မ ထူး တော့ ဘူး
မြန်မာပြည်ကို အဂ်လိပ်အုပ်စိုးထားတဲ့အချိန်... ။
နီပေါနိုင်ငံမှာပေါ့...။
မြန်မာပြည်ကိုလာရောက်ပြီး တာဝန်ထမ်းဆောင်မယ့် နေပါလိ ဂေါ်ရခါးစစ်သားလေးကို သူ့အဖေ အငြိမ်းစားစစ်ပြန်ကြီးက သေချာမှာတယ်... ။
" မြန်မာလူမျိုးတွေက သဘောကောင်းတယ် ... ဖော်ရွေတယ်... ယဥ်ကျေးတယ်... ဘာသာတရားကိုင်းရှိုင်းတယ်...ချစ်စရာ အင်မတန်ကောင်းတယ်... ။
" ဒါပေမယ့် သူတို့ပါးစပ်ကနေ ... " မထူးတော့ဘူး " ဆိုတဲ့စကားအသံတွေထွက်လာရင် ချစ်စရာအကောင်းဆုံးလူမျိုးကနေ ကြောက်စရာအကောင်းဆုံးလူမျိုးဖြစ်သွားတယ်... ။ "
"အဲ့စကားအသံထွက်လာပြီးရင် သူတို့က ဘာကိုမှမကြောက်တော့ဘူး... ။ သေရမှာလည်း မကြောက်တော့ဘူး... သတ်ရမှာလည်း မကြောက်တော့ဘူး... ။ ဘုရားလည်းမကြောက်တော့ဘူး... ငရဲလည်း မကြောက်တော့ဘူး... ။ မလုပ်ရဲတာ ဘာမှမရှိတော့ဘူး... ။"
" ငါ့သား ... မြန်မာတွေပါးစပ်ကနေ " မ ထူး တော့ ဘူး " ဆိုတဲ့စကားအသံထွက်လာရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အိမ်ကိုရောက်အောင် ချက်ချင်းပြန်လာခဲ့တော့... " အဲ့လိုဆုံးမပြီး... " မ ထူး တော့ ဘူး " ဆိုတဲ့ မြန်မာစကားလေးလုံး အလွတ်ရအောင် ကျက်ခိုင်းပါတယ်... ။
ပြောချင်တာက ကျနော်တို့လူမျိုးတွေအကြောင်းကို တခြားလူမျိုးတွေက ပိုသိနေတယ် ဆိုတာပါပဲ... ။
ရဲစွမ်းသတ္တိ ၊ သေရဲ ၊ သတ်ရဲ ၊ တိုက်ရည်ခိုက်ရည် ပြည့်ဝတဲ့နေရာမှာ ကမ္ဘာကျော်နာမည်ကြီးတဲ့ နေပါလိ ဂေါ်ရခါးစစ်သားတွေတောင် ကြောက်ရတဲ့ မြန်မာတို့ရဲ့ "မ ထူး တော့ ဘူး " ဆိုတဲ့ စကားလေးလုံး...။
ဘာရယ်မဟုတ်ဘူး ... လောလောဆယ် ခေါင်းထဲပေါ်လာလို့... အဘ မင်းသိခ်ပြောဖူးတာလေးကို ဖောက်သည်ပြန်ချတာပါ...။
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း
( ဂေါ်ရခါးစစ်သားတွေဟာ "စစ်နတ်ဘုရားရဲ့သားတော်" တွေလို့ ကင်ပွန်းတပ်ခံရသူတွေပါ။ )
Comments
Post a Comment