Posts

ဒေါ်အောင်ဆန်းစုကြည် အသုံးချခံ နေရတဲ့ ပြဿနာများ

Image
  ဒေါ်အောင်ဆန်းစုကြည် အသုံးချခံ နေရတဲ့ ပြဿနာများ ( ဒီအကြောင်းရေးရရင် သူ ကိုယ်တိုင် ဘူလုံးနားမထွင်း ပြောမိခဲ့တဲ့ ကိစ္စတွေ ပါဝင်နေတယ်။ ဒါပေမယ့် အမှန်တရားကို ပြောတဲ့အခါ ငဲ့ညှာနေမှာ မဟုတ်။)  ✅  ဖေဖေ့ တပ်မတော် ကိစ္စ။ ယနေ့ မြန်မာ့တပ်မတော်သည် ရှေးမြန်မာဘုရင်တွေ တည်ထောင်တဲ့ တပ်မတော် မဟုတ်တာ သေချာတယ်။ ဘုရင်၃ ပါးရုပ်တုနဲ့ ဘာမှ မဆက်စပ်။ ကုန်းဘောင်ဆက် သီပေါမင်းအနွယ်တော်တွေ တည်ထောင်တာမဟုတ်။  ယနေ့ မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်တဲ့ တပ်မတော်လို့ ပြောနေကြတယ်။ ဒါရော မှန်ကန်ပါသလား။  ဒုတိယ ကမ္ဘာစစ်မှာ .. ဖက်ဆစ်ဂျပန်က မြန်မာပြည်သိမ်းရန် အတွက် ဗိုလ်တေဇ (အောင်ဆန်း ) အပါအဝင် လူငယ်တစုကို စစ်ပညာသင်ပေးပြီး ဗန်​ေကာက်မှာ BIA ကို ဖွဲ့ပေးတယ်။  BIA ဆိုတာ တင့်ကားတွေ၊ လေယဉ်တွေနဲ့ နိုင်ငံစစ်တပ်ကြီး မဟုတ်။ Chain of Command က ဗိုလ်ချုပ်အောင်ဆန်း လက်ထဲ မရှိ၊ ဂျပန်တပ်မတော်ရဲ့ နောက်လိုက် ခိုင်းဖက်သာ ဖြစ်တယ်။ နောင် အခါ BDA၊ ထိုမှ BNA၊ ထိုမှ PBF   ဆိုပြီး နာမည်ပြောင်းတယ်။  ဒါက ဂျပန်ဘက် အခြမ်း။ အင်္ဂလိပ်ဘက်ခြမ်းကို ပြောပါမယ်။ အင်္ဂလိပ်ဟာ ပထမကမ္ဘာစစ်မှာ .. အီရန်မှာ စစ်...

“ကြွက်မနိုင်လို့ ကျီ - မီးတင်ရှို့တဲ့ မိုက်မဲမှုမျိုး” - မောင်ကျော်မော်

Image
 “ကြွက်မနိုင်လို့ ကျီ - မီးတင်ရှို့တဲ့ မိုက်မဲမှုမျိုး” - မောင်ကျော်မော် ၁။ နိုင်ငံရေးပြဿနာတွေကို ပြောတဲ့အခါ သမိုင်းအရ - လက်တွေ့အရ အခိုင်အမာဆန်းစစ်ပြီး မိမိကိုင်စွဲထားတဲ့ နိုင်ငံရေး အယူအဆ သဘောထားအမြင်နဲ့ တည်ကြည်ရဲရင့်စွာတင်ပြဖို့ လိုအပ်ပါတယ်။ ၂။ ခွဲထွက်နိုင်သော အခွင့်အရေး ( Right of Secession ) ဟာ တချိန်က အခြေခံဥပဒေ ( ၁၉၄၇ ခုနှစ် ) အရဆိုရင် “တရားဝင် အခွင့်အရေး” ဖြစ်တယ်။ ဒီအခြေခံဥပဒေဟာ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် မတ်လအထိ ( ၁၆ ) နှစ်မျှ အာဏာတည်ခဲ့တယ်။ ဒီအခြေခံဥပဒေကို ဖျက်ပြီး အာဏာသိမ်းပိုက်ခဲ့တာ ဗိုလ်နေဝင်း စစ်အုပ်စုဖြစ်တယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြောင်းပြချက်က “ခွဲထွက်ရေးကြောင့်” ပြည်ထောင်စုကြီးပြိုကွဲတော့မှာဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်တယ်။ ၃။ မင်းသေ့က “ခွဲထွက်ရေး”ကို ရေလာမြောင်းပေးသလို - မြှောက်ထိုးပင့်ကော်ရေးနေပေမယ့်။ “ဒို့တာဝန်အရေး ၃ ပါး” ကို ဘယ်သတ္တဝါတွေက ဘယ်လိုအကြောင်းပြချက်နဲ့ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ ဘာရည်ရွယ်ချက်နဲ့ အသုံးပြုနေသလဲဆိုတာကို ခွဲခြမ်းဆန်းစစ်ရေးသားပြမထားဘူး။ ( မြန်မာစစ်တပ်လား - စစ်အုပ်စုအကျိုးစီးပွား ဆိုတဲ့ စကားလုံးလေး ၂ လုံးပဲပါတယ် ) “ခွဲထွက်ရေး” ဆိုတာကို ဒီနေ့အထ...

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့်လမ်းညွှန်ပြဋ္ဌာန်းချက်။ ဦးအောင်ဆန်း [ရန်ကုန်မြို့မ ( လမ်းမတော်) ] အဆို။

Image
ခွန်မားကိုဘန်တို့လို မြင်ဆရာတွေက အစ ရေးသားထားတဲ့ ဖက်ဒရယ်စာတမ်းတွေ အင်တာဗျူးတွေမှာ အင်္ဂလိပ်ခေတ်  Burma   Frontier Service အောက်က ချင်း ကချင် ရှမ်းဟာ မြန်မာပြည်ရဲ့ အစိတ်အပိုင်း မဟုတ်ပါဘူး ဆိုတာမျိုး ... ၊ Areas in Burma to whcih Special Provisions Apply ဆိုတာကို ကိုယ်ပိုင်အုပ်ချုပ်ရေးရခဲ့တယ် ဆိုတာမျိုး... ၊     အိန္ဒိယနဲ့ မြန်မာပြည်အတွက် မပါဝင် ဘာမှ သုံးမရတဲ့ အတ္တလန္တိတ်ချာတာကို စကားထဲထည့်ပြော ဂျင်းထည့်တာမျိုး .... ၊ ဗိုလ်ချုပ်အောင်ဆန်း ပြင်ဆင် တင်သွင်းတဲ့ လမ်းညွန်ချက် ၇ ချက်ကို လိုရာစွဲ ပြောတာ/ အကျယ်ရှင်းလင်းချက်ကို ဖုံးထားပြီး အချက် ၇ ချက်ကို စာသားပြုပြင် ဝါဒဖြန့်တာမျိုး ... ဗိုလ်ချုပ်အောင်ဆန်းနဲ့ စော်ဘွား ဒူဝ ရမ်အုပ်ါတွေ သဘောတူတာတွေသာမက အစည်းအဝေးပြင်ပ သူတို့ဘာသာ side meeting တွေမှာ ဆွေးနွေးတာတွေပါ ထည့်ပြောနေတာမျိုး/ ဖုံးကွယ် ဖယ်ချန်ပစ်တာမျိုး ....၊ ပင်လုံကတိ ဆိုတာမှာ စော်ဘွား ဒူဝ ရမ်အုပ်တွေ ပြောတဲ့ အထဲက လိုရာကို ယူပြီး မလိုချင်တာ ( ဥပမာ US Federal System /North Eastern Frontier Province) ပစ်ပယ်တာမျိုး ... ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်ချက်ဆိုပြီး ဗိုလ်ချု...