နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသည် ဆိုရာဝယ်။

နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသည် ဆိုရာဝယ်။

အခုတလော  လွှတ်တော်နိုင်ငံရေး နည်းလမ်းက အကျိုးမရှိဘူး ဆိုပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်ပါတယ်ဆိုတဲ့ လူတွေပါးစပ်ဖျားက " နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ် " ဆိုတဲ့ အဆီအငေါ် မတည့်တဲ့ စကားတွေ တတွင်တွင် ပြောသံကြားရတယ်။  

နိုင်ငံရေးနည်းလမ်းကို ရွေးရင် အစထဲက ပါတီထောင် ၊ ရွေးကောက်ပွဲ ဝင်ကြပါလား။ ဒီလိုလည်းမဟုတ်ဘူး။ လက်နက်ကိုင်ပြီးမှ ငြိမ်းချမ်းရေးစကားတွေ ပြောနေကြတယ်။ ဟုတ်ပါပြီ။ အသိတရား ပြောင်းလဲလာလို့ လက်နက်စွန့် ပါတီထောင်ကြပါလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။  ထားပါတော့ ၊ နိုင်ငံရေးနည်းလမ်း ဆိုတာဘာလဲ လို့ မေးကြည့်တော့ မြန်မာစစ်တပ်နဲ့ ဆွေးနွေးတာနိုင်ငံရေးနည်းလမ်းဆိုပဲ။

May be an image of text that says 'နိုင်ငံရေးနည်းဆိုတာ စစ်တပ် လုံးဝ မပါတဲ့ နည်းပဲ။ စစ်တပ်ဟာ နိုင်ငံရေး မလုပ်ရဘူး'

အဲဒီမှာ သူတို့ရဲ့ အတွေးအခေါ်ဟာ အခြေခံက စပြီး တလွဲ ဖြစ်နေတာ ပြသနေတယ်။   နိုင်ငံရေး  ဆိုတာ ပြည်သူ့အရေးပဲ။ ပြည်သူဆန္ဒ မပါပဲ လက်နက်ကိုင်အချင်းချင်း စစ်မတိုက်ချင်လို့ အပစ်ရပ်ပြီးဝေစုခွဲတာ နိုင်ငံရေးမှ မဟုတ်တာ။ 

လက်နက်ကိုင် အဖွဲ့တွေဟာ ပြည်သူထဲက ပေါက်ဖွားလာကြတယ်။ အစ ပထမကတော့ ပြည်သူနဲ့တန်းတူ ရှိတယ်။ ဒါပေမယ့် တဖြည်းဖြည်း ပြည်သူရဲ့ အပေါ်ကို ရောက်လာတယ်။ ပြည်သူကိုဦးဆောင်ရတယ် ၊ ပြည်သူက သူတို့ ဦးဆောင်တာ လိုက်နာ ရမယ် ဆိုတာ ဖြစ်လာတယ်။အဲဒီမှ စတင်ပြီး ဖောက်ပြန်တာပဲ။  မြန်မာစစ်တပ်ဟာ အထင်ရှားဆုံး ဥပမာပဲ။ မြန်မာစစ်တပ်မှ မဟုတ်ဘူး။ EAO တွေလည်း အတူတူပဲ။   

ဘယ်စစ်တပ်မဆို ပြည်သူထောက်ခံမှ ကြီးထွားလာတာ။ ကြီးထွားလာပြီးတဲ့အခါ ပြည်သူထောက်ခံစရာ မလိုတော့ဘူး။ သူတို့ကို ပြည်သူက ပြန်ထောက်ခံနေရတယ်။ ဒါကိုပဲ သူတို့က ပြည်သူကိုကိုယ်စားပြုသယောင်ယောင် ပြောနေကြတယ်။  

တဖန် လက်နက်ကိုင်တွေထဲမှာလည်း လူမျိုးတခုကို ၃-၄ ဖွဲ့ရှိပြန်တယ်။ ဥပမာ ရခိုင်ကိုကြည့်။ ALP ကလည်း ရခိုင်ကိုယ်စားပြုတယ် ပြောတယ်။ ဟုတ်ပါတယ် စတင်စဉ်တုံးက ရခိုင်လူထု ထောက်ခံကြတာပဲ။ အခုတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြောနေတုံးပဲ။ ကရင်မှာကြည့် DKBA ရှိတယ်။ KNU  ရှိတယ်။ အဖွဲ့တိုင်းတော့ သူဟာသူ ပြောနေကြတာပဲ။  

အဲဒီ EAO တွေက မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် အချင်းချင်း  နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြပြီဆိုပါစို့။ ဘာဖြစ်လာသဲ။ တအေားန်း ကို ကြည့်... ခင်ညွန့် နဲ့ နိုင်ငံရေး ဆွေနွေးပြီး PSLA  ပလောင်လွတ်မြောက်ရေးတပ်မတော်ဟာ .. လုံးဝ ကျေနပ်သွားတယ်။ လိုချင်တဲ့ အခွင့်အရေးတွေ ရတယ် ဆိုပြီး .. လက်နက်ချလိုက်တယ်။  ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရတယ်။ အဲဒီတော့ နိုင်ငံရေးနည်းလမ်းက အောင်မြင်သွားရောလား။ မဟုတ်ဘူး တအောန်း လူငယ်တွေက TNLA ဆိုပြီးနောက်ထပ် လက်နက်ကိုင်အဖွဲ့ ထပ်ပေါ်လာတယ်။ 

May be an image of 4 people and people standing

ပအိုဝ်းကို ကြည့် .. PNO က မြန်မာစစ်တပ်နဲ့  နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာ အောင်မြင်တယ်။ ပအိုဝ်းအုပ်ချုပ်ခွင့်ရဒေသ ရတယ်။ အဲဒီတော့ နိုင်ငံရေးနည်းလမ်းက အောင်မြင်သွားရောလား။ မဟုတ်ဘူး  ခွန်ဥက္ကာ PLNO တဖွဲ့ ပေါ်လာတယ်။ ခွန်ဥက္ကာ က  နိုင်ငံရေးနည်းလမ်းနဲ့ NCA ထိုးတယ်။အောင်မြင်သွားရောလား။ မဟုတ်ဘူး .. ပအိုဝ်းလူငယ်က နောက်ထပ်  လကနက်ကိုင်တဖွဲ့ ထပ်ပေါ်လာတယ်။ 

May be an image of 12 people, people standing and text

အဲဒီလိုပဲ UWSA ကလည်း ဝလူမျိုးတွေ ကိုယ်စားပြုတယ် ပြောတယ်။ ဝ ပြည်နယ်ရရှိရေး တောင်းတယ်။ ဘယ်သူ့ဆီက တောင်းတာလဲ။ မြန်မာစစ်တပ်ဆီက တောင်းနေတာ။ မြန်မာပြည်သူလူထုကိုတော့ အဖက်မလုပ်ဘူး။ ဗမာအရေး ဝနဲ့  မဆိုင်ဘူးတဲ့။ 

SNA ရှမ်းနီတပ်မတော်ကလည်း ဒီလိုပဲ ပြောတာပဲ။ ဗမာအရေး ရှမ်းနီနဲ့ မဆိုင်ဘူး။ ဒါပေမယ့်ရှမ်းနီပြည်နယ်ပေးပါတဲ့။ ဖက်ဒရယ်ပေးပါတဲ့။ ဘယ်သူ့ဆီတောင်းနေတာလဲ လက်နက်ကိုင် မြန်မာစစ်တပ်ဆီက တောင်းနေတာ။   ( ရှမ်းနီလူမျိုးနဲ့ ရှမ်းနီနယ်မြေကို ပြန်ထူထောင်မယ်  CNI Local Interview  ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

UWSA ကလည်း ရှမ်းတောင်ပိုင်းက ခွန်ဆာဆီက တိုက်ယူထားတဲ့ မိုင်းဆတ်ခရိုင်ကို ဝပြည်နယ် လုပ်ပေးပါဦးတဲ့။ ဝပြည်နယ်ချင်း တဆက်ထဲဖြစ်အောင် ကြားက ကျိုင်းတုံလည်း ပေးပါဦးတဲ့  ဘယ်သူ့ဆီက တောင်းနေတာလဲ။ လက်နက်ကိုင် မြန်မာစစ်တပ်ဆီက တောင်းနေတာ။

May be an image of 1 person and text

ဒီတော့ လက်နက်ကိုင်အချင်းချင်း နယ်မြေတွေကို ကိတ်မုန့်လှီးသလို ခွဲခြမ်း နေတာ ပဲ။ ပြည်သူ့ဆန္ဒမပါဘူး။ ဒါကို နိုင်ငံရေးနည်းလမ်း လို့ပြောနေကြတယ်။ တောက်တီးတောက်တဲ့ တွေပါ။ 

အဲဒီတော့ALP နဲ့ မအလ နိုင်ငံရေးနည်းလမ်း အောင်မြင်တော့ ရခိုင်လူထုက ကျေနပ်သွားရောလား။ AFP ဒေါက်တာအေးမောင် က မအလ ကြောင့် နတ်ပြည်ရောက်ပြီလို့ ပြောရင် ရခိုင်တွေ တကယ်နတ်ပြည်ရောက်ရောလား။ SNA က မအလနဲ့ အဆင်ပြေလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရင် ရှမ်းနီ တွေလက်နက်စွန့်ကြမလား။ မအလက UWSA တောင်းဆိုတာ ပေးရင် ရှမ်းတွေက ခံမယ် ထင်သလား။ SSPP RCSS က လက်ခံတယ် ထား၊ ရှမ်းလူထုက လက်မခံရင် နောက်ထပ်အဖွဲ့တွေ ပေါ်လာဦးမယ်။  ချကြဦးမယ်။   သံသရာ လည်ကြဦးမယ်

အဲဒါ ဘာကြောင့်လဲ ဆိုတော့ " နိုင်ငံရေးနည်းလမ်း" လို့ပြောပြော၊ "ကမ္ဘာရေး နည်းလမ်း" လို့ ပြောပြော၊လေထဲက စကားလုံးတွေဟာ မြေပြင်နဲ့ လွတ်ကင်းနေလို့ပဲ။ မြေပြင်ကို ဆင်းသက်လိုက်ပါ။ မိမိလူမျိုးတွေရဲ့ ဆန္ဒ၊ အခြား လူမျိုးတွေရဲ့ ဆန္ဒကို မေးကြည့်ပါ။ ဘယ်လို မေးမလဲ။ ကြံဖွတ်လုပ်သလိုလူထုထောက်ခံပွဲ ဆိုပြီး ရှေ့က တိုင်ပေး, နောက်က သေနတ်ထောက် အော်ခိုင်းမလား။ ဒီလို ကလီကမာနည်းနဲ့ ဟန်ပြပဲရမယ်။ ပြေလည်စရာ မရှိဘူး။ တကယ့် နည်းလမ်းက ပြည်သူလူထုကို လွတ်လပ်စွာဆန္ဒပြုခွင့်ပေးရပါမယ်။ ပြည်သူအချင်းချင်း ပြေလည်မှ နိုင်ငံရေး ပြေလည်မယ်။  

May be an image of 3 people

ဒီလိုပဲ NLD နဲ့ မြန်မာစစ်တပ်၊  ဒေါ်စုနဲ့ မအလ   နဲ့ ပြေလည်ဦးတော့၊ မြန်မာပြည်သူက လက်မခံရင် ပြေလည်မှာ မဟုတ်ဘူး။ ပြည်သူဆိုတာ  အကောင်း အဆိုးကို   လက်တွေ့ ရင်စီးခံစားရသူတွေပါ။ 

ပြည်သူ လက်မခံတဲ့ မြန်မာစစ်တပ်နဲ့  ဝေစုခွဲတမ်း လုပ်ခဲ့ ရင် ဘယ်တော့မှ ပြေလည်စရာမရှိဘူး။ပြည်သူဟာ ကောင်းကင်ပါ။ အဖွဲ့တွေ တိမ်တွေပါ။ ဒီမြေပေါ်မှာ နှစ်တရာ ခံတဲ့ အဖွဲ့ တခုမှ မရှိဘူး။ဒါပေမယ့် အဲဒီအဖွဲ့တွေရဲ့ သမိုင်းနဲ့ အဲဒီအဖွဲ့တွေ တစောက်ကန်း လုပ်ရပ်ကြောင့် ဖြစ်ခဲ့တဲ့ လူမျိုးရေးအက်ကြောင်းက သမိုင်းလှန်တိုင်း အမာရွတ်တွေ တွေ့နေမှာပဲ။ ဘယ်လောက် အင်အားကြီးပါစေ။ မင်းဆက်တွေ အစိုးရတွေ တနေ့ ပြိုလဲရတာပဲ။ ကျန်ရစ်ခဲ့တာက သမိုင်းပါ။ သမိုင်းကြောင့်မျက်နှာငယ်ခံရမယ်။ အညိုးတေးထားခံရမယ် ဆိုရင် ဘယ်ကောင်းမလဲ။  မဆုံးနိုင်သော အဆိုးကျော့ သံသရာ လည်ကြဦးမယ်

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)