ပါးပါးလေးနဲ့ ပူးသတ်နေတဲ့ ဒုတိယ ကျော်ဝင်း (ခ) မင်းသေ့

ပါးပါးလေးနဲ့ ပူးသတ်နေတဲ့ ဒုတိယ ကျော်ဝင်း () မင်းသေ့က


" အနီ အစိမ်း ပြဿနာ " ——— ****

" အီလည်လည် မှာ တတိယ အင်အားစု"  

" NLD အကွဲအပြဲ"

" ဗမာလူမျိုးကြီး မဟာခေါင်းဆောင်မှု

" ရခိုင် ခွဲထွက်ရေး"


ဆိုတဲ့ ဂျင်းတွေ အတောင့်လိုက် ထည့်ပါပြီ


တိုင်းရင်းသားတွေအဖို့   အချိုရှာ သကာတွေ့ ဆိုသလို လေးတွေ ချကျွေးနေတော့  ဖတ်ကောင်းကြပေမယ့်  

ကျော်ဝင်းဂျင်း  အန္တရာယ် အနံ့တောင် မကဘူး အလုံးအထည်လိုက်ကြီး တွေ့နေရပြီ ..  ဟောဒီ မင်းသေ့ရေးတဲ့ စာတွေ ထုတ်နုတ်ဖတ်ကြည့် ပါ။  ရှေ့နောက် မညီ ကပေါက်တိ ကပေါက်ချာ တွေ ရေးနေတာ တွေ့ရလိမ့်မယ်။


စစ်အာဏာသိမ်းတဲ့အကြောင်းရင်းက    .. ပြည်သူက က ဒီမိုကရေစီ ဘက် NLD ဘက် မဲထည့်လို့ 

စစ်တပ်က စိုးရိမ်ပြီး သိမ်းတယ်  ... ဆိုပဲ 


ကျော်ဝင်း  ဂျင်းက 

နှစ်ပေါင်း ၇၀ တည်တောက်ထားတဲ့ စနစ်ကြီး တခုကို  အမြစ်ကလှန်ပြီး ပြောင်းလဲချင်တာ ရယ်ဒီကယ် ( အမြစ်လှန်ဝါဒဟာ  အစွန်းရောက် တယ်။  NLD မှာ အဲဒီလို ရယ်ဒီကယ်တွေကို ဖယ်ထုတ် ချောင်ထိုးထားရမယ်။  ဒါမှ စစ်တပ်နဲ့ ရင်ကြားစေ့လို့ ရမယ်။  ၂၀၀၈ ခြေဥပေးထားချက် မူ ဘောင်ထဲက  စစ်တပ်ကို တဖြည်းဖြည်း ဖြောင်းဖြရမယ်။  "မသန်မစွမ်း"ကို "မသန်စွမ်း " လို့ ခြေဥပြင်သလို  စစ်တပ် သဘောတူတာလေးတွေ တဖြည်းဖြည်းပြင်ရမယ်။   ပုဒ်မ ၄၃၆ပြင်ဖို့ ကြိုးစားတာ စစ်တပ်နဲ့ ထိပ်တိုက်တွေ့တာပဲ။ ဒါဟာ ရယ်ဒီကယ် ဆန်တယ်။  စစ်တပ် ပေးထားချက်ကို ယူပြီး အဆင်ပြေအောင် နေရင်း  ဒေါ်အောင်ဆန်းစုကြည်အလွန်မှာ   ရယ်ဒီကယ်မဆန်တဲ့ NLD ခေါင်းဆောင်တွေ လက်ထက်မှာ  စစ်တပ်က ခြေဥပြင်လိမ့်မယ် " ဆိုတဲ့  

၂၀၀၈ ခြေဥ သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင် ရှည်ရှည်ဆိုတဲ့ အထာ။


" ပြည်သူက  NLD ကို အရမ်းထောက်ခံနေတာဟာ စစ်တပ် ကို စိတ်ပူအောင် လုပ်တာပဲ စစ်တပ် စိတ်ပူရင် အာဏာကောက်သိမ်းတယ် ..  NLD က မအလ ရွှေစိတ်တော်  အလိုက်သိရမယ် .. မအလ စားမျှ လုပ်သမျှ ခေါင်းခံ ရှင်းရမယ် ..  မအလ  ကို အပြစ်မပြောရဘူး .. မအလ လက်ကိုင်ဒုတ် လို မီးသေနေဖို့ လိုတယ် ..  စစ်တပ်က ပေးထားတဲ့ အာဏာကို ခွဲဝေ  မျှသုံးနေတယ် ဆိုတာ ဘဝမမေ့ဖို့ လိုတယ်  

NLD ဟာ မရောင့်ရဲနိုင်ပဲ ၂၀၀၈ ခြေဥ ပေးထားချက်မှာ မနေပဲ .. ပြည်သူ့မဲ ပြားလေးတွေ အားကိုးပြီး

စစ်အာဏာရှင်တွေ ခိုင်းတာ မလုပ်ပဲ ..  အာခံမိလို့  မအလက စိတ်ဆိုးပြီး  အာဏာသိမ်းတာ ဖြစ်တယ်။"  ဆိုပြီး NLD ဘက် အပြစ်ဖို့ထားတယ်။


  နိုင်ငံရေး စာလုံးကြီးတွေ နဲ့ တန်ဆာဆင်ပြောတော့ ငပိန်းတွေက အထင်ကြီးတာပေါ့ 


အမျိုးသားရေး ဝါဒ နဲ့ ဖက်ဒရယ်ကို ရခိုင်နဲ့ ဗမာ အပေါ်  double standard နဲ့ရေးနေတဲ့  ကျောရိုးမဲ့ သတ္တဝါ ပါ ....   စစ်အာဏာရှင် ဝါဒကို  ဗမာလူမျိုးကြီး ဝါဒလို့ တံဆိပ်ကပ်ပေးတယ် ..  ရခိုင် လူမျိုးစွဲဝါဒကိုတော့  တိုင်းရင်းသားတွေ အတုယူကြ၊ ခွဲထွက်ကြဖို့   ...  သပ်လှျိုတယ်။


အခြေခံ ဝါဒဖြန့်နေပုံ က " ဖက်ဒရယ်ဟာ ကျွန်စနစ်  ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ရေး ယူရမယ် ဆိုပြီး ဖက်ဒရယ် ကိုအပုပ်ချနေပါတယ်။


၁၉၆၂ မှာ မြန်မာ စစ်တပ်က ဖက်ဒရယ်ဆိုတာ "ခွဲထွက်ရေး "ဆိုပြီး  အပုပ်ချသလို၊ ၂၀၂၁ မှာ AA စ်တပ်က ဖက်ဒရယ်ဆိုတာ "ကျွန်စနစ် " ဆိုပြီး  အပုပ်ချနေပါတယ် ..  မြန်မာ စစ်တပ် နဲ့ AA စစ်တပ်ဟာ ဟိုဘက် ဒီဘက်ပဲ ကွဲပြားပါတယ် ..  ပြည်ထောင်စု တရသတွေ အလိုချင်ဆုံး ဖြစ်တဲ့ ဖက်ဒရယ်ကို  တနည်းတဖုံနဲ့ အပုပ်ချ ပုံဖျက်နေတာ အတူတူပါပဲ 


ဖက်ဒရယ် အရေး ကြိုးပမ်းနေတဲ့ KIO, KNU, CNF, SNLD, RCSS, SSPP , TNLA စတဲ့  .. တရသ အဖွဲ့အစည်းတွေကို .. "ကျွန် စိတ် ဝင်နေတဲ့ လူတွေ"လို့ စော်ကားနေတာပါ။ ဒါတင်မက ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတဲ့  အမေရိကန် ပြည်ထောင်စုစတဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေကို အားကျ အတုခိုးမှာ စိုးရိမ်လို့  ဖက်ဒရယ်ကို အပုပ်ချနေတာ ဖြစ်တယ်"


---


(လက်ငင်း ခွဲထွက်လုနီးနီး ဖြစ်နေတဲ့)   ရခိုင်ရဲ့ အမျိုးသားရေးအစွန်းရောက်မှုကို မြှောက်ပေးပေမယ့်   .. 

(မဖြစ်သေးတဲ့) အခြားလူမျိုးစုကို တော့ ..  အမျိုးသားရေးအစွန်းရောက်မှုဖြစ်ရင် .. ဖက်ဒရယ်ပျက်မယ်လို့  သူတော်ကောင်းဟန်ဆောင်ပြန်တယ်။  ဒါမျိုးကို လျှာနှစ်ခွ လို့ ခေါ်တယ်။



မြောက်မြန်မာ ဆိုတဲ့ စကားလုံးဟာ ကိုရီးယားလို တောင်မြောက်ကွဲသွားလိမ့်မယ်လို့  နိမိတ်ပြ ခြိမ်းခြောက်မှုပဲ


ဖက်ဒရယ် ရေးလိုက် .. ခွဲထွက်ရေး ..  ရေးလိုက်နဲ့    မျက်နှာ ဘက်ဖြစ်နေတယ်။


 ဖက်ဒရယ်တောင် မတည်ဆောက်ရသေးခင် ခွဲထွက်ဖို့ အားပေးနေတော့ ...  KIO က မေတ္တာရပ်ခံတဲ့ " ERO တွေ NUG နဲ့ အတူ ရပ်တည်ကြပါ" ဆိုတာ ... သဲထဲရေသွန်ပဲပေါ့။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ စုစည်းရမယ့် အချိန်မှာ .. ပြိုကွဲရေး တွေ ရေးသားနေတဲ့  . "မီးဇာတဖက် ရေမှုတ်တဖက် မြှောက်ထိုးပင့်ကော်တွေ ရေးနေတာဟာ .. " ကျော်ဝင်းတို့   ယောမင်းကြီးဇရပ်ပေါ် မတက်ရဲတော့ ..   ရတဲ့ အပေါက်က  ဝင်တိုးပြီး ၊ ရှဲဒိုး အကြံပေးနေသလားပဲ။





 ▣  နိုင်ငံရေးဓာတ်ခံ နှင့် နိုင်ငံရေးပဋိညာဉ်


နိုင်ငံရေးအရ မရိုးသားရင် ယခု တည်ဆောက်နေတယ်ဆိုတဲ့ “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” ဆိုတာကလည်း တစ်ချိန်မှာ ပြန် ပျက်မှာ ကြိမ်းသေပေါက် ဖြစ်ပါတယ်။ 

မြန်မာနွေဦးတော်လှန်ရေး အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မယ်။ သို့သော် တော်လှန်ရေးအလွန် ကာလမှာ ပြည်တွင်းစစ်ချောက်ကမ်းပါးထဲ ထပ်ကျလိမ့်မယ်လို့ အထူး သတိပေးလိုပါတယ်။ 
မင်းသေ့ 
ည ၁၁း၂၆ 
၃၀၊ ဧပြီ၊ ၂၀၂၂။ 


▣ ဖက်ဒရယ် နှင့် အမျိုးသားရေးတိုးတိုက်မှုများ



တော်လှန်ရေးအလွန်ကာလရောက်ခဲ့သည်ရှိသော်၊ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ သတိချပ်စရာတွေ ခပ်များများ ရှိနေပါလိမ့်အုံးမယ်။ အဲသည့်ထဲက တစ်ချက်ကတော့ “သက်ဆိုင်ရာလူမျိုးစုအချင်းချင်းအကြား အမျိုးသားရေး တိုးတိုက်မှု” တွေကို ရှောင်ရှားနိုင်ဖို့ဟာ အဓိက ကျလှပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီအပေါ် မူအရ သဘောတူညီမှု ဟာ အဆင့်တစ်ဆင့်အနေနဲ့ ကျော်လှမ်းနိုင်ခဲ့ပြီ။ သို့သော်လည်း ဘယ်လို ဖက်ဒရယ်မျိုး ကျင့်သုံးမလဲဆိုတဲ့အပေါ် မှာ အားလုံးသဘောညီဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ 

အထူးသဖြင့် လူမျိုးစုအမှတ်သရုပ်အစွဲအားကြီးတဲ့ သက်ဆိုင်ရာ လူမျိုးစုအချင်းချင်းအကြားမှာ “အမျိုးသားရေးတိုးတိုက်မှု” တွေ မဖြစ်ဖို့ သတိချပ်ရပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ မြန်မာပြည်ဟာ နွေဦးတော်လှန်ရေးအောင်ခဲ့စေအုံးတော့၊ ပြည်တွင်းစစ်သံသရာထဲ ပြန်ပြီး ထိုးကျသွားပါလိမ့်မယ်။ ဒါကို သတိချပ်ဖို့ ဖြစ်ပါတယ်။ 
မင်းသေ့ 
ည ၈း၀၃
၁၃၊ မတ်၊ ၂၀၂၂။ 


▄ မြန်မာစစ်တပ်၏ လားရာ
 
လတ်တလောပြီးစီးခဲ့တဲ့ (၁၀) နှစ်တာကာလအပိုင်းအခြားကို ကြည့်ရင်၊ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အုပ်စုစွဲစိတ်နဲ့ ဂိုဏ်းဂဏစိတ် အစွန်းတွေတွေ့ခဲ့ရပါတယ်။ အရပ်စကားနဲ့ ပြောကြရင် တပ်အင်စတီကျူးရှင်းပေါ်မှာ အုပ်စုစွဲစိတ် အားကြီး လွန်းရင် “ဘောမ” လို့ သတ်မှတ်ကြလေ့ရှိပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ဒီ/ချုပ်)နဲ့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မျက်စိမှိတ်ကိုးကွယ်ထောက်ခံနေသူတွေကို “နီပိန်း” လို့ သမုတ်ကြ တဲ့ သဘောလို ဖြစ်ပါတယ်။ 

မြန်မာစစ်တပ်ကို မျက်စိမှိတ်ထောက်ခံတဲ့ အုပ်စုထဲမှာ အုပ်စုစွဲစိတ် (တနည်း) Group Think အားကြီးတာကို တွေ့ရပါတယ်။ ဒီ/ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျက်စိမှိတ် ထောက်ခံတဲ့အင်အားစုထဲမှာလည်း ဂိုဏ်းဂဏစိတ်အစွဲ သိပ်အားကြီးတာတွေ တွေ့ရပါတယ်။ လက်တွေ့ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းထဲမှာ ဒီအစွန်းနှစ်ဖွဲ့ဟာ အားပြိုင်လွန်ဆွဲတာကို တွေ့ခဲ့ရပါတယ်။ 


အနီ - အစိမ်း လော့ဂျစ်


 

၂၀၂၁ စစ်အာဏာသိမ်းမှု အခင်းအကျင်း မဖြစ်ခင်ကလည်း၊ ငါတို့ကို လူထုထောက်ခံနေသရွေ့ ဘယ်လို အရာမှ မှုစရာ မလိုဘူး၊ အာဏာသိမ်းရင်လည်း သိမ်းရဲရင် သိမ်းလေ ဆိုတဲ့ အခြေခံအယူအဆနဲ့ လုပ်သင့် လုပ် ထိုက်တာတွေကို မလုပ်ခဲ့လို့ အခု မြန်မာပြည်ဟာ နူရာ ဝဲဆွဲ၊ လဲရာ သူခိုးထောင်း၊ မြွေပူရာ ကင်းမှောင့်၊ ဘူးလေးရာ ဖရုံဆင့် ဖြစ်ခဲ့ရတယ်။  ထိုနည်းလည်းကောင်းပဲ၊ မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ၊ အပ်နဲ့ ထွင်းရ မယ့်ကိစ္စဟာ၊ ဓားနဲ့ ခွဲရသလို။ ဓားနဲ့ ခွဲရမယ့်ကိစ္စဟာ ပုဆိန်နဲ့ ပေါက်ရသလို ဖြစ်ခဲ့တယ်။

မင်းသေ့ 

ည ၉း၁၄

၃၁၊ မတ်၊ ၂၀၂၂။ 


https://www.facebook.com/min.thayt.3/posts/1375690716205833



——

အာဏာရမ္မက်



လွတ်လပ်ပြီးခေတ် မြန်မာပြည်မှာ၊ နိုင်ငံ့ခေါင်းဆောင်လုပ်ခဲ့သူတွေ အားလုံးဟာ အာဏာကို အသာတကြည် လက်လွှတ်ဖို့၊ ဘယ်သူမှ မစဉ်းစားခဲ့ကြဘူး။ အဲသည့်အထဲမှာ ဦးနုလည်း ထိပ်ဆုံးကပါဝင် တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းလည်း ထိပ်ဆုံးက ပါဝင်နေတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် အစ၊ အရပ်သားအစိုးရအဖွဲ့ဖြစ်ခဲ့တဲ့ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေလည်း ထိုနည်း လည်းကောင်းပဲ။ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မဖြစ်ခင် ရှေ့ပိုင်းက စဉ်းစားချက်ရယ်လို့ကို မရှိခဲ့ဘူး။ အာဏာသိမ်းမှုဖြစ်ခါကျမှ၊ အမျိုးသားညီညွတ်ရေး ခေါင်းစဉ်တပ်တယ်။ ဒုက္ခရောက်ချိန်မှ၊ အမျိုးသားညီညွတ်ရေးကို သတိရတယ်ဆိုတဲ့သဘော။ ရွေးကောက်ပွဲ ကာလမှာ ကတော့၊ညွန့်ပေါင်းအစိုးရ - စဉ်းစားချက် မရှိဘူး၊ မလိုချင်ဘူးဆိုတဲ့ သဘောထားသာ ကြီးစိုးခဲ့တယ်။  “


https://www.facebook.com/min.thayt.3/posts/1367956663645905


——


ဗမာ့လူ့အဖွဲ့အစည်းထဲက မဟာခေါင်းဆောင်ကြီးဝါဒ 




ဗမာလူ့အဖွဲ့အစည်းထဲမှာ …..

သူရဲကောင်းဝါဒလည်း ရှိတယ်၊ 

သူတော်ကောင်းဝါဒလည်း ရှိတယ်၊ 

မဟာခေါင်းဆောင်ကြီးဝါဒလည်း ရှိတယ်၊ 

မဟာလူမျိုးကြီးဝါဒလည်း ရှိတယ်၊ 

မဟာအုပ်စုကြီးဝါဒလည်း ရှိတယ်၊ 

ဒီတော့ မြန်မာပြည်လောက် ကံထူးတာ ရှိသလားလို့ ပြောရမလား၊ သို့တည်းမဟုတ်၊ မြန်မာပြည်လောက် ကံဆိုးတာ ရှိအုံးမလားလို့ မေးရမလို ဖြစ်နေပြီ။ 


မင်းသေ့
ည ၈း၁၆
၁၆၊ မတ်၊ ၂၀၂၂။

https://www.facebook.com/min.thayt.3/posts/1365905547184350


——


ဒီနေရာမှာ၊ (NLD) အနေနဲ့ ပါတီတစ်ခုလုံးကို မဟာဗျူဟာတစ်ခုတည်းမှာ ပြိုင်တူ ရွှေ့ဖို့ ခက်ခဲနေရင်တော့၊ ယခင် (၂၀၁၀) တုန်းက ဖြစ်ရပ်လို၊ (NLD) ဟာ အင်အားစု တစ်ခု ပဲ့များ ပဲ့သွားမလား။ သို့မဟုတ် အဖဲ့ခံရသလိုများ ဖြစ်သွားမလားလို့ တွေးမိပါတယ်။ သို့မဟုတ်ရင်တော့ လက်နက်ကိုင်လမ်းစဉ်ကို စွဲစွဲမြဲမြဲ ဆက်လျှောက်တဲ့ အင်အားစုက အသာရပြီး၊ မြေအောက်ပါတီ ပုံစံမျိုး ဖြစ်သွားမလားလို့ စိုးရိမ်စိတ်ဝင်မိပါတယ်။ အချိန်အတိုင်းအတာတစ်ခုကို ရောက်လာရင်၊ ယခု နိုင်ငံရေးမျက်နှာသစ်တွေဟာ အခင်းအကျင်းသစ်မှာ အင်အားစုအသစ် ဖြစ်လာမှာ ကျိန်းသေ ပြောနိုင်ပါတယ်။ (NLD) ရဲ့ ထိပ်ပိုင်း အထိန်းသိမ်းခံနိုင်ငံရေးခေါင်းဆောင်တွေဟာ မျက်နှာဟောင်းဖြစ်သွားပြီး အနာဂတ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဖြစ်တည်မှုကို ဘယ်လို အခန်းကဏ္ဍကနေ သက်ရောက်နေမယ်ဆိုတာ မပြောနိုင်ပါ။


မင်းသေ့
ည ၉း၁၃
၉၊ မတ်၊ ၂၀၂၂။

https://www.facebook.com/min.thayt.3/posts/1361415544300017


———


အိမ်သားတွေနဲ့ စကားကြော မတည့်ရင်၊ အမွေခွဲမယ်

ခင်ရာ ဆွေမျိုး၊ မြိန်ရာ ဟင်းကောင်းပဲ 




အိမ်တစ်အိမ်မှာ နွေးထွေးမှု ရှိရမယ်။ အေးချမ်းမှု ရှိရမယ်။ လွတ်လပ်မှု ရှိရမယ်။ နွေးထွေးအေးချမ်း လွတ်လပ်သော မိသားစု အသိုက်အမြုံဖြစ်ရပါလိမ့်မယ်။ အဲသည်လို အမျိုးမျိုးနဲ့ အဘက်ဘက်က အတန်တန် ကြိုးစားပါသော်လည်း၊ ဘယ်လိုမှ မဖြစ်နိုင်တော့ရင်တော့ သွေးသားတော်စပ်တယ်ဆိုရင်လည်း မမှုပါ။ ဆွေမျိုး တော်တယ်ဆိုရင်လည်း ဘိုင့်ဘိုင်ပါ။ခင်ရာ ဆွေမျိုး၊ မြိန်ရာ ဟင်းကောင်းပါ။ 

ရွှေရှိမှ အမျိုးတော်ချင်သူတွေနဲ့ အတူမနေနိုင်ပါ။ စိတ်ဒုက္ခပေးနေတဲ့ အိမ်သားချင်းတွေနဲ့ အတူမနေနိုင်ပါ။ တစ်အိုးတစ်အိမ် ထူထောင်ရပါလိမ့်မယ်။ 

မင်းသေ့
ည ၉း၂၉
၅၊ မတ်လ၊ ၂၀၂၂။

https://www.facebook.com/min.thayt.3/posts/1358879151220323


———


အန်ယူဂျီအစိုးရ၏ အချိန်ဖိစီးမှု



လက်ရှိမှာလည်း စစ်ရေးတပ်မတွေရဲ့ မဟာဗျူဟာ စစ်ဆင်ရေးတိုက်ပွဲတွေ မလုပ်သေးပေမယ့်၊ ပြောက်ကျား ပုန်ကန်ခုခံတဲ့ အဆင့်မှာကို လူပေါတယ် လက်နက်မပေါဘူးဆိုတဲ့ အမြင်နဲ့ မြေပြင်တော်လှန်ရေးတပ်သားတွေရဲ့ အသက်တစ်ချောင်းကို လက်လွှတ်စပယ် မတွေးခေါ်မိကြဖို့ အထူးလိုအပ်ပါတယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် အသေခံ ခုခံတိုက်ပွဲဝင်ပြီး လက်နက်အရှာထွက်ကြတဲ့ မြေပြင် အရေးတော်ပုံတ ပ်သားတွေရဲ့ အဖြစ်ကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ တိုက်မယ့်သူ ပေါတယ်၊ သန်းနဲ့ချီ သိန်းနဲ့ချီ ရှိတယ်ဆိုပြီးဖင်ဂေါင်းကျယ် လေလုံးမထွားဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ် ခင်ဗျား….

မင်းသေ့
ညနေ ၆း၁၃
၄၊ မတ်လ၊ ၂၀၂၂။

https://www.facebook.com/min.thayt.3/posts/1358117494629822


——


မြောက်မြန်မာက အရင်လွတ်မြောက်နိုင်သလား



လက်ရှိ မြန်မာ့နွေဦးမှာတော့ အကယ်၍ ဖြစ်ခြင်းဖြစ်ရင် မြောက်မြန်မာက အရင် လွတ်မြောက်မယ့် အလားအလာကို တွေ့နေရပါတယ်။ ဒါကလည်း တခြားသော ဆိုလိုချက် မရှိပါ။ စစ်ရေးရလဒ်အရ မြေပြင်မှာ သိသာတဲ့ စိုးမိုးမှုကို ကြည့်ပြီး ပြောခြင်း ဖြစ်ပါတယ်။  


စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတစ်ခုတည်း သက်သက်နဲ့တော့ လွတ်မြောက်ရေးတိုက်ပွဲ အဆုံးအဖြတ် ပေးနိုင်မယ်လို့ မထင်ပါ။ လက်တွေ့ စစ်ရေးရလဒ်မှာ စိုးမိုးဧရိယာ ခြေခြေမြစ်မြစ် ရှိမှသာ လွတ်မြောက်ဒေသတွေ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ 


မင်းသေ့ 
ည ၉း၅၂
၂၊ မတ်လ၊ ၂၀၂၂

https://www.facebook.com/min.thayt.3/posts/1356953188079586


——


နိုင်ငံတစ်ခု မွေးဖွားခြင်း 



ဖက်ဒရယ်လို့ ပြောပြီဆိုရင် ဒီမိုကရေစီရောပါရဲ့လားလို့ မေးနေစရာ မလိုပါ။ ဘွဲ့ရပြီးတဲ့သူကို ဆယ်တန်းအောင် လက်မှတ်ရှိလားလို့ မေးစရာ မလိုတော့ပါ။


မှန်းရဲတဲ့သတ္တိရဲ့ နောက်ကွယ်မှာ၊ ဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ စွမ်းရည်နဲ့ ဝီရိယရှိထားတယ်ဆိုတာ မမေ့ သင့်ပါဘူး။ ခုတော့ ကွန်ဖက်ဒရေးရှင်းလောက်ကို အသာထား၊ နိုင်ငံသစ်အထိ မှန်းဖို့ လုပ်နေပြီ။ နိုင်ငံသစ်ဆိုတဲ့ စိတ်ဆန္ဒအားကိုလည်း သိုင်းဝိုင်းစုဖွဲ့နေပြီ၊ ဆန္ဒရဲ့နောက်မှာလည်း ဝီရိယ ထပ် ပေါင်းထည့်နေပြီ။ ဝီရိယကိုလည်း ပညာနဲ့ ယှဉ်စေနေပြီဆိုရင်၊ သေချာတယ်။ မြန်မာ့နွေဦး အကျပ်အတည်းဟာ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင် မယ့် ကွင်းပြင် ဖြစ်ကို ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

• တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်"

မင်းသေ့
ညနေ ၅း၂၃
၂၁၊ ဖေဖော်ဝါရီ၊ ၂၀၂၂။


https://www.facebook.com/min.thayt.3/posts/1350880958686809



——

ရေးသားနေဆဲ - ကျော်ဝင်းလေ့လာချက် စာအုပ်မှ




ကျော်ဝင်းဟာ စာတွေကို တစိုက်မတ်မတ် အများအပြား စဉ်ဆက် မပြတ် ရေးသားပြုစုခဲ့တယ်။ ကျော်ဝင်းဟာ ကလောင်နဲ့ တိုင်းပြည်ကို ကျေးဇူးပြုတဲ့နေရာမှာ ဘယ်ထောင့် ကနေ ရပ်ခံတင်ပြခဲ့သလဲ။ ကျော်ဝင်းရဲ့ အတွေးအခေါ် ကွင်းဆက်တွေဟာ ဘယ်လို ဖြစ်တည်နေသလဲ။ ကျော်ဝင်း ကျေးဇူးပြုခဲ့တဲ့ စာပေတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်၍ ဘယ်မျှ ကျေးဇူးပြု ဖြစ်ထွန်းနေသလဲစတဲ့ မေးခွန်းတွေကို မေးပြီး၊ ကျော်ဝင်းလေ့လာချက်ကို ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ 


https://www.facebook.com/min.thayt.3/posts/1296187584156147


——


ရက္ခိုင့်အမျိုးသားရေးညှို့ဓာတ်


 ရခိုင်တွေရဲ့ အမျိုးသားရေးအမြုတေဟာ ဟိုးနှစ်ပေါင်းများစွာကတည်းက၊ကလလရည်ကြည်ပဋိသန္ဓေတည်ခဲ့ ပြီးသား အမျိုးသားရေးမျိုးစေ့ ဖြစ်ပါတယ်။ အခုဆိုရင် တစ်စုံတစ်ရာအတိုင်းအတာအထိ ပေါက်ရောက်ကြီးထွား၊ သီးပွင့်နေနိုင်ပြီးဖြစ်တဲ့ အမျိုးသားရေးသစ်ပင်တစ်ခု ဖြစ်နေပါပြီ။ သို့သော်လည်း တာဝန်က မပြီးဆုံးသေးပါ။  တတ်နိုင်သရွေ့ မျက်တောင်မွှေး တစ်ဆုံး မကြည့်ပဲ၊ မျက်စိတစ်ဆုံးကြည့်ပြီး အမျိုးသားရေးညှို့ဓာတ်ရဲ့ ပြင်းအားကို ဖြည့်ဆည်းဖို့ ဖြစ်ပါတယ်။ ရေရှည်သဘောကြည့်မြင်ပြီး၊ နောင် ဖြစ်လာလတ္တံ့သော နှစ်ပေါင်း (၅၀) (၁၀၀) ကို မျှော်ကြည့်ပြီး စုပေါင်း သိုင်းဝိုင်းတည်ဆောက်နိုင်ကြဖို့ ဖြစ်ပါတယ်။ 


မင်းသေ့ 
နေ့လယ် ၂း၂၉
၇ ၊ နိုဝင်ဘာ၊ ၂၀၂၁။ 

https://www.facebook.com/min.thayt.3/posts/1282580612183511


——-


နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒ 




 ဗမာအမျိုးသားရေးဝါဒ ပုံစံဟာ အစွန်းရောက်အမျိုးသားရေးဝါဒပုံစံလည်း ထွက်ခဲ့ပါတယ်။ ဒါကတော့ အစွန်း ရောက်တတ်တဲ့ ဗမာနိုင်ငံရေးဓလေ့နဲ့ ဆက်နွှယ်နိုင်ပါတယ်။ ဗမာ့နိုင်ငံရေးဓလေ့မှာ အစွန်းရောက်ဓလေ့အပြင် စစ်စရိုက်ဆန်တဲ့ အပြုအမူမျိုးတွေပါ တွေ့ရပါတယ်။ ဒါ့ကြောင့် မျိုးချစ်စိတ်အခံမှာ ပညာအားဖြင့်၊ ဆင်ခြင်တုံ တရားအားဖြင့် မယှဉ်တွဲနိုင်ရင် အမျိုးသားရေးဝါဒဟာ အစွန်းရောက်သွားတတ်တာ ထုံးစံပါပဲ။ 


မင်းသေ့ 
၁ ၊ အောက်တိုဘာ၊ ၂၀၂၁။

https://www.facebook.com/min.thayt.3/posts/1258056284635944


——


ရက္ခိုင်နိုင်ငံတော်


ရခိုင်တွေမှာ အိပ်မက်လည်း ရှိထားပြီးပြီ။ လက်တွေ့ အကောင်အထည်ဖော်နိုင်စွမ်းလည်း အလုံအလောက် ဖြည့်ဆည်းထားပြီးပြီ။ ဒီနေရာမှာ ပထဝီနိုင်ငံရေးအရ ရခိုင်က အားသာချက် ရှိနေသလို၊ ပထဝီစီးပွားရေးအရလည်း အနာဂတ်နိုင်ငံတော်အတွက် အတော်အလားအလာ ရှိတဲ့ ဒေသဖြစ်တယ်။ လက်ရှိ ရခိုင်မှာ စစ်ရေးနဲ့ နိုင်ငံရေးကို ဦးဆောင်နေတာက “ရက္ခိုင့်တပ်တော်” ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် (အေအေ) ဟာ မြန်မာပြည်လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေထဲမှာ သက်တမ်းအနုဆုံး အဖွဲ့လို့ ပြောနိုင်တယ်။ နောက်ကျမှ မွေးတယ်ပေါ့။ နောက်ကျမှ မွေးတဲ့သူကို “နွားအိုနောက်ကျသား” (စကားချပ် - ဒီစကားလုံးဟာ နှိမ်ချသောအသုံးမဟုတ်) လို့ ပြောလို့ ရပေမယ့်၊ အဲသည့် “အငယ်ဆုံးကလေး” တွေကပဲ ရှေ့လူတွေကို ကျော်ပြီး ထူးချွန်ပေါက်မြောက်သွားကြတာ ထုံးစံပဲ။ ----


https://www.facebook.com/min.thayt.3/posts/1291041628004076


--------


နိုင်ငံရေးဥပါဒါန်အစွဲ




ဒေသစွဲစိတ်ထက် နိုင်ငံချစ်စိတ်ကို ပိုစေ….

လူမျိုးရေးထက် လူထုအရေးကို ပိုပြီး ရှေ့ရှုနိုင်ကြစေ….

ဂိုဏ်းဂဏစိတ်ထက် နိုင်ငံရေးစိတ်ကို ပိုနိုင်ကြစေ

နိုင်ငံရေးစိတ်ဟာ လူထုအကျိုးစီးပွားနဲ့ လူထုလွတ်လပ်ခွင့်မှာ အခြေပြုစေ။ 


ဒေသစွဲစိတ်အားကြီးနေရင် ဖက်ဒရယ်စနစ်ကို လက်တွေ့ကျင့်သုံးဖို့ ခက်ခဲနိုင်ပါတယ်။ 


လူမျိုးစွဲစိတ်အားကြီးနေရင် ဖက်ဒရယ်စနစ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ပါတယ်။ 


ဂိုဏ်းဂဏစွဲစိတ်အားကြီးနေရင် ဖက်ဒရယ်စနစ်ကို အရောက်သွားဖို့ ခက်ခဲနိုင်ပါတယ်။ 


မင်းသေ့ 
နေ့လယ် ၃း၁၁ 
၉ ၊ နိုဝင်ဘာ၊ ၂၀၂၁။

https://www.facebook.com/min.thayt.3/posts/1283926658715573



▄ ရက္ခိုင့်နိုင်ငံတော်အိပ်မက် (သို့မဟုတ်) 
▄ ဝ နဲ့ ရခိုင်တို့အကြား ခွဲထွက်ရေးအိပ်မက် ကွာခြားချက် 
(၇၊ အောက်တိုဘာ၊ ၂၀၂၁) 



ရခိုင်တွေ အတွက်ကတော့ ရခိုင့်နိုင်ငံတော်အိပ်မက်ဟာ အာရုဏ်တက် အလင်းရောက်ဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။ ရခိုင် အမျိုးသားတွေရဲ့ စုစည်းညီညွတ်မှုအားနဲ့ နိုင်ငံရေးအသိုင်းအဝန်းစိတ်အခံ ထုထည် ကြီးရင့်လာခြင်းသည်သာ ရခိုင့် အိပ်မက်ကို လက်တွေ့ဖြစ်လာစေဖို့ ဆုံးဖြတ်သွားမယ် ထင်ပါတယ်။ အကယ်၍ လူမျိုးစုလွတ်မြောက်ရေး လှုပ်ရှားမှုတွေသာ တကယ်အောင်မြင်ခဲ့ရင် အရင်ဆုံးအောင်မြင်မှာကတော့ ရခိုင်လူမျိုးတွေသာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ 


မင်းသေ့ 
နေ့လယ် ၁း၁၄
၇၊ အောက်တိုဘာ၊ ၂၀၂၁။ 

https://www.facebook.com/min.thayt.3/posts/1261911507583755


-----



▄ ဒီမိုကရေစီ ရီဆက်ရှင်းလား ၊ ဒီပရက်ရှင်းလား
(၆၊ အောက်တိုဘာ၊ ၂၀၂၁)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး၊ အရပ်သားအစိုးရပဲ ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရလိုက် တဲ့အချိန်မှာတော့၊ မြန်မာပြည်မှာ အာဏာမျှခြေ ပျက်သွားတယ်။ တနည်းအားဖြင့် စစ်ဘက်အင်စတီကျူးရှင်း အဟောင်းက သူ့အာဏာကို ပြန်ထိန်းဖို့ ရုန်းကန်လာတယ်။ အရပ်ဘက်ဆီကို တစ်ဖက်စောင်းနင်း ထိုး၍ မအပ်။ ဒီအနေအထားမှာ အာဏာသိမ်းပြီး လူထုရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တယ်။ အာဏာမျှခြေ မညီတော့ဘဲ၊ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး မျှခြေ ပျက်သွားတယ်။ ဒီမိုကရေစီ ပျက်ကပ် ချက်ချင်း ဝင်လာတယ်။ မြန်မာပြည်ရဲ့ ကသောင်းကနင်း နှစ်များလို့ ပြောနိုင်ပါတယ်။ 

မင်းသေ့
ည ၇း၀၀

၆၊ အောက်တိုဘာ၊ ၂၀၂၁။ 

https://www.facebook.com/min.thayt.3/posts/1261359127638993


-----




  ဒီနေရာမှာ နားလည်ထားဖို့က။ ဟီဂယ်ပြောခဲ့ဖူးတဲ့ ဒဿနပဲ။ ထာဝရ ရန်သူ ထာဝရ မိတ်ဆွေ ဆိုတာ မရှိဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်….ဆိုတဲ့ အယူအဆ။ လက်ရှိ အေအေက ဒီအယူအဆကို ကိုင်ဆွဲတယ်။ တစ်ဖက်မှာလည်း လူမျိုးစုအကျပ်အတည်းကို ကောင်းကောင်း မစီမံနိုင်တဲ့ NLD ရဲ့ အားနည်းချက်လည်း ပါတယ်။ အကြောင်းကတော့ အစကနဦးမှာ အေအေဟာ NLD ကို မျှော်လင့်ကောင်း မျှော်လင့်ခဲ့လိမ့်မယ်။ ဒါပေမယ့် NLD အစိုးရနဲ့ ရခိုင်တွေ အကြား အကွဲအပြဲကြီးမားစေခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ထွက်အပြီး ရခိုင်လွှတ်တော်မှာ ရခိုင်ပါတီတွေ အုပ်စီးမိပြီး ရခိုင်ဝန်ကြီးချုပ်နဲ့ ရခိုင် အစိုးရအဖွဲ့ ခန့်အပ်တဲ့ကိစ္စကနေ စတယ် ထင်တာပဲ။ နောက်ပိုင်း အကွဲအပြဲက ပိုကြီး။ ပိုပြင်း။ 


• (၃) ဒီတော့ အေအေက NLD တွေ ဘာတွေ မမျှော်တော့ဘူး။ သူ့အတွက် ရခိုင်အကျိုးစီးပွားကသာလျှင် အခရာ။ ရခိုင်တွေအတွက် အကျိုးစီးပွားအရ အသာစီးရမယ်ဆိုရင် ဘယ်သူ့မဆို ပေါင်းမယ်ဆိုတဲ့သဘော။ ဒါကလည်း real politics မှာ သဘာဝတော့ ကျတယ်။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်ချေ ရှိတာကို လုပ်ရတာကိုး။ လက်တွေ့နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးကို လုပ်ရတာကိုး။ ဒါ့ကြောင့်လည်း အခု စစ်အာဏာသိမ်းဖြစ်ရပ်မှာ စစ်ကောင်စီဟာ အေအေကို ညှိလို့ ရတာပဲ။ အကြောင်းကတော့ ဘုံအကျိုးစီးပွားတူမျှရင် ထာဝရ ရန်သူ မရှိဘူးဆိုတဲ့သဘော။ 


မင်းသေ့ 
နံနက် ၉ း ၁၁ 
မတ်လ (၂၀)၊ ၂၀၂၁

https://www.facebook.com/min.thayt.3/posts/1131355940639313



" NLD က အတိုက်အခံ၊ စစ်အုပ်စုက အာဏာသိမ်းထားတဲ့ အချိန်မှာ .. NLD ဟာ တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေး မဟာမိတ်ဖွဲ့တယ်။ အလားတူပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်တဲ့ စစ်တပ်တွေက လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ နဲ့ အပစ်တပ်ပြီးမှ အခိုင်အမာ မဟာမိတ်ဖွဲ့ထားတယ်။ ဒီလို ဆိုတော့ ဟိုဘက်က အုပ်စုလည်း တိုင်းရင်းသားကို အသုံးချဖို့ ကြိုးစားတယ်။ ဒီဘက် တိုင်းရင်းသားကို အသုံးချဖို့ ကြိုးစားတယ်။ ဒါပေမယ့် အကျိုးရှိတာက ဘယ်သူ အကျိုးရှိသလဲ ဆိုတော့ ... " အာဏာရှိသူနဲ့ သွားပေါင်းတာက အကျိုးရှိတယ်။" ဟို NLD အတိုက်အခံ ... ဘာ အာဏာမှ မရှိဘူး။ဝရမ်းပြေးနေရတဲ့ အချိန်မှာ တော်လှန်ရေး ရဲဘောရဲဘက်ဆိုပြီးမှ သွားပေါင်းတဲ့ လူတွေက အကုန်လုံး ထောင်ထဲ ရောက် ဘဝပျက်သွားတယ်။ ဒါပေမယ့် ဒီက လက်နက်ကိုင် တိုင်းရင်းသား ပေါင်းလိုက်တာ .. "အာဏာရှိတဲ့ ဗမာ" နဲ့ သွားပေါင်းလိုက်တော့ ... "အာဏာရှိတဲ့ ဗမာ" နဲ့ သွားပေါင်းလိုက်တော့ ... သူ အခွင့်အရေးတွေ အများကြီးရပြီးတော့ သူ ကြီးပွါးတိုးတက်သွားတယ်။ "

ဗိုလ်ချုပ် ထွန်းမြတ်နိုင်

ရက္ခိုင့်တပ်တော် တပ်မှူးချုပ်

https://www.facebook.com/LetUsTalk.PyawPaYaSay/videos/684615539456162/


------


နောက်ကြောင်းပြန်အရေး သတိပေးချက်



ကျော်ဝင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနည်းနာဖြစ်စဉ်၊ ဖြစ်အင်တွေကို ဇောင်းပေးပြောခဲ့ပါတယ်။ အထူးသဖြင့် လစ်ဘရယ်စိတ်အခံ ထုထည် ကြီးမားလာအောင် သူ့ကလောင်နဲ့ ကျေးဇူးပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့အရ အစွန်းရောက်ဓလေ့ဟာ လစ်ဘရယ်စိတ်အခံနဲ့ ဖီလာကန့်လန့်ဖြစ်နေပါတယ်။ ဒါကို တတ်နိုင်သရွေ့ ပြန်ဆွဲတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရယ်ဒီကယ်ချောက်ကမ်းပါးဆိုတဲ့ အသုံးအနှုန်းကို ကျော်ဝင်းဟာ သူ့ရဲ့နိုင်ငံရေးဆောင်းပါးတွေမှာ ထပ်လဲလဲ ရေးသားသတိပေးခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း မြန်မာပြည်ရဲ့ ကံကြမ္မာဟာ ရယ်ဒီကယ်ချောက်ကမ်းပါးက နေ မတက်နိုင်အောင် တွန်းပို့စေတဲ့အကြောင်းအရင်းတွေ အပြည့်ဖြစ်ခဲ့ပါတယ်။


အရပ်ဘက်က ဒီမိုကရေစီအမြန်နှုန်းကို မြှင့်ရင်း အရှိန်မထိန်းနိုင်ဘဲ၊ ၂၀၂၁ ဖေဖော်ဝါရီ () ရက်နေ့ မှာ စစ်ဘက်ရဲ့ အာဏာသိမ်းခြင်းကို ခံလိုက်ရပြီး နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ ကျော်ဝင်းဟာ နောက် ကြောင်းပြန်မလှည့် စေဖို့၊ သတိချပ်စရာတွေကို တဖွဖွ သတိပေးခဲ့ပါတယ်။ သို့သော် လူအနည်းစုသာ ဂရုမူမိဟန် တူပါတယ်။ အထူးသဖြင့် အရပ်ဘက်နိုင်ငံရေးသမားအတော်များများက စာမဖတ်ဘဲ စိတ်ကြီးဝင်တာ ပိုများနေတယ်လို့ ယူဆရပါတယ်



လက်တွေ့အပြောင်းအလဲဖြစ်ဖို့ ၂၀၀၈ အခြေခံဥပဒေမှာ မကြိုက်တဲ့ ပုဒ်မ၊ ပုဒ်ထီးတွေ ပါနေ သည့်တိုင်၊ လက်တွေ့အားဖြင့် ရှေ့ရှုပြီး တဖြည်းဖြည်းချင်း စစ်ဘောင်ကျုံ့သွားအောင် လုပ်ဖို့လိုတယ်လို့ အရပ်ဘက်နိုင်ငံရေးသမားတွေကို ပါးပါးနပ်နပ် အသိပေးတာဖြစ်ပါတယ်။ အားလုံး ရာနှုန်းပြည့် မရနိုင်သေးသည့် တိုင် ရတဲ့ ခွင်(ဂွင်) space တွေကို ချဲ့ပြီး ဒီမိုကရေစီဘောင်ကို ချဲ့ဖို့ဖြစ်ပါတယ်။ သို့သော်လည်းမစားရအလျင်း စားရ ဆီထမင်းဆိုတဲ့ စရိုက်ရှိတဲ့ မြန်မာ့လူမှုဓလေ့ဟာ ရာနှုန်းပြည့်ရဖို့ မပြတ် အလိုရှိနေပါတယ်။ ဒီစိတ်ဇော ကသာလျှင်၊ မြန်မာ့နိုင်ငံရေးကို နောက်ကြောင်းပြန်အောင် လုပ်လိုက်တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။



မြန်မာပြည်မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ များပြားနေခြင်းဟာ တစ်ဖက်က ကြည့်ရင် ကောင်းမွန်တယ်လို့ ထင်ရပေမယ့်၊ ဘေးထွက်ဆိုးကျိုးအနေနဲ့ စစ်ဘက်အပေါ်မှာ စိုးရိမ်သောက ကြီးစေတဲ့ အခြင်းအရာဖြစ်ပါတယ်။ စစ်ဘက်ဟာ အစိုးရိမ်လွန်ပြီး တည်ဆဲလွတ်လပ်ခွင့်တွေကို ပြန်ကန့်သတ်လိုက်မှာကို အထူးသတိထားမိဟန်တူ ပါတယ်။ ဒီတော့ လက်ရှိ အပြောင်းအလဲမှာ တချို့အရာတွေ ခပ်မြန်မြန် မပြောင်းနိုင်သည့်တိုင်၊ တည်ဆဲအခြေ အနေကို ထိန်းထားပြီး သတိနဲ့ ဆက်သွားနိုင်ခြင်းသည်ပင်လျှင် မြန်မာပြည်အတွက် အကျိုးများတယ်လို့ ကျော်ဝင်း က ယူဆခဲ့တာတွေ့ရပါတယ်။ ဒီတော့ - နောက်ကြောင်းပြန်တာထက်စာရင် လက်တွေ့မှာ အီခံနေတာ၊ အီလည် လိုက်နေတာဟာ မဆိုးဘူးလို့ ယူဆခဲ့ပါတယ်။ အကောင်းစားကြီး မဟုတ်ပေမယ့် အဆိုးကြီး မဖြစ်သေးတာ တော်သေးတယ်လို့ ယူဆဟန်တူပါတယ်။ ဒါဟာ ရောင့်ရဲတတ်သော စိတ်ကို ပြသနေသလို၊ တစ်ဖက်မှာလည်း အလွန်အကျွံ မဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်း မျှတွေးတဲ့စိတ်အခံကိုလည်း တွေ့ရပါတယ်။ ထိုနည်းလည်းကောင်း လက်တွေ့အားဖြင့် မဖြစ်နိုင်တာကို - နှုန်းစံအားဖြင့် အသေဆုပ်ကိုင်မကြည့်ဘဲ၊ ဖြစ်နိုင်ချေရှိတာကို မျှော်လင့်တယ် လို့နားလည်ရပါတယ်။ ဒါဟာ ကျော်ဝင်းရဲ့ လက်တွေ့ကျတဲ့နိုင်ငံရေးအမြင်ကို ထင်ဟပ်နေပါတယ်။



ဤကား၊ အနာဂတ္တိဆရာတစ်ဦးရဲ့ လွန်ခဲ့သော (၁၀) နှစ်တိတိက စိုးရိမ်သောကများလို့လည်း ပြောနိုင်သလို၊ အနာဂတ်သွေးလန့်မှုရဲ့ စိုးရိမ်ထိတ်လန့်မှုများလို့လည်း ပြောနိုင်ပါတယ်။ 

မင်းသေ့

နိုဝင်ဘာ၊ ၂၀၂၁

https://minthayt.com/archives/1760


-----

▄ စီနီယာ ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လေသလား ဖျက်လိုဖျက်စီး လုပ်တာလား



ဒီလို အလားအလာ အရှိဆုံး၊ အညွှန့်တလူလူ တက်တော့မယ့် အချိန်ကျမှ၊ စစ်ဘက်ခေါင်းဆောင်တွေဟာ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ အာဏာသိမ်းလိုက်တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြေးလာတဲ့ လူကို ရင်ဝက ဆောင့်ကန်လိုက်သလို။ အညွှန့်တလူလူတက်နေတာကို ဖြတ်ရိုက်ချိုးလိုက်သလို။ ဘူးသီးနုနု အမွှေးသပ်လိုက်သလို။ ရှေ့ရှေ့က ကြိုးပမ်းထမ်းဆောင်ခဲ့တဲ့ စီနီယာ စစ်ဘက်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဖျက်လိုဖျက်စီးလုပ်လိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဖျက်၊ သံချေးတက်။ 

မင်းသေ့ 

၄ ၊ ၆ ၊ ၂၀၂၁။ 

https://www.facebook.com/min.thayt.3/posts/1178464752595098

မင်းသေ့

——












Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)