“ကြွက်မနိုင်လို့ ကျီ - မီးတင်ရှို့တဲ့ မိုက်မဲမှုမျိုး” - မောင်ကျော်မော်

 “ကြွက်မနိုင်လို့ ကျီ - မီးတင်ရှို့တဲ့ မိုက်မဲမှုမျိုး” - မောင်ကျော်မော်

၁။ နိုင်ငံရေးပြဿနာတွေကို ပြောတဲ့အခါ သမိုင်းအရ - လက်တွေ့အရ အခိုင်အမာဆန်းစစ်ပြီး မိမိကိုင်စွဲထားတဲ့ နိုင်ငံရေး အယူအဆ သဘောထားအမြင်နဲ့ တည်ကြည်ရဲရင့်စွာတင်ပြဖို့ လိုအပ်ပါတယ်။

၂။ ခွဲထွက်နိုင်သော အခွင့်အရေး ( Right of Secession ) ဟာ တချိန်က အခြေခံဥပဒေ ( ၁၉၄၇ ခုနှစ် ) အရဆိုရင် “တရားဝင် အခွင့်အရေး” ဖြစ်တယ်။ ဒီအခြေခံဥပဒေဟာ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် မတ်လအထိ ( ၁၆ ) နှစ်မျှ အာဏာတည်ခဲ့တယ်။ ဒီအခြေခံဥပဒေကို ဖျက်ပြီး အာဏာသိမ်းပိုက်ခဲ့တာ ဗိုလ်နေဝင်း စစ်အုပ်စုဖြစ်တယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြောင်းပြချက်က “ခွဲထွက်ရေးကြောင့်” ပြည်ထောင်စုကြီးပြိုကွဲတော့မှာဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်တယ်။


၃။ မင်းသေ့က “ခွဲထွက်ရေး”ကို ရေလာမြောင်းပေးသလို - မြှောက်ထိုးပင့်ကော်ရေးနေပေမယ့်။ “ဒို့တာဝန်အရေး ၃ ပါး” ကို ဘယ်သတ္တဝါတွေက ဘယ်လိုအကြောင်းပြချက်နဲ့ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ ဘာရည်ရွယ်ချက်နဲ့ အသုံးပြုနေသလဲဆိုတာကို ခွဲခြမ်းဆန်းစစ်ရေးသားပြမထားဘူး။ ( မြန်မာစစ်တပ်လား - စစ်အုပ်စုအကျိုးစီးပွား ဆိုတဲ့ စကားလုံးလေး ၂ လုံးပဲပါတယ် ) “ခွဲထွက်ရေး” ဆိုတာကို ဒီနေ့အထိ ဘယ်သူကမှ ဘယ်လူမျိုးစုအဖွဲ့အစည်းကမှ တရားဝင်တိတိလင်းလင်း ထုတ် ပြောတာ ( ကျနော်တော့ ) မကြားမိသေးဘူး။ ( ULA/AA ) ကတောင် “ကွန်ဖက်ဒရိတ်”ကို ရိုးရိုးတိုးရိပ်တိတ်သာ ပြောနေပေမယ့် တရားဝင်တိတိကျကျပြောတာ ( ကျနော်တော့ ) မကြားရ မဖတ်ရသေးဘူး။

၄။ ပြီးတော့ “ကြွက်မနိုင်လို့ ကျီ - မီးတင်ရှို့တဲ့ မိုက်မဲမှုမျိုး” ကို ကျနော် ဘယ်တော့မှ အားမပေးပါဘူး။ ကြွက်ကိုနှိမ်နင်းနိုင်ဖို့ အခြားနည်းလမ်းတွေအများကြီးပါ။

၅။ ကျနော့်အမြင်သဘောထားက “စစ်အုပ်စု - စစ်အာဏာရှင်စနစ် - စစ်ဗြူရိုကရေစီယန္တရားနဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို အကုန်အစင်ဖျက်သိမ်းပစ်ပြီးတဲ့ အခြေခံပေါ်မှာ တန်းတူသော၊ ဒီမိုကရေစီရှိသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ဆောက်ကြဖို့ပါပဲ။


ရိုသေစွာဖြင့်

မောင်ကျော်မော်

၁၂ နိုဝင်ဘာ ၂၀၂၂ 

Comments

  1. 1947 ပင်လုံကတိကဝဋ်​လေးရှိရင်​ပေးပါအုံး

    ReplyDelete

Post a Comment

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)