်။
သမိုင်းပြောပြမယ်။ အင်္ဂလိပ်က ၁၈၈၅ မှာ သိမ်းတော့ အာသံ မဏိပူရ ရှမ်း ချင်း ကချင် ကရင်နီ မြန်မာပြည်မ .. အားလုံးကို ဗြိတိသျှ အိန္ဒိယအင်ပါယာရဲ့ အစိတ်အပိုင်းတခု အဖြစ်သွတ်သွင်းတယ် .. တောင်တန်း ပြည်မ ကွဲပြားပေမယ့် ... အိန္ဒိယဘုရင်ခံချုပ်အောက်မှာ ကိုလိုနီ ဖြစ်တာ အတူတူပဲ .. တောင်တန်းမှာ ချင်း၊ ကချင်း၊ရှမ်း ဥပဒေတွေ သီးခြားပြဒါန်းပေးပေမယ့် အချုပ်အခြာအာဏာဟာ ဗြိတိသျှ အင်ပါယာ ဘုရင်မှ တဆင့် ဆက်ခံတဲ့ အိန္ဒိယဘုရင်ခံချုပ်အောက်မှာ ပဲရှိတယ်။
တောင်တန်းမှာ ၂ ပိုင်းရှိတယ်။ ရှမ်း နဲ့ ကရင်နီမှာ state တွေ ရှိတယ်။ state ကို နိုင်ငံ၊ ပြည်ထောင်၊ ပြည်နယ် အမျိုးမျိုး ဘာသာပြန်ကြတယ်။ state ကို state ပဲ ပြောတာ ကောင်းတယ်။ ရှမ်း ၃၃ state ၊ ကရင်နီ ၅ state ၊ ဝ ၁ state ရှိတယ်။ စော်ဘွားတွေ ဒူဝါးတွေ မြို့စားတွေ ငွေခွန်မှူးတွေက ပြည်ထဲရေး ကို အုပ်ချုပ်ခွင့်ရတယ်။ တောင်တန်းဒေသ မဟာမင်းကြီး နဲ့ အိန္ဒိယဘုရင်ခံချုပ်အောက်မှာ ပဲရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးဟာ ဟန်ပြပဲ။ ချင်း ကချင်မှာ state တွေ မရှိဘူး။
ပြည်မမှာ ဒီမိုကရေစီ ဟန်ပြပေးထားတယ်။ ရွေးကောက်ပွဲရှိတယ်။ ပါလီမန် လွှတ်တော်ရှိတယ်။ ဝန်ကြီးချုပ် ( နန်းရင်းဝန်ရှိတယ်) ၊ လွှတ်တော် အမတ်တွေရှိတယ်။ အချုပ်အခြာ အာဏာက အိန္ဒိယဘုရင်ခံချုပ်အောက်မှာ ပဲရှိတယ်။ သူက ဘာမဆို ပယ်ချခွင့် ပြဒါန်းခွင့်ရှိတယ်။ division တွေ ခွဲခြား အုပ်ချုပ်တယ်။ ရခိုင်ဟာ division တခုပဲ။ ကရင် မွန်ဟာ တနင်္သာရီ division မှာပါတယ်။
division ကို တိုင်း၊ တိုင်းဒေသကြီး၊ ခရိုင် လို့ ဘာသာပြန်ကြတယ် ခရိုင်လို့ ဘာသာပြန်တာ အလွဲဆုံးပဲ။ division ဒီဝီဇံ တိုင်း ၊ district ဒီစတြိတ် ခရိုင် ၊ prefecture စီရင်စု မြို့နယ် , Town မြို့ , City မြို့ကြီး, tract တောင်တန်း၊ state ပြည် ၊ proper ပြည်မ လို့ ဘာသာပြန်သင့်တယ်။ သမိုင်းစာအုပ်တွေမှာ တလွဲဘာသာပြန်တွေ တွေ့ေနရတယ်။
၁၉၃၀ မှာ ဗြိတိသျှ အိန္ဒိယအင်ပါယာ အောက်က ခွဲထွက်ရေး ဖြစ်လာတယ်။ အိန္ဒိယရဲ့ တိုးတက်လာတဲ့ နိုင်ငံရေးက မြန်မာပြည်ကို ခွဲထုတ်ထားချင်တာ။ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းနေကြပြီ .. ၁၉၃၅ မြန်မာပြည် အစိုးရ အက်ဥပဒေ ( ၁၉၄၅ ခြေဥ) ကို ပြဒန်းတယ် .. မြန်မာပြည်ကို ခွဲထုတ်တယ်
အဲဒီ 1935 Government of Burma Act ခြေဥအောက်မှာ ... တောင်တန်း ဒေသရော မြန်မာပြည်မရော အကုန်လုံးပါလာတယ်။ အာသံ မဏိပူရ အက်ဒမန်ကျွန်း မြန်မာ့ရေပိုင်နက်တချို့ မပါလာတော့ဘူး .. အဲဒီ ခြေဥ အရ .. အိန္ဒိယ နိုင်ငံက သပ်သပ်၊ မြန်မာ နိုင်ငံက သပ်သပ် ဖြစ်လာတယ်။
အဲဒီ ခြေဥ အောက်မှာ .. မြန်မာပြည်မ က division ဒီဝီဇံ တိုင်း တွေ၊ သံလွင် district ဒီစတြိတ် ခရိုင် ၊ ကချင် ချင်း tract တောင်တန်း၊ ရှမ်း ကရင်နီ state ပြည် တွေ ပါရှိတယ်။ Ministerial burma ဝန်ကြီးများ အုပ်ချုပ်သော မြန်မာပြည်နဲ့ ဇယား (၁) (၂) စော်ဘွား ဒူဝါ မြို့စား ရွာစား အုပ်ချုပ်သော မြန်မာပြည် ဆိုတာပဲ ကွာတယ်။ အားလုံးဟာ မြန်မာပြည်ပဲ။ မြန်မာပြည်ဘုရင်ခံ အောက်မှာ ကိုလိုနီ ဖြစ်နေတာလည်း အတူတူပဲ ။ ဟန်ပြ ဒီမိုကရေစီ၊ ဟန်ပြ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ။ ၂၀၀၈ ခြေဥနဲ့ မြင်သာအောင်ပြောရရင် ဝ၊ ကိုးကန့်၊ ပအိုးဝ်၊ ပလောင်၊ နာဂကို ဇယား (၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ ပေးထားသလိုပဲ။ သီးခြားလွတ်လပ်နေတာ မဟုတ်ဘူး။
အဲဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ရိပ်သန်းလာတော့ ဂျာမန် ၊ ဂျပန်ကို တိုက်ဖို့ စစ်သည်လိုလာတယ်။ ဂျာမန် ၊ဂျပန်က နယ်ချဲ့တယ်။ အင်္ဂလိပ်က အမေရိကန်ကို စစ်ကူတိုက်ပေးဖို့ ခေါ်တယ်။ အမေရိကန်က နယ်မချဲ့ ဘူး ဈေးကွက်ချဲ့ချင်တယ်။ ရုရှက ကွန်မြူနစ် ဝါဒ ပေါ်လာတယ်။ သူက ဝါဒ ချဲ့တယ်။ ဆိုတော့ နယ်ချဲ့၊ ဈေးကွက်ချဲ့၊ ဝါဒချဲ့ ( ချဲ့ ၃ ချဲ့ ) အားပြိုင်တယ်။ အမေရိကန် ဈေးကွက်ချဲ့ သမားက နယ်ချဲ့ အင်္ဂလိပ်တွေ လက်ဝါးကြီး အုပ်ထားတဲ့ ကိုလိုနီတွေကိုလွှတ်ချစေချင်တယ်။ ဒါဆိုရင် ဝါဒချဲ့ ရုရှ နဲ့ ပေါင်းမယ်။ နယ်ချဲ့ အင်္ဂလိပ်မဲ့ ပေါင်းမယ်။ အမေရိကန် က ဒီမိုကရေစီ ဝါဒ ကို ပြန့်စေချင်တယ်။ ဖက်ဆစ်နဲ့ ကွန်မြူနစ်ကို ဆန့်ကျင်ပေမယ့် ဖက်ဆစ်ကိုအရင်ချတယ်။ အင်္ဂလိပ်က အမေရိကန် ကို "ကိုလိုနီနယ်တွေ စွန့်လွတ်ပါမယ်၊ ပြည်သူတွေကို ကိုယ်ပိုင်ပြဒန်းခွင့်ပေးမယ် " ပြောတယ်။ တဖန် အင်္ဂလိပ်က အာဖရိကနဲ့ အာရှက ကိုလိုနီနယ်တွေ မပါဘူး လို့လည်း ဆိုပြန်တယ်။ မြန်မာပြည်မှာလည်း " မြန်မာတွေ ကရင်တွေ ကချင်တွေ စစ်ကူတိုက်ပါ၊ လွတ်လပ်ရေးပေးမယ် " ပြောတယ်။ ဂျပန်ကလည်း အားကျမခံ " မြန်မာပြည် လွတ်လပ်အောင် ဂျပန်က ကူညီမယ်၊အင်္ဂလိပ်ကို တိုက်ပါ" လို့ ဆိုတယ်။ ပါလီမန်မှာ မြန်မာအမတ်တွေက " ဒိုမီနီယံ အဆင့်ပဲ အုပ်ချုပ်ရေး တိုးမြှင့်ပေးပါ၊ ဂျပန်ရန်က ကာကွယ်ပါမယ်လို့ ကာကွယ်ပါမယ်လို." တောင်းဆိုတယ်။ အင်္ဂလိပ်က မကြေညာပေးဘူး။ မဟတ္တမ ဂန္ဒီက "အတ္တလန္တိတ် သဘောတူညီချက်မှာ အိန္ဒိယကို လွတ်လပ်ရေးပေးဖို့ မပါဘူး။ ငါတို့ အင်္ဂလိပ်ကို ကူတိုက်မပေးဘူး။ "
ချန်ဒရာဘို့က ဂျပန်နဲ့ ပေါင်းပြီး အိန္ဒိယအမျိုးသားတပ်မတော်၊ သခင်အောင်ဆန်းက ဗမာ့လွတ်လပ်ရေးတပ်မတော် ကို တည်ထောင်တယ်။ အင်္ဂလိပ်ပြေးတယ်။ ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေး ပေးတယ်။ အိန္ဒိယ နယ်စပ် အင်ဖာမှာ ဂျပန် ရှုံးတယ်။ ချန်ဒရာဘို့ တပ် ပျက်သွားတယ်။ ဂျပန်ပြေးတယ်။အင်္ဂလိပ်က ဆင်မလားမှာ ရေးခဲ့တဲ့ စက္ကူဖြူစာတမ်းနဲ့ စစ်အုပ်ချုပ်ရေးပေးတယ်။ အတ္တလန္တိတ် သဘောတူညီချက်ဆိုတာ လိမ်ဆင်ကြီးပဲ။ အိန္ဒိယလည်း လွတ်လပ်ရေး မရဘူး။မြန်မာပြည်လည်း လွတ်လပ်ရေး မရဘူး။ စက္ကူဖြူစီမံကိန်းအရ အင်္ဂလိပ်ပဲ ဆက်အုပ်ချုပ်မယ်လွတ်လပ်ရေး ဖြည်းဖြည်းပေါ့ လို့ ဆိုလားတယ်။
ဒါကြောင့် လွတ်လပ်ရေး တိုက်ပွဲ ပေါ်လာတယ်။ နေသူရိန် လူထု အစည်းအဝေးပွဲမှာ လွတ်လပ်ရေးတောင်းဆိုတယ်။ မပေးဘူး။ ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး ဗြိတိသျှ ရဲ့ မြန်မာပြည် တပ်မတော်ထဲ အရာရှိ ၂၀၀၊ တပ်သား ၅၀၀၀ ကို ထည့်လိုက်တယ်။ ဘားမားရိုင်ဖယ်တွေ ဖြစ်သွားတယ်။ အရင်က ချင်းတပ်၊ ကရင်တပ်၊ ကချင်တပ်၊ ဂေါရခါးတပ်တွေနဲ့ အတူတူ အင်္ဂလိပ်လက်အောက်ခံ ဖြစ်သွားတယ်။
ဗမာ့တပ်မတော်က ထွက်လာရတဲ့ စစ်သည် ၆ သောင်းဟာ ပြည်သူ့ရဲဘော်အဖွဲ့ ဆိုပြီး ဖဆပလလက်အောက်မှာ ဆင်းရဲ ချို့တဲ့စွာနေရတယ်။ လက်နက် ပြန်အပ်ခိုင်းတယ်။ အကုန်အပ်ဘူး။ ဝှက်ထားတယ်။ ဗကပ ကလည်း လယ်သမားတွေနဲ့ ပြည်သူ့တပ်မတော် ပျောက်ကြားတပ်တွေရှိတယ်။ ဖက်ဆစ်တော်လှန်ရေး လက်ကျန် လက်နက်တွေရှိတယ်။
၁၉၄၆ ပြည်လုံးကျွတ် အထွေထွေ သပိတ် ဖြစ်တယ်။ ပုလိပ်၊ ဝန်ထမ်းတွေပါလာတဲ့ ပထမဆုံး CDM ပဲ။ ဗကပက အင်္ဂလိပ်ကို တိုက်ဖို့ ပြောပြီ။ ပြည်သူ့ရဲဘော်က တောခိုတော့မယ်။ ဒါနဲ့ အင်္ဂလိပ်က ဖဆပလနဲ့ လွတ်လပ်ရေးအတွက် ဆွေးနွေးလာရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလကို ဘုရင်ခံကောင်စီမှာ အစိုးရ ဖွဲ့ခွင့်ပေးရတယ်။ လွတ်လပ်ရေး လွယ်လွယ်ရခဲ့တာ မဟုတ်ဘူး။ စစ်ရေးအရ ပြည်သူ့ရဲဘော်၊ ဗကပက နံကြား ဓားထောက်ပြီး နိုင်ငံရေးအရ အထွေထွေသပိတ်ကြီး ဆင်နွဲလို့ ရလာတာ။ ဂျပန်ကို တိုက်ပေးရင် ကော်သူလေး နိုင်ငံထောင်ပေးမယ့် ပြောလို့ ကရင်က လွတ်လပ်ရေးတောင်းတယ်။
ဘယ်သူမှ လက်မှတ်မထိုးထားတဲ့ .. အတ္တလန္တိတ် စာချုပ် ဂျင်း ၊ ဂျပန်ကို တိုက်ပေးဖို့ အင်္ဂလိပ်က နုတ်ကတိပေးတဲ့ ဂျင်းတွေနဲ့ ... ငါတို့ကို သီးခြားလွတ်လပ်ရေး ပေးမှာပါ ထင်ပြီး ကရင်တွေ အင်္ဂလိပ်ဆီတောင်း ဆိုတာ အရာမထင်ဘူး။ အင်္ဂလိပ် လိမ်တာ ခံရတယ်။ ကရင်ပြည်နယ်တောင် မရခဲ့ဘူး။ ကချင်နဲ့ ချင်းပဲ ပြည်နယ်အဆင့်၊ ဝိသသေတိုင်း ပေးပါမယ်လို့ ဗိုလ်ချုပိအောင်ဆန်းက ကတိပြုခဲ့တာ ဖြစ်တယ်။ မြစ်ကြီးနား ဗန်းမော်ခရိုင်ကို ကချင်ထဲ ထည့်ပေးဖို့ တောင်တန်းဒေသ ဦးစီးအဖွဲ့ ဥကဌ စဝ်ရွှေသိုက်ကသဘောတူခဲ့တာ ဖြစ်တယ်။ ကချင်ကလည်း အလဲအလှယ်နဲ့ မြောက်သိန္ဒီမှာ ကချင်ပြည်နယ်ခွဲ မယူပါဘူး ကတိပေးတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီးမှ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ရခိုင်ပြည်နယ် ရကြတာ ဖြစ်တယ်။
အဲဒီတော့ "အင်္ဂလိပ်က ငါတို့တော့ လစ်ပြီ၊ မင်းတို့ တွေ ဘယ်လိုသင့်မြတ်စွာ နေမလဲ ပြောပါဦး ဆိုတဲ့ မေးခွန်း"ကို ဖြေကြားတာပဲ။ မင်းတို့ အတူတူ မနေရင် ငါနဲ့ လာနေကြလို့ မဖိတ်ခေါ်ဘူး။ ခွဲနေကြလို့လည်း မပြောဘူး။ ဥပဒေကြောင်းအရ ဗြိတိသျှ ဘုရင် အုပ်ချုပ်တဲ့ နယ်တွေကို မြန်မာအစိုးရဆီ လွှဲပေးတာပဲ၊ ကရင်နီပြည် တခုပဲ (မင်းတုန်းမင်းလက်ထက်မှာ အင်္ဂလိပ်ရော မြန်မာရော မပိုင်ဘူးလို့ စာချုပ် ချုပ်ခဲ့လို့) မြန်မာပြည်နဲ့ ပေါင်းစည်းရတာ ဖြစ်တယ်။ ၁၉၄၇ ခြေဥ မှာ အဲဒီ ပေါင်းစည်းမှု (အဲဒါ ၁၉၃၅ မြန်မာပြည် အစိုးရ အက်ဥပဒေ အကျုံးဝင်တဲ့ ဒေသအားလုံး + ကရင်နီ ပြည် ၅ stateS ) ကို အတိအလင်း ဖော်ပြထားတယ်။
အဲဒီအခါ ဘာတွေ ဖြစ်ကြသလဲ .....
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ နန်းရင်းဝန် အက်တလီက စာချုပ်တခု လုပ်တယ်။
( အရေးကြီးလာပြီ )
၁၉၃၅ - ခုနှစ် အက်ဥပဒေ (ခြေဥ) အရ ဥပဒေပြု အဖွဲ့ အစား တိုင်းပြု ပြည်ပြု လွှတ်တော်ကိုရွေးကောက် တင်မြှောက်စေရမည်။ ဤကိစ္စအတွက် ၁၉၃၅ ခုနှစ် အက်ဥပဒေ ရွေးကောက်နည်းစနစ်ကို အသုံးပြုလိမ့်မည် လို့ အောင်ဆန်း - အက်တီစာချုပ် ချုပ်တယ်။
အောင်ဆန်း - အက်တီစာချုပ် မှာ " ၁၉၃၅ ခြေဥ အောက်က ဇယား (၁) (၂) ဝင် နယ်ခြားဒေသများ ( Schedule Area ) နှင့် ဖဆပလ ဝန်ကြီးများ အုပ်ချုပ်သော ( Ministerial Buma ) ကို ထိုဒေသခံပြည်သူများ ၏ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ်တော်များ နှစ်ဦးနှစ်ဖက်၏ သဘော တူပြီးသော ရည်ရွယ်ချက် ဖြစ်သည်။ ဤအတောအတွင်း နယ်ခြားရှိ လူများသည် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော နည်းဖြင့် မြန်မာ နိုင်ငံတော် အစိုးရတို့နှင့် ရင်းနှီးစွာ ပေါင်းသင်း တွဖက် ရာသည်။ " ဆိုထားတယ်။
ဆိုလိုတာက မပေါင်းရင် တောင်တန်းဒေသကို လွတ်လပ်ရေးသီးခြားပေးမယ် လို့ မပါဘူး။ ပေါင်းရမယ်။ ဒါပေမယ့် သဘောတူ လက်ခံသော နည်းလမ်းတော့ ဖြစ်ရမယ်။ ဒါကြောင့် .... အောင်ဆန်း - အက်တီစာချုပ် မှာ
" ပင်လုံ အစည်းအဝေး၊ သို့မဟုတ် အထူး ကွန်ဖရင့် အစည်းအဝေး ပြီးဆုံးသည့် အခါတွင် ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံတော် အစိုးရ တို့သည် နယ်ခြားလူများ ထုတ်ဖော် ပြောဆိုသောထင်မြင်ချက်များနှင့် လိုက်လျောညီစွာ အများ သဘောတူ လိုလားချက်များ ဖြည့်စွမ်းရန် အကောင်းဆုံးသော နည်းစနစ်ကို သဘောတူညီချက် ယူလိမ့်မည် ဖြစ်ကြောင်း။" ....
အင်္ဂလိပ်နဲ့ ဖဆပလ က " အကောင်းဆုံး နည်းလမ်း" ရှာတာပဲ ဖြစ်တယ်။ ဆိုလိုတာက
" မြန်မာနိုင်ငံတော် အုပ်ချုပ်ရေး ဥပဒေသစ် အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြားသားများ ပေါင်းစည်းဆက်ဆံနိုင်ရန် အကောင်းဆုံးသော နည်းစံနစ် ရှာဖွေရန်အတွက် စုံစမ်းရေး ကော်မတီ တခုကိုချက်ချင်း တည်ထောင်ရန်၊ ဤကော်မတီက တိုင်းပြု ပြည်ပြု လွှတ်တော် အစည်းအဝေး မစမီအစီရင်ခံစာ တင်သွင်းရန် " ...
ဒါဆိုရင် ရှင်းကြပြီ ထင်ပါတယ်။ အောင်ဆန်းအက်တလီ စာချုပ်ရဲ့ အနှစ်သာရက
၁၉၃၅ ခြေဥအောက်မှာ (၂၀၀၈ ခြေဥလိုပဲ ) အုပ်ချုပ်ရေး အမျိုးအစား မတူတဲ့ ဒေသတွေကိုအနာဂတ် ၁၉၄၇ ခြေဥ ရေးဆွဲတဲ့အခါ ဘယ်လို အခွင့်အရေး ပေးမယ် ဘယ်လို ပြဒါန်းပေးမယ် ဆိုတာ" သဘောတူညီ တဲ့ နည်းလမ်း" ရှာဖို့ ပဲ။ မပေါင်းဘူး ပေါင်းမယ် ငြင်းဖို့ မဟုတ်ဘူး။
မြန်မာပြည်က စော်ဘွားတွေ မပြောနဲ့။ အင်္ဂလိပ်က စာချုပ်စာတမ်းနဲ့ တကယ့်ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့တဲ့ အိန္ဒိယ မဟာရာဂျာ ( ကြီးမြတ်သော မင်းမြတ်) နယ်တွေကိုတောင် သီးခြားလွတ်လပ်ရေး မပေးဘူး။ မဟာရာဂျာတွေက အင်္ဂလိပ်လက်အောက်မှာ နေပါစေ ဆိုတာတောင် လက်မခံဘူး။ အင်္ဂလိပ်က သူပေးချင်တာ ပေးတာပဲ။ မူစလင်နဲ့ ဟင်ဒူ ပြသနာကြောင့် အိန္ဒိယကို မြေပုံစာရွက်ပေါ်မှာ ခဲတံနဲ့တထိုင်ထည်း မျဉ်းဆွဲပြီး ပါကစ္စတန်ကို သီးခြားလွတ်လပ်ရေး ပေးတာပဲ။ တရုပ်မှာ မော်စီတုံးကွန်မြူနစ် ဝါဒ လွမ်းမိုးလာချိန်မှာ မြန်မာပြည်ကို အစိတ်စိတ်ခွဲပြီး လွတ်လပ်ရေး ပေး ပြီး တရုပ်လက်အောက် မသွင်းသလို၊ သူတို့လည်း မစောင့်ရှောက်နိုင်ဘူး။ ဒါကြောင့် တစုတစည်းထဲ ရှိစေချင်တာပဲ။ "နယ်ချဲ့"ဟာ "ဝါဒချဲ့"ကို တိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်။
ဦးဖေခင် ကိုယ်တွေ့ပင်လုံ
ဖဆပလ သတင်းစဉ် (၁၂- ဇူလိုင် -၁၉၄၇)
ရှမ်းမှာ ၂ ဖွဲ့ကွဲတယ်။ ရှမ်းပညာတတ် လူငယ်တွေက ပဒေသရာဇ်အုပ်ချုပ်ရေး မလိုချင်ဘူး။ ရှမ်းစော်ဘွားတွေက အင်္ဂလိပ်အောက်မှာပဲ နေမယ်။ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါဆိုတယ်။ ကချင်ကလည်း ဂျပန်ကို တိုက်ပေးရတဲ့ အဖိုးအခ လိုချင်တယ်။ ကချင်ပြည်နယ် တောင်းတယ်။
လူမျိုးကြီးဝါဒ ဆိုလို့ ပြောရဦးမယ်။ တိုင်းရင်းသားတွေဟာ ပင်လုံစာချုပ် ချုပ်တဲ့ ကာလ ၁၉၄၇ ဖေ၁၂ နဲ့ ဇူလိုင် ၁၉ ကြား ဗိုလ်ချုပ်ပြောသမျှ ( ဟိုတစ ဒီတစဖဲ့ယူပြီး ) ကို လှေနံဒါးထစ်လုပ်ကြတယ်။ဗိုလ်ချုပ်ပြောသမျှ ( အကုန်လုံး) ကို ယူတာ မဟုတ်ပဲ ။ ဒါ့အပြင် ကရင် တကျပ် ဗမာတကျပ် ဆိုတဲ့လူအခွင့်အရေး တန်းတူရှိရေးကို ( ဗမာ က ၇ ကျပ်ယူသွားသလိုလို) လိုရာစွဲ အဓိပ္ပါယ် ဖော် စော်ကားနေကြသေးတယ်။ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ဘာပြောတယ် ကိုအကုန်လုံး ပြန်လေ့လာကြည့်ရင် လူမျိုးကြီး ဆိုတာ ဗိုလ်ချုပ် အဓိပ္ပါယ် ဖွင့်ပြသွားတယ်။ ပင်လုံစာချုပ်မှာလည်း ရှမ်းပညာတတ်လူငယ်တွေ ရဲ့ ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ချုပ်က တောင်းဆိုလို့ ဒီမိုကရေစီကို ထည့်ထားတယ်။ ပင်လုံကတိဆိုတဲ့ အထဲ ဗမာပြည်နယ် ဖွဲ့ရေး မပါရုံသာမက လူမျိုးတိုင်းကို ပြည်နယ်ပေးစရာ မလိုဘူး ဆိုတာ အတိအလင်း ပြောကြားထားတယ်။ ပင်လုံညီလာခံ ညစာစာပွဲမှာအမျိုး ဘာသာ သာသနာ နဲ့ ပြည်ထောင်စု တည်လို့ မရဘူး ဆိုတာ လူမျိုးနာမည်တွေ ရှေ့တန်းတင်နေတဲ့ ဖက်ဒရယ်ကို မလိုလားတာ ပြသနေတယ်။ ပင်လုံကတိ ဆိုတာ ပြောရင် ၁၉၄၇ ဖေ ၁၂ နဲ့ ဇူလိုင်၁၉ ကြား ဗိုလ်ချုပ်ပြောသမျှ လူမျိုးရေး ပြည်ထောင်စုရေးကို စနစ်တကျ သုတေသန လုပ်ကြည့်ရင် ... အခြားတိုင်းရင်းသားတွေ တဖက်သပ်ပြောသလို မဟုတ်တဲ ့ အချက်တွေ တွေ့လာရတယ်။
=====
" ၁၉၃၅ မြန်မာပြည် အစိုးရ အက်ဥပဒေ အရ ရွေးကောက်ပွဲ လုပ်တယ်။ လွှတ်တော်ခေါ်တယ်။ အစိုးရဖွဲ့တယ်။ ၁၉၄၇ ခြေဥရေးတယ်" ဆိုတဲ့ လုပ်ငန်းစဉ်ကို ကြည့်ရင် ... ၂၀၀၈ ခြေဥအောက်မှာ ၂၀၂၀ရွေးကောက်ပွဲ လုပ်တယ်။ ၂၀၂၁ လွှတ်တော်ခေါ်တယ်။ CRPH ကိုယ်စားပြုကော်မတီ ကို ဥပဒေပြုအာဏာအပ်တယ်။ NUG အစိုးရဖွဲ့တယ်။ ဖက်ဒရယ် ဒီမိုကရေစီချာတာနဲ့ ခြေဥရေးတယ် ဆိုတဲ့လုပ်ငန်းစဉ်ဟာ အတူတူပဲ။
ကဲ .. CRPH ပြဒါန်းပေးတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ကြေညာစာတမ်း ဟာ တရားဝင်တာ ထင်ရှားပြီ။ ဒီထက် ပိုပြီး ပြောရရင် ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းအရ အစိုးရဆိုသည်မှာ ပြည်သူ့ဆန္ဒ က ပေါ်ထွက်ရမည် ဆိုတဲ့ ပြဒါန်းချက်နဲ့ လည်း ညီညွတ်တယ်။ တရားဝင်တယ်။
CRPH ပြဒါန်းပေးတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ချာတာ မှာ တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဒါန်းခွင့်၊ အုပ်ချုပ်ခွင့်၊ သယံဇာတ ရောင်းချခွင့်၊ ကုန်ကုန်ပြောမယ် ပြည်နယ်ကျော် ရွေ့ပြောင်းတောင်တားမြစ်နိုင်တဲ့ အာဏာကို ပြည်နယ်တွေကို ပေးထားတယ်။ ပြီးတော့ ဖက်ဒရယ် အစိုးရမှာ နိုင်ငံရေ၊စီးပွါးရေး၊ ပညာရေး၊ လူမှုရေး မှ အာဏာမရှိတော့ဘူး။ ဖက်ဒရယ်အစိုးရက နိုင်ငံတကာ ရေး၊ကာကွယ်ရေး ကိုပဲ တာဝန်ရှိတယ်။ စဉ်းစားကြည့်ရင် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်ဟာ စက္ကူကျားပဲ။ ပြည်နယ်လွှတ်တော်တွေ အစိုးရတွေက အရှင်သခင်တွေပဲ။ ဒီတော့ မြန်မာ (ဗမာ) လူဦးရေ များတာ နည်းတာ လူမျိုးကြီးတာ မကြီးတာဟာ ပြည်နယ်တွေကို ဘာမှ ရိုက်ခတ်မှုမရှိဘူး။
CRPH ပြဒါန်းပေးတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ချာတာမှာ ပြသနာက မြန်မာ (ဗမာ) မဟုတ်တော့ပဲ ပြည်နယ်လွှတ်တော်၊ အစိုးရမှာ အာဏာတွေ စုပုံပြီး အဲဒီ ပြည်နယ်တွေမှာ နောက်ထပ် ဆင့်ကဲလူမျိုးရေးပြသနာဖြစ်လာမှာ စိုးရတယ်။ လူမျိုးနာမည်နဲ့ ပြည်နယ်တွေဟာ ထပ်ပြီးကွဲထွက်လာဦးမယ်။
မအလဘက်ခြမ်းကို တချက်ကြည့်ဦး။
အခြားတိုင်းရင်းတွေဟာ အထင်မှား အမြင်မှားတွေ မရှိတဲ့ အရိယာ သူတော်စင် မဟုတ်တာပဲ။ အယူမှား အတွေးမှာ ကင်းစရာ မရှိတာ မိမိကိုယ်ကိုသုံးသပ်ဖို့ လိုတယ်။ မြန်မာ (ဗမာ) ကို ဝေဖန်ရင် ဝါးရင်းဒုတ်နဲ့ ရိုက်ပြီး၊ မိမိဘာသာ ဝေဖန်ရင် ငှက်မွှေးနဲ့ သပ်သလို ဆင်ခြေပေး နေသလား ဆန်းစစ်ကြည့်ကြပါဦး ၊ အနှစ် ၇၀ ခံစားရတာ မှန်တယ်။ ဒါပေမယ့် ဝေဒနာ နဲ့ ပြောတိုင်း အမှန် မဟုတ်သေးဘူး။ မိမိတို့ အမှားတွေ တသီတတန်းကြီး ရှိနေတယ်။ ရှိနေဆဲပဲ။ ဝေဒနာ ( ခံစားမှု) နဲ့ မရှုပ်ထွေးစေပဲ ပညာ ( အမှန်သိမှု) နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ကို ရိုးရိုးသားသား တည်ဆောက်ဖို့ တိုက်တွန်းချင်ပါတယ်။
Comments
Post a Comment