ဒေါ်အောင်ဆန်းစုကြည် အသုံးချခံ နေရတဲ့ ပြဿနာများ

 ဒေါ်အောင်ဆန်းစုကြည် အသုံးချခံ နေရတဲ့ ပြဿနာများ

( ဒီအကြောင်းရေးရရင် သူ ကိုယ်တိုင် ဘူလုံးနားမထွင်း ပြောမိခဲ့တဲ့ ကိစ္စတွေ ပါဝင်နေတယ်။ ဒါပေမယ့် အမှန်တရားကို ပြောတဲ့အခါ ငဲ့ညှာနေမှာ မဟုတ်။) 

✅ ဖေဖေ့ တပ်မတော် ကိစ္စ။

ယနေ့ မြန်မာ့တပ်မတော်သည် ရှေးမြန်မာဘုရင်တွေ တည်ထောင်တဲ့ တပ်မတော် မဟုတ်တာ သေချာတယ်။ ဘုရင်၃ ပါးရုပ်တုနဲ့ ဘာမှ မဆက်စပ်။ ကုန်းဘောင်ဆက် သီပေါမင်းအနွယ်တော်တွေ တည်ထောင်တာမဟုတ်။ 

ယနေ့ မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်တဲ့ တပ်မတော်လို့ ပြောနေကြတယ်။ ဒါရော မှန်ကန်ပါသလား။ 


ဒုတိယ ကမ္ဘာစစ်မှာ .. ဖက်ဆစ်ဂျပန်က မြန်မာပြည်သိမ်းရန် အတွက် ဗိုလ်တေဇ (အောင်ဆန်း ) အပါအဝင် လူငယ်တစုကို စစ်ပညာသင်ပေးပြီး ဗန်​ေကာက်မှာ BIA ကို ဖွဲ့ပေးတယ်။  BIA ဆိုတာ တင့်ကားတွေ၊ လေယဉ်တွေနဲ့ နိုင်ငံစစ်တပ်ကြီး မဟုတ်။ Chain of Command က ဗိုလ်ချုပ်အောင်ဆန်း လက်ထဲ မရှိ၊ ဂျပန်တပ်မတော်ရဲ့ နောက်လိုက် ခိုင်းဖက်သာ ဖြစ်တယ်။ နောင် အခါ BDA၊ ထိုမှ BNA၊ ထိုမှ PBF   ဆိုပြီး နာမည်ပြောင်းတယ်။ ဒါက ဂျပန်ဘက် အခြမ်း။

အင်္ဂလိပ်ဘက်ခြမ်းကို ပြောပါမယ်။ အင်္ဂလိပ်ဟာ ပထမကမ္ဘာစစ်မှာ .. အီရန်မှာ စစ်ဖြစ်နေတယ်။ မက်ဆိုပိုတေးနီးယားကို ဗြိတိသျှအိန္ဒိယတပ်မတော် အောက်မှာ မြန်မာပြည်က ကချင်၊ ချင်း၊ ကရင်  တွေကို ဗမာ့သေနတ်ကိုင်တပ်ရင်း ဖွဲ့ပြီး စေလွှတ်တိုက်ခိုက်စေတယ်။ Burma Rifle လို့ ခေါ်တယ်။   ဘားမားရိုင်ဖယ်ဟာလည်း ဗြိတိသျှ Chain of Command  အောက်မှာ ရှိတယ်။ ဗမာ့သေနတ်ကိုင်တပ်ရင်းလို့ ခေါ်လို့ မြန်မာ( ဗမာ) တွေ ပါနေတယ်လို့ မထင်နဲ့( လုံးဝ ပါဝင်ခွင့်မရှိ) ။ ဒုတိယကမ္ဘာစစ်ရိပ်သန်းလာမှ မြန်မာ( ဗမာ) တွေပါဝင်ခွင့်ရတယ်။ မြန်မာ(ဗမာ) ကို  မိုင်းရှာ မိုင်းရှင်းတပ်ဖွဲ့မှာပဲ ခိုင်းတယ် ။ ဘားမားရိုင်ဖယ်ထဲမှာတော့  အခြားတိုင်းရင်းသားတွေပဲ ပါဝင်ရတယ်။ အိန္ဒိယက မြန်မာနိုင်ငံကို ခွဲထုတ်ပြီး ဗမာ့သေနတ်ကိုင်တပ်ရင်း တွေဟာ  ကချင်၊ ချင်း၊ ကရင်   စတဲ့ လူမျိုးအလိုက် တွေရှိလာတယ်။ နာမည်ကတော့ ဘားမားရိုင်ဖယ်ပဲ။ 



အဲဒီ ဘားမားရိုင်ဖယ်တွေဟာ ဆရာစံသူပုန်ထတော့ မြန်မာ (ဗမာ) သူပုန်တွေကို နှိမ်နင်း တိုက်ခိုက်တယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ဆန္ဒပြသူ မြန်မာ (ဗမာ) တွေကို မန်းလေးမှာ ပစ်သတ်တယ်။ Hostilities continued into 1939, and as Ba Maw fell from power, students and young priests in Mandalay protested against the government. Cochrane reported that a thousand protestors ‘some armed with dahs (knives)’ were dispersed by the military in February.  Kachin riflemen opened fire and killed seventeen protestors.  BL IOR M/5/5 Governor’s reports, Home Secretary’s fortnightly reports, second half Dec .  BIA တပ်မတော် မြန်မာပြည် လွတ်လပ်ရေး အတွက် ချီတက်လာတော့ တားဆီး တိုက်ခိုက်တယ်။ 


ဂျပန်ဘက် အခြမ်းကို ပြောပါမယ်။   ဂျပန်ခေတ်မှာ လူဆိုးလူမိုက်တွေက ခါတော်မီ "တမတ်သခင်" တွေ၊  " BIAဗိုလ် " တွေ ဖြစ်လာတယ်။ ခိုးဆိုးယုယက်လာတယ်။ ဒါကြောင့် ဂျပန်က စစ်ပုံကျ သင်တန်းပေးပြီး BDA ကို ဖွဲ့ပေးတယ်။ ရွှေရည်စိမ် ဗမာ့လွတ်လပ်ရေးပေးတော့ BDA ကို BNA ဆိုပြီး အဓိပတိ ဒေါက်တာဘမော်အောက် ပို့တယ်။ ဗိုလ်တေဇက ဂျပန်ကို ချဖို့ ၊ BNA  ထဲက ဖက်ဆစ်ဉာဏ်ဆိုး ပယ်ဖျောက်ရန်၊ တောခိုနေတဲ့ သခင်စိုးကို ကွန်မြူနစ် သင်တန်းပေးခိုင်းတယ်။ BNA ထဲမှာ ဗိုလ်ကျော်ဇောတို့ဟာ ကွန်မြူနစ်တွေ ဖြစ်လာတယ်။ ဂျပန်ကို ချဖို့ ဗကပ  ရဲခေါင်ပျောက်ကြားတပ်တွေ နဲ့ တိတ်တဆိတ် ဆက်သွယ်၊ အင်္ဂလိပ် အမှတ် ၁၄ တပ်မတော်နဲ့ ဆက်သွယ်တယ်။ ဗိုလ်တေဇဟာ BNA ထဲက အများစုနဲ့ ဗမာ့မျိုးချစ်တပ်မတော် PBF ကို ဖွဲ့တယ်။ ဂျပန်ကို ဆက်ပြီး သစ္စာရှိတဲ့ ဗိုလ်ရဲထွတ်တို့ BNA လည်း ရှိတယ်။ 

ဒုတိယ ကမ္ဘာစစ်မှာ ..  ဂျပန်ရှုံး၊ အင်္ဂလပ်ပြန်ဝင်တော့ ဗြိတိသျှ မြန်မာပြည် တပ်မတော် အောက်မှာ ဘားမားရိုင်ဖယ်တွေ က တရားဝင် အစိုးရစစ်တပ်။ မျိုးချစ်ဗမာ့တပ်မတော် PBF က တရားမဝင် ဘက်ပြောင်း  သူပုန်တပ် ဖြစ်နေတယ်။  နေသူရိန်လူထု အစည်းအဝေးမှာ ဖဆပလက မျိုးချစ်ဗမာ့တပ်မတော် PBF ကို တရားဝင် အသိအမှတ်ပြုဖို့ တောင်းဆိုတယ်။ အင်္ဂလိပ်က ငြင်းဆန်ပြီး "မျိုးချစ်ဗမာ့တပ်မတော် ကို ဖျက်သိမ်းပါ၊ တဦးချင်း စိစစ်လက်ခံပေးမယ်" လို့ ဆိုတယ်။ 


သီရိလင်္ကာ ကန္ဒီမြို့မှာ လော့ဒ်မောင့်ဘက်တန်နဲ့ ဖဆပလ ဗိုလ်ချုပ်အောင်ဆန်း  ၊ ဗိုလ်နေဝင်း၊ သခင်သန်းထွန်း၊ စောဘဦးကြီး၊ သခင်ညိုထွန်း (ရခိုင်) တို့ ဟာ  " မျိုးချစ်ဗမာ့တပ်မတော် ကို ဖျက်သိမ်းဖို့၊ တဦးချင်း စိစစ်လက်ခံဖို့ " သဘောတူရတယ်။ အင်္ဂလိပ်က ဘားမားရိုင်ဖယ်တပ်ရင်း အသစ်တွေပေးတယ်။ မူလ သဘောတူတာ တပ်သား ၅၂၀၀ နဲ့ ဗိုလ် ၂၀၀ ။ ဒါပေမယ့် တကယ်တမ်း စုစုပေါင်း ၂,၃၀၀ ပဲ ဝင်လာကြတယ်။ အင်္ဂလိပ်က Burma Commission လို့ ခေါ်တဲ့ BC နံပါတ်တွေနဲ့ ဗြိတိသျှဘုရင့် လစာ စားခွင့်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးချုပ်  ရာထူးပေးတယ်။ ဗိုလ်ချုပ် သောမတ် အောက်မှာ လက်တွဲ လုပ်ခိုင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ငြင်းဆန်လိုက်တယ်။  


အရပ်သား ဘဝ ရောက်သွားတဲ့ ဦးအောင်ဆန်းဟာ စင်စစ်တော့ လုံးဝ စစ်ရေးနဲ့ ကင်းရှင်းတာ မဟုတ်ဘူး။ သူ့မှာ အကြံရှိတယ်။ မျိုးချစ်ဗမာ့တပ်မတော် စစ်မှုထမ်းဟောင်းတွေနဲ့ အင်အား ၆၀, ၀၀၀ ရှိတဲ့ အရပ်ဘက် ( လက်နက်ပုန်းကိုင်)  ခါးပိုက်ဆောင်တပ် ကို ဖွဲ့စည်းတယ်။ ပြည်သူ့ရဲဘော်အဖွဲ့ People’s Volunteer Organization လို့ ခေါ်တယ်။ ပြန်လည်ထူထောင်ရေး လုပ်အားပေးရန် လို့ ဆိုပေမယ့် တကယ်က လွတ်လပ်ရေး မပေးရင် သူပုန်ထဖို့ပဲ။ လခ မရဘူး။ ကိုယ့်ထမင်း ကိုယ်စား ဖေဖေ့သားများ ဖြစ်တယ်။ ဖေ့ဖေ့သားတွေကို ဖေဖေက နန်းရင်းဝန်လခက ရသမျှ အနီးအနားကို ကျွေးမွေးရတယါ။ ဘုရင်ခံ ကောင်စီမှာ ဒုတိယ ဥက္ကဌ ဖြစ်ပေမယ့် ဖေဖေ မွဲနေတာ အဲဒါကြောင့်ပဲ။ 


အဲဒီကာလက မြန်မာပြည်မှာ အင်အားကြီး သူပုန်တပ်ကြီး ၂ ခု ရှိတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ ဦးအောင်ဆန်း ရဲ့ ပြည်သူ့ရဲဘော်တပ် PVO ဖြစ်တယ်။

ဗြိတိသျှ မြန်မာပြည်တပ်မတော်မှာ ချင်း၊ ကရင်၊ ကချင် တွေပါဝင်တဲ့ ဗမာ့သေနတ်ကိုင် တပ်ရင်းတွေရှိသလို၊ အသစ်ဖွဲ့ပေးတဲ့ ဗိုလ်နေဝင်းတို့ရဲ့ သာကူး ဗမာ့သေနတ်ကိုင် တပ်ရင်းတွေ ပါဝင်တယ်။ "ကြားဖြတ်အမျိုးသားအစိုးရခေါင်းဆောင်" ဝန်ကြီးချုပ် ဦးအောင်ဆန်းက ရေတပ်နဲ့ လေတပ် ဖွဲ့ပေးဖို့ အင်္ဂလိပ်ကို တောင်းဆိုတော့ ၊ ဘုရင်ခံဆာဟူးဘက်ရန့်က Burma Navy နဲ့ Burma Air Force ကို တရားဝင် အမိန့်ထုတ် တည်ထောင်ပေးတယ်။ မေယု စစ်သင်္ဘောကို ဦးအောင်ဆန်းထံ လွှဲပေးတယ်။

( မျက်စိမလည်ဖို့ .. မေယု စစ်သင်္ဘောပေါ်မှာ ဦးအောင်ဆန်း ဝတ်တဲ့ ယူနီဖောင်းဟာ မြန်မာပြည်တပ်မတော် ဝတ်စုံမဟုတ်၊ ပြည်သူ့ရဲဘော် PVO ယူနီဖောင်း ဖြစ်တယ်။ သေတဲ့ အထိ ဝတ်နေတာ PVO ယူနီဖောင်း ဖြစ်တယ်။  PVO မှာ သူက ဥက္ကဌ ဗိုလ်ချုပ် ဖြစ်နေလို့ပါ) 


လွတ်လပ်ရေး ရတဲ့အခါ ဗြိတိသျှ မြန်မာပြည်တပ်မတော် ကို တရားဝင် အစိုးရတပ်အဖြစ် လွှဲပြောင်းပေးတယ်။ အဲဒီအခါ ယနေ့ မြန်မာ့တပ်မတော်ဖြစ်လာတယ်။  " ကိုလိုနီ အမွေခံ ဘားမားရိုင်ဖယ်" နဲ့ " သာကူး ဖက်ဆစ် အမွေခံ ၊ ကွန်မြူနစ်တပိုင်း ဘားမားရိုင်ဖယ်" ဂိုဏ်း ၂ ဂိုဏ်း ဖြစ်လာတယ်။ 

ဦးနု ဖဆပလဟာ လူတန်းစား အရေး၊ လူမျိုးရေး ပြဿနာတွေနဲ့ ရင်ဆိုင်ရတယ်။ တဖက်က အင်္ဂလိပ် အခြေချခဲ့တဲ့ အရင်းရှင်နဲ့ ဗျူရိုကရက်တွေ။ ဖဆပလထဲမှာ  ဘဆွေ၊ ကျော်ငြိမ်း၊ နေဝင်း အရင်းရှင်တပိုင်း ဆိုရှယ်လစ်ဂိုဏ်းက အတွင်းရန် ဖြစ်လာတယ်။  

အပြင်ရန်က ဗကပ သူပုန်ထတယ်၊ ဗမာ့သေနတ်ကိုင် တပ်ရင်း တချို့ ဗကပ နောက်ပါသွားတယ်။ KNDO  သူပုန်ထတယ်။ ဗမာ့သေနတ်ကိုင် ကရင်တပ်ရင်း  တွေ KNDO နောက်ပါသွားတယ်။ ပြည်သူ့ရဲဘော် သူပုန်ထတယ်။ ရှမ်းစော်ဘွားတွေ အာဏာစွန့်ရတော့ ၈ ပြည်နယ်မူနဲ့ အညှောင့်ထောင် ခွဲထွက်ဖို့ လုပ်တယ်။ ဗမာ့သေနတ်ကိုင် ရှမ်းတပ်ရင်းတွေ သူပုန်ထတယ်။

အဲဒီလို နဲ့ " ကိုလိုနီ အမွေခံ ဘားမားရိုင်ဖယ်" နဲ့ " သာကူး ဖက်ဆစ် အမွေခံ ၊ ကွန်မြူနစ်တပိုင်း ဘားမားရိုင်ဖယ်" ဂိုဏ်း ၂ ဂိုဏ်းဟာ ပြည်တွင်းစစ် ဖြစ်တယ်။ 

ပြည်တွင်းစစ်အစမှာ ဗကပ၊ ပြည်သူ့ရဲဘော်နဲ့ တောခို ဗမာ့သေနတ်ကိုင်တပ်ရင်းတွေ၊ KNDO ကို တိုက်တာ၊ .... ဖက်ဆစ်ဂိုဏ်း သေနတ်ကိုင် ဗမာတပ်ရင်းတွေနဲ့ ကိုလိုနီဂိုဏ်း  သေနတ်ကိုင် ကချင်တပ်ရင်း၊ သေနတ်ကိုင် ချင်းတပ်ရင်းတွေ ဖြစ်တယ်။  ရှမ်းတပ်ရင်းတွေလည်း ပါဝင်တယ်။

နေဝင်း ကျရှုံးခါနီးအထိ အောင်မြင်ပြီးမှ KNDO ပြန်လန်သွားတဲ့ အင်းစိန်တိုက်ပွဲမှာ ဘယ်သူတွေပါဝင်သလဲ ကြည့်ရင်  .. နေဝင်းဘက်က  ဗမာ့သေနတ်ကိုင် တပ်ရင်း ၃၊ ၅၊    ချင်းသေနတ်ကိုင် တပ်ရင်းများ၊  ကချင်သေနတ်ကိုင်တပ်ရင်းနှင့်   ပြည်ထောင်စု စစ်ရဲတပ်  ပါဝင်တယ်။ စောဘဦးကြီးဘက်က  KNDO ၊  ကရင်သေနတ်ကိုင် တပ်ရင်း ၁ ၊  ကရင်သေနတ်ကိုင် တပ်ရင်း ၂  ပါဝင်တယ်။

   တဖြည်းဖြည်းနဲ့ နေဝင်းရဲ့ ဖက်ဆစ်ဂိုဏ်း သေနတ်ကိုင် ဗမာတပ်ရင်းတွေက အာဏာသိမ်းယူလာတယ်။

ဒီတော့ မြန်မာ့တပ်မတော်ဟာ ဗမာလူမျိုးကြီး ဝါဒနဲ့ ထူထောင်ထားတဲ့ တပ်မတော် မဟုတ်သလို၊ ဖေဖေ့တပ်မတော်လည်း မဟုတ်ဘူး။ ဖက်ဆစ်ဂိုဏ်းနဲ့ ကိုလိုနီဂိုဏ်း ၂ ဖွဲ့ အာဏာလုရင်း ဖက်ဆစ်ဂိုဏ်းက အသာရသွားတဲ့အခါ ၊ ကိုလိုနီဂိုဏ်းက မစားရတဲ့ စပျစ်သီး ချဉ်နေကြတာ ဖြစ်တယ်။

---

"ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ဝါဒ ဖြစ်တယ်။ NLD၊ NUG၊ PDF ဟာ ဒေါ်အောင်ဆန်းစုကြည်ဝါဒနဲ့ ဆန့်ကျင်တယ်" ဆိုပြီး ပုတ်ခတ်တိုက်ခိုက်လာတယ်။ ဒီတော့ သားအဖ ၂ ယောက်စလုံးရဲ့ အကြောင်း တခါထဲ ပြောပါမယ်။

✅  ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အကြမ်းဖက်ဝါဒ။

သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း ဟာ အကြမ်းဖက်သမား ဆိုတာ မေးစရာ မလိုဘူး။ ​ကျောင်းသားဘဝထဲက ဘင်္ဂလီ လုပ်ကြံthat ဖြတ်ရေး သမားတွေလို လုပ်သင့်တယ်လို့ ပြောဆိုခဲ့တယိ။ ဗကသ ဥက္ကဌ ဘဝမှာ အင်္ဂလိပ် ဂျာနယ်လစ်တယောက်နဲ့ တွေ့တော့ ကုတ်အင်္ကျီ ပြဲဆုတ်အောင် သူ့ဖောင်တိန်ကို လုယူပြပြီး " လွတ်လပ်ရေး ကို တောင်းယူလို့ မပေးရင်၊ ဟောဒီလို လုယူမယ်" လို့ ပြောတယ်။ 


အိုင်ယာလန် ဆင်ဖိန်း ကို အတုယူ ဖွဲ့စည်းထားတဲ့ တို့ဗမာအစည်းအရုံးထဲ ဝင်ရောက်ပြီး သခင်ဖြစ်လာတယ်။   နောင်အခါ ဆင်ဖိန်းရဲ့ လက်နက်ကိုင်တပ် ဖြစ်တယ်လို့ ဆိုကြတဲ့ အိုင်ယာလန် IRA ဟာ လောဒ့်မောင့်ဘက်တန်ကို ဗုံးခွဲ လုပ်ကြံခဲ့တယ်။  တို့ဗမာအစည်းအရုံးထဲမှာ ဘင်္ဂလီ လုပ်ကြံthat ဖြတ်ရေး သမား တွေနဲ့ ဆက်သွယ်တယ်။ ဘင်္ဂလီကွန်မြူနစ်တွေနဲ့ ဆက်သွယ်တယ်။ ဗကပ ကို ဖွဲ့စည်းတယ်။ တို့ဗမာအစညိးအရုံး က " လူမိုက် အလိုရှိတယ်" လို့ ကြေညာတယ်။

ဟင်္သာတ တရားပွဲမှာ "လွှတ်တော်နိုင်ငံရေးနဲ့ ကိုလိုနီအောက်က မလွတ်နိုင်၊ လက်နက်ကိုင်  အကြမ်းဖက် သူပုန်ထရမယ့် " တရားဟောလို့ ဆုငွေ ၅ ကျပ်နဲ့  ဝရမ်းအထုတ်ခံရတာ ဖြစ်တယ်။ ဝရမ်းပြေး အောင်ဆန်းဟာ ဂျပန်အထိ ပြေးတယ်။ ဂျပန်က မြန်မာပြည် ကျူးကျော်ရေးမှာ အောင်ဆန်းတို့  လူမိုက် လေးတွေကို ​BIA နာမည်နဲ့ သူပုန်တပ် ဖွဲ့ပေးတယ်။ 

BIA ဆိုတာ သေနတ်မကိုင်ပဲ ဘောပင်ကိုင်တာ မဟုတ်။ ရဲဘော်  ၃၀ မှာ သခင်ထွန်းအုပ်က အုပ်ချုပ်ရေး သင်တယ်။ နေဝင်းကို လုပ်ကြံ ဖောက်ခွဲရေး သင်တန်းပေးတယ်။ ပထမဆုံး "ပြည်တွင်းသူပုန် " အုပ်စုကို နေဝင်းက ဦးဆောင်ပြီး တံတားတွေ အဆောက်အအုံတွေ ဂိုဒေါင်တွေ လူတွေကို that ဖြတ် ဖျက်ဆီးစေတယ်။

ဗိုလ်တေဇဟာ မုဒုံမြို့ ဘောလုံကွင်းမှာ ရွာသူကြီးကို ခုတ် that ခဲ့တယ်။ နောင်အခါ သခင်ထွန်းအုပ် ဖော်ကောင်လုပ်လို့ အင်္ဂလိပ်အစိုးရက ဖမ်းဆီးဖို့ လုပ်တယ်။  BIA ဟာ နောင်အခါ အင်္ဂလိပ်ဘက်ကူးပြီး ဂျပန်ကို ချတယ်။ အင်္ဂလိပ် အနိုင်ရတယ်။ အင်္ဂလိပ်ဟာ BIA တဖြစ်လဲ PBF ကို ဒုတိယကမ္ဘာစစ် ပွဲ မှာ ပါဝင်မှုနဲ့  တရားစွဲဖို့အထိ ကြံစည်ခဲ့တယ်။ လော့ဒ်မောင့်ဘက်တန် ကောင်းမှုနဲ့  ဒီလိုမဖြစ်တာ။

PBF ကို ဖျက်သိမ်းပြီး ဗြိတိသျှ မြန်မာပြည်တပ်မတော်အောက် တဦးချင်း လက်ခံတော့၊ ဗိုလ်ချုပ်အောင်ဆန်းဟာ မပါဝင်တော့ပဲ၊ ( လက်နက်ပုန်းကိုင်) PBF စစ်မှုထမ်းဟောင်းတွေနဲ့ ပြည်သူ့ရဲဘော်အဖွဲ့ကို ဖွဲ့တယ်။ အင်္ဂလိပ်က လက်နက်အပ်ဖို့ပြောတယ်။ မအပ်ဘူး။ ဦးအောင်ဆန်းက " ရ ရင် ရ၊ မရရင် ချ" မယ်လို့ ပြောတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်မှာ " လွတ်လပ်ရေးကို အသာတကြည် မပေးရင်" အကြမ်းပတမ်း" လုပ်ရမယ်လို့ ပြောခဲ့တယ်။

မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီ ဒု-သဘာပတိ (ဝန်ကြီးချုပ် ) ဦးအောင်ဆန်း ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း - "အဲဒီလို အာဏာ လွှဲပြောင်းတာဟာ အေးအေးဆေးဆေးနဲ့လဲ လုပ်ချင် လုပ်နိုင်တာဘဲ။ ဒီလိုမှ မဟုတ် အကြမ်းပတမ်းဖက်ပြီးလဲ လုပ်ချင် လုပ်ရမှာဘဲ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အာဏာ လွှဲပြောင်းတာ မရှိဘဲနှင့် လွတ်လပ်ရေး မရနိုင်ဘူး။ " (၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ မိနစ် ၄၀ )


✅ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်ဝါဒ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ လူထုအုံကြွမှုကြီးမှာ ဒီမိုကရေစီရေး အတွက် စစ်တပ်နဲ့ ရင်ကြားစေ့ပေးဖို့ ကြိုးစားလို့ နိုဗယ်ဆုရတယ်။ စစ်တပ်က လူထုကို အကြမ်းဖက် လို့ သူက အကြမ်းမဖက်ရေး တရားဟောပြောတယ်။ ကျောင်းသားတွေ တောခိုတာ သူ အားမပေးဘူး။ ၂၀၁၂ မှာ အမေရိကန်၊ တရုပ်၊ အီးယူ၊ အာဆီယံက သိန်းစိန်ကို reformer ပြင်ဆင်ရေးသမားလို့ ဘုံမြှောက်တယ်။ NLD ကို ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို စွန့်ပြီး၊ လွှတ်တော်ထဲ ဝင်ပြီး ၂၀၀၈ ခြေဥကို ပြင်ဆင်ဖို့ ( ဝင်/ပြင် လမ်း) လိုက်ဖို့ တွန်းအားပေးတယ်။ NLDဟာ ဝင်/ပြင် လမ်းစဉ်ကို လိုက်ခဲ့တယ်။ ဦးဝင်းတင်ရဲ့ ပြင်/ဝင် အဆိုကို ထောက်ခံသူ နည်းခဲ့တယ်။


အိုဘားမားနဲ့ အတူပါလာတဲ့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို " သင်ဟာ အစိုးရ ရာထူး ယူတော့မယ်။ အရင်လို ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဟုတ်တော့ဘူး။ ဒီကွဲပြားမှုဟာ သင့်အတွက် စိန်ခေါ်မှုပဲ" သတိပေးခဲ့တယ်။

၂၀၁၅ မှာ NLD စစ်တပိုင်း အစိုးရ ခေါင်းဆောင် ဖြစ်လာတယ်။ NLD ဟာ ပါတီတခုအနေနဲ့ အကြမ်းမဖက်ရေးကို ဆွဲကိုင်လို့ ရပေမယ့်၊ NLD စစ်တပိုင်း အစိုးရ ဖြစ်လာတဲ့အခါ၊ ဗခထွန်းမြတ်နိုင်ပြောသလို " စစ်မြင်းရထားကို မောင်းနှင်ရတော့" တယ်။ ဒီ စစ်မြင်းရထားဟာ ဘုရားအလောင်း မြင်းလိမ္မာ က, တဲ့ ရထား မဟုတ်။ အနှစ် ၇၀ လူ that အကြမ်းဖက် ရွာမီးရှို့ ဗုံးကြဲ နေတဲ့ မိစ္ဆာ မြင်းမောင်းနှင်တဲ့ နတ်ဆိုးစစ်ရထား ဖြစ်တယ်။

အဲဒီ စစ်မြင်းရထားပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတော်စင် လို နေလို့ မရဘူး။ စစ်မြင်းရထား တက်,ကြိတ်သမျှ တာဝန်ခံရတယ်။ စစ်မြင်းရထားဟာ အကြမ်းဖက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မထိန်းချုပ်နိုင်ဘူး။ သူဟာ အစိုးရခေါင်းဆောင် ဖြစ်တယ်။ လက်အောက် အဖွဲ့အစည်းတခုကို ကြေညာချက်ထုတ် ကန့်ကွက်တာ ဓမ္မတာ မဟုတ်ဘူး ။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးလို့ AA ကို ရဟတ်ယာဉ်နဲ့ ပစ်တာလို့ ထုတ်ပြောတယ်။ သူမဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို တာဝန်ခံရတယ်။ ဒါဟာ နမူနာ တခုမျှသာ ဖြစ်တယ်။

လက်ပန်းတောင် မှာ ရဲနဲ့ တပ်က လောင်မီးဗုံးနဲ့ တိုက်ခိုက် တော့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစီရင်ခံစာမှာ မီးခိုးဗုံးလို့ ဖော်ပြတယ်။ ကျောင်းသား ဒီမိုကရေစီ ပညာရေး သပိတ်မှာ ရဲတွေက ရိုက်နှက် ဖြိုခွဲ ဖမ်းဆီးတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရေငုံနှုတ်ပိတ်နေရတယ်။ ရိုဟင်ဂျာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်​တော့လည်း ICJ တက်ပြီး လျောက်လဲချက် ပေးရတယ်။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ "အကြမ်းမဖက်ဝါဒကို အမြဲတမ်း ရဲရဲတောက် ကိုင်စွဲနေတာ မဟုတ်ဘူး " ဆိုတဲ့ သက်သေတွေပဲ။ အဆိုးဆုံးက အမေရိကန် US Holocaust Memorial Museum ဂျီနိုဆိုက် ပြခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင် ရုပ်ပုံနှစ်ခုကို ယှဉ်တွဲ ဖော်ပြထားတာ အလွန်တရာမှ အရှက်ရစရာဖြစ်တယ်။



ဒေါ်အောင်ဆန်းစုကြည်ကို ရိုးရိုးသာမန် အကြမ်းဖက်ရေးတောင် မကဘူး၊ ဂျီနိုဆိုက်နဲ့ စွပ်စွဲခံရတယ်။ ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရုပ်သိမ်းဖို့ တောင်းဆိုကြတယ်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်များ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် ကိုကြဉ်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတိုင်း ပြန်လွှတ်ပေးဖို့ အမြဲတောင်းဆိုလေ့ရှိတဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒလိုင်းလားမား၊ ဒက်စမွန်တူးတူးတို့ဟာ ဒီတခါမှာ ပေလယျကံ ပစ်ထားလိုက်ကြပြီ။

NLD ဟာ ပါတီတရပ်အနေနဲ့ အကြမ်းမဖက်ရေးကို စွဲကိုင်လို့ ရပေမယ့်၊ အစိုးရတရပ်ဖြစ်လာရင် အကြမ်းမဖက်ရေးကို စွန့်လွှတ်ရမှာ လောက ဓမ္မတာ ဖြစ်တယ်။ ။ ဒီ လောကဓမ္မတာကို သိလို့ တေမိမင်းသားဟာ တိုင်းပြည်အုပ်ချုပ် မင်းမလုပ်ပဲ၊ တောထွက် ရဟန်းပြုတာ ဖြစ်တယ်။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူဖြစ်စေ၊ မင်းဆိုးမင်းညစ်ကို ပုန်ကန်တဲ့ မင်းလောင်း ဖြစ်စေ၊ အကြမ်းဖက်ကြရပဲ။ ထေရဝါဒ ဗုဒ္ဓဘာသာ ကို ပုဂံကို အခြေချပေးတဲ့၊ အနော်ရထာဟာ နောင်တော် စုက္ကေးမင်းကို သတ်ပြီးမှ ဘုရင် ဖြစ်တာပါ။ ပဉ္စမသဂင်္ိါယနာတင် ဘဝရှင် မင်းတုန်းမင်းဟာ နောင်တော် ပုဂံမင်းကို အကြမ်းဖက် ပုန်ကန် နန်းချပြီးမှာ ဘုရင်ဖြစ်တာပါ။ အကိုကို ညီက သတ်၊ အဖေကို သားက သတ်ပြီး တည်ထောင်ကြတဲ့ မြန်မာမင်းဆက်တွေပါ။ ဒါကို မဘသ ဝါဒီတွေက ဂုဏ်ယူနေကြတယ်။

အနုနည်းနဲ့ မရရင်၊ အကြမ်းဖက်ကြတာချည်းပဲ။ တောင်တရုပ်ပင်လယ်မှာ အမေရိကန် လေယာဉ်သင်္ဘောတွေ ထားပြီးမှ ဂျိုးဘိုင်ဒန်နဲ့ ရှီကျင့်ဖျင် ငြိမ်းချမ်းရေး စကားပြောတာပါ။ လူသားမျိုးနွယ်ကို ပျက်သုဉ်းစေတဲ့ အနှိုင်းမဲ့ အကြမ်းဖက် ပစ္စည်းတွေ နူကလီယားလက်နက်တွေကို ကိုင်စွဲထားကြ၊ ရဖို့ ကြိုးစားနေကြသူတွေက " အကြမ်းမဖက်ရေး" ပြောလာရင် ... ဒီကာတွန်း ပုံလေးသာ ပြလိုက်ပ




Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)