Posts

Showing posts from June, 2022

စစ်ကောင်စီ၏ PR ရွေးကောက်ပွဲစနစ်သည် ရာသက်ပန် စစ်ကျွန်စနစ်ဖြစ်သည်။

Image
စစ်ကောင်စီ၏ PR ရွေးကောက်ပွဲစနစ်သည် ရာသက်ပန် စစ်ကျွန်စနစ်ဖြစ်သည်။ ကမ္ဘာနိုင်ငံများသည် မိမိတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲကို ကျင်းပကြပါသည်။ မြန် မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် (First Past of the Post- FPTP) သာမန်မဲအများစုရသူ အ နိုင်ရသည့် ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးကြပါသည်။ FPTP ရွေးကောက်ပွဲစနစ်သည် တိုင်းရင်းသာလူမျိုးများ၏တန်းတူအခွင့်အရေးကို ဖော်ဆောင်ပေးနိုင် မည်မဟုတ်ဟု ဝေဖန်ထောက်ပြနေကြသည်။ Legal Aid Network တည်ထောင်သူ ဦးအောင်ထူးက မြန် မာနိုင်ငံ၌ ကျင့်သုံးနေသည့် (FPTP) သာမန်မဲအများစုရသူ အနိုင်ရသည့်စနစ်သည် တိုင်းရင်းသားပါတီ များသည် မည်သည့်ဥပဒေတစ်ခုကိုမျှ ပြုနိုင်မည့်အခြေအနေ ရောက်မှာမဟုတ်ဟု ထောက်ပြသွားပြီး မြန် မာနိုင်ငံအတွက်(Proportional Representative-PR) အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို စဉ်း စားသင့်တယ်လို့ MCN TV News သတင်းဌာနနှင့် မေးမြန်းခန်းတစ်ခုတွင် ပြောဆိုသွားပါသည်။ (First Past of the Post- FPTP) အများစုရသူ အနိုင်ရသည့်စနစ် ကမ္ဘာ့ပေါ်တွင် ရွေးကောက်ပွဲစနစ်အများအပြားရှိသော်လည်း (First Past of the Post- FPTP) သာမန်မဲ အများစုရသူ အနိုင်ရသည့်စနစ်၊ ဒုတိယအက

NUCC ထဲမှာ ဒေဝဒတ်တွေ ရောက်နေသလား

NUCC ထဲမှာ ဒေဝဒတ်တွေ ရောက်နေသလား ▪️ဒေဝတ်က သံဃာသင်းခွဲတော့ လုပ်တဲ့  နည်းက အဆင့်မြင့်တယ်။ ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို  "ဖီလာဆန့်ကျင်" မလုပ်ဘူး သာမန်လူသား သာမန်အခြေအနေမှာ ကျ င့်သုံးလို့ မရတဲ့ " ပိုပြင်း ထန်" တဲ့ ကျင့်စဉ်တွေကို ချပြ တယ်။ (၁) ဗုဒ္ဓက ခွင့်ပြုရင် - မကျင့် နိုင်သူနဲ့ ကျင့်နိုင်သူ သံဃာ ၂  ခြမ်းကွဲမယ် (၂) ဗုဒ္ဓက ခွင့်မပြုရင် - ဗုဒ္ ဓတရားတော်တွေ ထက် သာလွန်ကြောင်း  ပြောပြီး သံဃာ ၂ ခြမ်းကွဲမယ်  ဒေဝဒတ်တောင်းဆိုတဲ့ ကျင့်စဉ်တွေ ကို ကြည့်ရင် "ဓူတင်" ဆောင် ရဟန် းတွေရဲ့ ကျင့်စဉ် ဖြစ်တယ်။ သာမန် ထက် သာလွန်တဲ့ မဟာပုရိသ တွေသာ ကျ င့်နိုင်တယ်။ ဓူတင်ဆောင် ရဟန်းတွေဟာ မဂ်ဖိုလ် ရရန် ပြင်းထန်တဲ့ အကျင့်ဖြစ်တယ် ။ သီအိုရီအရ မှားသလား ဆိုတော့ မမှ ားဘူး ပိုတောင် မြင့်မြတ်ပါသေး တယ်။ ဒါပေမယ့် လက်တွေ့မှာ သာမန်  ပုထုစဉ် သံဃာတွေလည်း ပါဝင်နေတဲ့  အဖွဲ့အစည်းမှာ အတင်းအကြပ် ကျင့် ခိုင်းလို့ မရဘူး။  မြတ်စွာဘုရားရှင် ခွင့်ပြုတော်  မမူသော  ဒေဝဒတ် တောင်းဆိုသော အချက် (၅)  ချက် ၁ ။ သံဃာတော်များ ကပ်လှူဆွမ်း အစား ခံဆွမ်းသာစားရန်။ ၂ ။ လှူသင်္ကန်းအစား ပံ့သကူသာ ဝတ်ရန်။ ၃ ။ ကျောင်းတိုက်အစား သစ

ဧရာလွင်ရဲ့ ကံကြမ္မာ

Image
ဧရာလွင်ရဲ့ ကံကြမ္မာ ၁၉၆၈ ခုနှစ်မှာ မုံးကိုးဒေသကို သိမ်းပြီး ဗ.က.ပတွေ လွတ်မြောက်ဒေသထူထောင်လိုက်ပြီဆိုတာ ကြားရချိန်မှာ နိုင်ငံရေးပိုးထလာပြန်တဲ့ မင်းလတ်ရဲခေါင်ဟာ အခြေခံဒေသထဲသွားဖို့ ဇွတ်အတင်း တင်ပြတောင်းဆိုလာခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ မင်းလတ်ရဲခေါင်ဟာ မုံးကိုးအခြေခံဒေသထဲကို ရောက်ရှိသွားခဲ့ပါတယ်။ မြန်မာ့မြေပြန်ခြေချမိတဲ့အခါ ပညာရှင်ကြီးဟာ မျက်ရည်တသွင်သွင်နဲ့ မြေကြီးကို ကုန်းရုန်းနမ်းခဲ့တယ်လို့ ကြားမိပါသေးတယ်။ သန်းစိုးနိုင် ပြီးခဲ့တဲ့ကာလတွေကနေ ခု ၂၀၂၀ရွေးကောက်ပွဲလွန်ကာလ အစိုးရသစ်ဆန်းစပြုလာတဲ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ရေးကြပြောကြတာ၊ ဆွေးနွေးကြတာတွေ အတော်များပါတယ်။ ဒီလိုဆွေးနွေးပြောဆိုကြရာမှာ တိုင်းရင်းသားပါတီအတော်များများက မြန်မာပြည်နယ်တစ်ခုအဖြစ် ပါဝင်တဲ့ ရှစ်ပြည်ထောင်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးအကြောင်း အဆိုပြုကြတော့ ကွယ်လွန်သူ ဆရာ “မင်းလတ်ရဲခေါင်” ကို ပြန်လည်သတိရ လွမ်းတမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ရှစ်ပြည်ထောင်ဖက်ဒရယ်ပြည်ထောင်စုအကြောင်း အစောဆုံးနဲ့ စနစ်အကျဆုံး တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဆရာမင်းလတ်ရဲခေါင်လည်း ရှေ့တန်းက ပ