ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာစစ်တပ် ရင်ကြားစေ့ရေး ဖြစ်ဦးမလား

ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာစစ်တပ် ရင်ကြားစေ့ရေး ဖြစ်ဦးမလား

No man is above the law and no man is below it: nor do we ask any man's permission when we ask him to obey it. ( Theodore Roosevelt )  မည်သူမျှ ဥပဒေအထက်တွင် မရှိဘဲ မည်သူမျှ လည်း ဥပဒေအောက်မှာ မရှိဘူး။ တစုံတယောက်ကို ဥပဒေလိုက်နာပါလို့ တောင်းဆိုဖို့ ဘယ်သူ့ ခွင့်ပြုချက်မှ မလိုအပ်ဘူး  (သီအိုဒို ရုစဗဲ့ - အမေရိကန်သမတ)

▪️ ဖက်ဒရယ်  ဒီမိုကရေစီ  ဖြစ်ဖို့ deadlock ဟာ မြန်မာစစ်တပ်ပဲ။ မြန်မာစစ်တပ်ဟာ ဆိုရှယ်လစ်အတု၊ ဒီမိုကရေစီ အတု၊ ဖက်ဒရယ် အတု ၊ တရား အတု တွေကို အမြဲတစေ ပါးစပ်ဖျားက အရသာခံပြောနေကြပေမယ့် …   တကယ်လုပ်ခဲ့တာ၊ လုပ်နေတာက စစ်ခေါင်းဆောင် တစုနဲ့ နောက်လိုက်သစ္စာခံ တစုရဲ့  လုယက် ခိုးဝှက် ဗိုလ်ကျ မှုတွေပဲ အနှစ် ၆၀ မှာတွေ့ရမယ်။ အလိုတော်ရိ ဆိုရှယ်၊ ဒီမို၊ တရသ အမည်ခံ တွေက “ deadlock အကြပ်အတည်း ဟာ ဖိနှိပ်ခံတွေကြောင့်”  လို့  victim blaming လုပ်ကြတယ်။  victim blaming  ဆိုတာ  အပြစ်ကျူးလွန်သူကို အပြစ် မမြင်ပဲ၊ ဒုက္ခခံစား ရတဲ့ သားကောင်ကို အပြစ်တင်တာ ဖြစ်တယ်။ "တံခါး မကောင်းလို့ သူခိုး ခိုးတာပေါ့၊ ဒီလို စကတ်အတို ဝတ်တာကို ဝတ်တာကိုက မုဒိန်းသမားကို ဖိတ်ခေါ်နေတာ" .. " အခြေခံဥပဒေနဲ့ မည်သို့ ပင် NLD က ညီညွတ်ပါစေ၊ ဒေါ်စုက မအလ နဲ့ မညှိနှိုင်းလို့ စစ်အာဏာသိမ်းတာ “ ဆိုတာမျိုး ဟာ   victim blaming  ပဲ။ စစ်တပ်က ပြည်သူကို that ဖြတ် ဖမ်းဆီး ဘဝဖျက်တော့ နိုင်ငံတကာက ပိတ်စို့တယ်။  အဲဒီတော့  ထောင်ထဲရောက်နေတဲ့ NLD ကြောင့် လို့ အပြစ်တင်တယ်။ နအဖ မအလ ခိုးဆိုးလုယက် အသုံးမကျလို့ နိုင်ငံမွဲပြာကျတယ်။ ပြည်သူတွေ မပူးပေါင်းမပါဝင်လို့ ဖြစ်တာ ဆိုပြီး အပြစ်တင်တယ်။  deadlockကို အနှစ် ၆၀ ဖန်တီးထားသူက မြန်မာစစ်တပ်ပဲ။ ဒါပေမယ့် အလိုတော်ရိတွေက  အဲဒါကို  "ပေးထားချက်ဖြစ်တယ်၊ စစ်တပ် သဘောကောင်း တဲ့ထိ ဖြောင်းဖြရမယ်၊ အနှစ် တထောင်ဆိုလည်း စောင့်သင့်တယ်၊ ရွေးချယ်စရာမရှိဘူး၊ ပြည်သူနာမယ် ။ စစ်တပ်သဘောတူတော့ အခြေခံဥပဒေမှာ  “မသန်မစွမ်းကို မသန်စွမ်း” လို့ ပြင်နိုင်တာတွေ့လား။ တထစ်ချင်းသွားရမယ်။ လောကြီးရင် နောက်ပြန်လန်ကျမယ်။ ရတာယူထား၊ ချေးမများနဲ့။ " ဆိုကြပြန်တယ်။ အလိုတော်ရိတွပြောတဲ့ ပေးထားချက်ဆိုတာဟာ ပထဝီနိုင်ံငံရေး၊ အမျိုးသားရေး၊ သမိုင်းကြောင်းတွေ စကားတန်ဆာဆင်ထားပေမယ့် …. အနှစ်သာရ က လက်နက်ကိုင် ဗိုလ်ကျခြင်းပဲ။   ဦးဝင်းတင်က " ထွက်ပေါက်မရှိရင် ဖောက်ထွက်ရမယ်" ဆိုတယ်။  

▪️ ဖက်ဒရယ် မပြောနဲ့ ဒီမိုကရေစီ တောင် မဟုတ်တဲ့ ၂၀၀၈ ခြေဥကို အလိုတော်ရိတွေက  ဒီလို လော်ဘီလုပ်ကြတယ်။ “ (၁) စစ်တပ် အလိုကျရင် ပြင်လို့ရတယ် (၂) စစ်တပ်က နိုင်ငံရေးက ဆုတ်ခွါနေတာ (၃) အာဏာ မသိမ်းချင်လို့  ၂၅% လွှတ်တော်ထဲ ထိုင်ပြီး ကာကွယ်ရေး၊ နယ်စပ်၊ ပြည်ထဲရေး၊ ရဲ/ ထွေအုပ်ဌာနကို စစ်တပ်က ကိုင်ထားတာ။  (၄) ပြည်တွင်းစစ် ရှိနေလို့ စစ်တပ်က နိုင်ငံရေးထဲပါနေတာ (၅) တရုတ် အိန္ဒိယ နှစ်နိုင်ငံကြား ပထဝီနိုင်ငံရေးကြောင့် စစ်တပ်က နိုင်ငံရေးထဲ ပါနေတာ  (၆) ဘာစနစ်ပဲဖြစ်ဖြစ် good government ၊ clean goverment ဖြစ်ရင် နိုင်ငံတိုးတက်မယ် ၊ နိုင်ငံတိုးတက်ရင်စစ်ဗိုလ်ချုပ်တွေ အသိတရား ပြောင်းလဲလာမယ် ... အဲဒီတော့မှ ခြေ/ ဥ ပြင်ပေါ့။ အခုတော့ အနှစ် ၆၀ ဖျက်ဆီးထားတာ ပြင်ဖို့ ငွေလိုတယ်၊ နိုင်ငံတကာ ကြွေးမှီ လျှော်ရေး၊ ထပ်ချေးရေး NLD ကူညီပေး၊ နိုင်ငံခြား ရင်းနှီမြုပ်တွေ ဖိတ်ခေါ်ပေး ပါ” လို့ မှိုင်းတိုက်တယ်။ NLD က လွှတ်တော်ထဲ ဝင်/ပြင်တော့ … စစ်တပ်က တနေ့တလုံး ရွှေ ဥ, ဥ ပေးတဲ့ ငန်းမကြီး ရတယ်။ သိန်းစိန်က ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ်။ အိုဘားမားနဲ့ ဟီလရီက အရူး ဘုံမြှောက် မယ် ကြံစည်တယ်။ မအလက တပ်တွင်း အာဏာနီတည်ဆောက်နေတယ်။ “ ဗုန်းဗုန်းလဲ ခြုံးခြုံးကျနေတဲ့ အိမ်ပျက်ကြီးကို ပြင်ခိုင်းတယ်။ စီးပွါးတက်အောင် လုပ်ခိုင်းတယ်။ EAO တွေက လက်နက်ဖြုတ်သိမ်းခိုင်းယ်။ ဒါတွေ လုပ်ပြီးရင်  အာဏာသိမ်းမယ် “ ဆိုတဲ့ plan ဟာ မြန်မာစစ်တပ်မှာ ရှိတယ်။ Egress / The Voice နေဝင်းမောင် က ဒေါ်စုကို " စစ်တပ်ဟာ သံသယ အရမ်းကြီးတယ်၊စစ်တပ်နဲ့  ဆက်ဆံရင်လက်ဆုပ်ဝှက်မထားနဲ့၊ လုပ်သမျှ စစ်တပ်ကို ပွင့်လင်းမြင်သာရှိပါစေ၊ ဒေါ်စုအဖေလို  plan B မထားနဲ့ " လို့ လက်ချာပေးပြီး မကြာခင် နှလုံးဖောက် သေသွားတယ်။

" Rule of Law"  အခြေခံ ရင်ကြားစေ့ရေး

▪️ ဒေါ်စုက " Rule of Law" နဲ့ ရင်ကြားစေ့တယ်။ အများစုက သင်ပုန်းချေတာ နဲ့ ရင်ကြားစေ့တာပဲ ဝေဖန်ကြတယ်။ ဒေါ်စုပြောတဲ့ " Rule of Law"  တရားဥပဒေ စိုးမိုးရေးဟာ ဘာကို ရည်ရွယ်သလဲ မသိကြဘူး။  သင်ပုန်းချေရေး နောက်ကြောင်း မပြန်ရေးဟာ ၂၀၁၀ မတိုင်ခင် စစ်တပ်ရဲ့ ခိုးဆိုးလုယက် သတ်ဖြတ်တဲ့ ပြစ်မှုတွေကို(ပဲ ) အပြစ်လျှော်ပေးတာ ဖြစ်တယ်။ ဒါပေမယ့် ( ၂၀၁၀ အလွန်မှာ ဘယ်သူ ဘာလုပ်လုပ်  Rule of Law   ကို လိုက်နာရမယ် ။  မအလရော၊ စစ်တပ်ရော၊ NLD ရော ၊ ပြည်သူရော အကုန် လိုက်နာရမယ် ။ ဥပဒေပြင်ဖို့ ဒီ မတရားဥပဒေထဲကပဲ ပြင်ဆင်ရမယ်လို့ ) .. ဆိုလိုတယ်။   တဘက်ကို အသာစီးပေးထားတဲ့ မမျှတ မတရားတဲ့ ဥပဒေကို လိုက်နာပြီး  ရနိုင်တဲ့ အခွင့်အရေးလေးကို ဆုပ်ကိုင်ပြီး ပြင်ဆင်မယ်၊ ဒါပေမယ့် မြန်မာ စစ်တပ်ကလည်း  ဥပဒေကို လေးစားရမယ်လို့ ဆိုလိုတယ်။

▪️ ICJ မှာ ဒေါ်စု ထွက်ဆိုခဲ့ကို ကြည့်ရင် (1) စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဝေါဟာရကို ခုခံ ဖြေရှင်းတယ်။ (2) ဘာကြောင့် စစ်တပ်ဟာ ဘယ်နယ်မြေရှင်းလင်းရေး လုပ်ရသလဲ ခုခံ ဖြေရှင်းတယ်။ ဒီ ၂ ချက်ထဲကိုပဲထောက်ပြပြီး ဒေါ်စုဟာ ဖေဖေ့တပ်မတော်ကို ကာကွယ်နေတယ် လို့ ထင်ကြတယ်။ နောက်ထပ် ၁ ချက်ရှိသေးတယ်။ (3)  “စစ်တပ်ဟာ သီးခြား တရားစီရင်ရေး  စစ်တရားရုံး court - martial နဲ့ စစ်ဆေး အရေးယူပါတယ် ၊ ပုဒ်မ ၂၀(ခ) ကာချုပ်က တပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်မှန်သမျှ သီးခြား လုပ်ဆောင်ခွင့်ရှိတယ်,  ၂၀၀၈ ခြေဥ Rule of Law အောက်မှာ စစ်တပ် ရှိမနေဘူး , ဒီ ပုဒ်မကို ပြင်ဆင်ဖို့ NLDအစိုးရ က ကြိုးပမ်းနေပါတယ်လို့ "  ထွက်ဆိုခဲ့တယ်။ 

▪️ ဒေါ်စုက မတရားဥပဒေ ၂၀၀၈ ကို လွှတ်တော်ထဲမှာ  ၃ ကြိမ် ကြိုးစားတယ်။ (1) ရွှေမန်း  ညှိပြီး ပုဒ်မ၄၃၆ ပြင်ဖို့ တကြိမ် ( ရွှေမန်းကို သန်းဌေး+မအလ က ပါတီတွင်း အာဏာသိမ်းတယ်)..  (2) NLD အစိုးရဖြစ်တောာ့ တကြိမ် ( မအလ စစ်တပ်က  ပယ်ချတယ်) ...  (2) ၂၁  ပင်လုံညီလာခံ ပင်လုံမှာ Union Accord ပြည်ထောင်စု  သဘောတူညီချက် တခု ရလာတယ်။ EAO ၊ အစိုးရ၊ လွှတ်တော် ၊ စစ်တပ်ကသဘောတူတာာ ဖြစ်တယ်။   ပြည်ထောင်စု  သဘောတူညီချက်မှာ "ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ် " ပါလာတယ်  ။ ဒေါ်စုက ဖက်ဒရယ် မူ ၆ ချက်ကြေညာတယ်။

 (၁) စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုုစနစ်ကို ထူထောင်ရမယ်။
(၂) ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှုရှိရမယ်။
(၃) သယံဇာတခွဲဝေမှုနှင့် အခွန်ဘဏ္ဍာ ခွဲဝေမှုရှိရမယ်။
(၄) ဖက်ဒရယ်ယူနစ်တွေအားလုံး တန်းတူရည်တူရှိရမယ်။
(၅) ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်ဥပဒေတွေရှိရမယ်။
(၆) ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ်။

အခြေခံဥပဒေကိုပြင်ပြီး ဖက်ဒရယ် အစစ် ဖြစ်အောင် လုပ်တော့မယ်။ တတိယ အကြိမ် ကြိုးစားတယ်။ ( မအလက ဆိတ်ခေါင်းချိတ်ပြီး ခွေးသား မရောင်နဲ့ လို့ ပယ်ချတယ်) ။  ၂၀၂၁ ဒုတိယ NLD အစိုးရ သက်တမ်း မစတင်နိုင်အောင်( နိုင်ငံတော် ပုန်ကန်ပြီး အာဏာ သိမ်းတယ်) ။

▪️  " Rule of Law  ဥပဒေ စိုးမိုးရေး အခြေခံက ရင်ကြားစေ့တယ်။ အခြေခံဥပဒေ ပြင်မယ်။ ဖက်ဒရယ် သွားမယ်။ " ....  ဆိုတဲ့ ဒေါ်စုရဲ့ ရင်ကြားစေ့လမ်းကြောင်းကို မအလ ဖျက်ဆီး တယ်။ မအလက အခြေခံ ဥပဒေချိုးဖောက်တယ် ။ မအလရဲ့ ဆင်ခြေက ….  “ ပုဒ်မ ၆(စ) တပ်မတော်သည် အမျိုးသား နိုင်ငံရေးကိုဦးဆောင်သည် “ ဆိုတဲ့ ၂၀၀၈ ခြေဥ ပြဒါန်းချက်ဟာ …  ၂၀၀၈ အခြေခံဥပဒေပါ အခြားပုဒ်မတွေကို ချိုးဖောက်နိုင်တယ်လို့ ဆိုလိုတယ်။ ဒါကြောင့် စစ်တပ်သည် အခြေခံဥပဒေကို ချိုးဖောက်ခွင့်ရှိတယ် “ …. လို့  (သွယ်ဝိုက်စကားလုံးတွေ) နဲ့  ပြောနေတယ်။ စစ်တပ်ကို ထင်ရာစိုင်းခွင့် blank cheque ပေးထားသလို ပြောတယ်။ ဒီကြောင့် ၂၀ဝ၈ အခြေခံဥပဒေ ကိုယ်တိုင်က ( ဥပဒေ ယောင်ဆောင်ထားတဲ့ ) ဥပဒေမဲ့ စာအုပ်တအုပ်ပဲ။  

မအလဟာ အခြေခံဥပဒေပါ ပုဒ်မများစွာကို ချိုးဖောက်ရုံသမက၊ တည်စဲ ရာဇသတ်ကြီး ပြစ်မှု ဥပဒေ ၁၂၁ (ဃ) ကို ချိုးဖောက်ပြီး နိုင်ငံတော် ပုန်ကန်မှုကြီးကို ကျူးလွန်တယ်။ စစ်တပ်ဟာ Rule of Law  ကို  ၁၉၆၂ ပထမ အကြိမ် ချိုးဖောက်တယ်။ ၂၀၂၁ မှာ ဒုတိယ အကြိမ် ချိုးဖောက်တယ်။ (  စကားချပ် - 1. ၁၉၈၈ မှာ မဆလ အစိုးရက သဘောတူလို့ အာဏာလွှဲတာ ဖြစ်တယ်။  2. မအလ အာဏာသိမ်းပြီးပြီးချင်း ရာဇသတ်ကြီး ပြစ်မှု ဥပဒေ ၁၂၁ (ဃ) ကို သူ့ဘာသာ ပြင်ဆင်လိုက်တယ်)

မအလ ဟာ အဆိုပါ (  စစ်တပ်က စိတ်ကြိုက်ရေးထားတဲ့ )၂၀၀၈ ခြေဥ နဲ့ တည်ဆဲ ဥပဒေ တွေကို လိုက်နာခြင်း မရှိဘူး။ ချိုးဖောက်တယ်။ ဒါကြောင့် ဒေါ်စု ရဲ့   " Rule of Law"  အခြေခံ ရင်ကြားစေ့ရေးဟာ ပျက်စီးသွားတယ်။

" Rule of Law"   ပျက်စီးသွားသောအခါ ဘာဖြစ်လာသလဲ

  " I am the State  ငါသည် နိုင်ငံတော် ဖြစ်သည် (လူဝီ ၁၄)" ...  ဖြစ်လာတယ်။ မအလဟာ အိမ်စောင့် အစိုးရလို့ မိမိဘာသာ သမုတ်သော်လည်း အိမ်ရှင်လို ပြုမူလာတယ်။ အိမ်ရှင်သာ လုပ်ခွင့်ရှိတဲ့ အလုပ်တွေကို ပိုင်စိုးပိုင်နင်းလုပ်တယ်။ လုပ်ဖို့ ကြိုးစားနေတယ်။ ပါးစပ်က ၂၀၀၈ အခြေခံဥပဒေကို ဗန်းပြအော်နေပေမယ့် ၊ တကယ် အရေးမထားဘူး။  မှောက်ပစ်လိုက်၊ ကောက်ပြီး ပြန်ထည့်လိုက်၊ လိုတမျိုး မလိုတမျိုးလုပ်တယ်။

 (၁) " မလိုက်နာရင် ဖျက်ပစ်ရမယ်" လို့ ၁၉၄၈၊ ၁၉၇၄ အခြေခံဥပဒေ ွေကို ညွန်ပြပြီး အာဏာမသိမ်းခင် ၃ ရက်အလိုမှာ ပြောတယ်။

(၂) EAO တွေကို ငြိမ်းချမ်းရေးဆွေးနွေးပါစေလို့ ဖိတ်ခေါ်တော့ မည်သည့်အကန့်အသတ်မှ မထားပဲ ဆွေးနွေးမယ်လို့ ဆိုတယ်။ ငြိမ်းချမအမ်ရေးဆွေးနွေးတိုင်း မအလ က    ၂၀၀၈ အခြေခံဥပဒေကို လိုက်နာဖို့ အမြဲတမ်း ကန့်သတ်တယ်။ ဒီအခါမှာ အဲဒီ ကန့်သတ်ချက်မရှိပါဘူးလို့ ဆိုလိုတယ်။

(၃)  အာဆီယံကိုယ်စားလှယ် - ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးကို ပြောတော့ " စစ်အာဏာသိမ်းထားတာ လက်ခံရမယ်၊ သူ့ကို မဖယ်ရှားရဘူး။ ၂၀၀၈ ခြေဥကို လိုက်နာရမယ် " ဖြစ်သွားပြန်တယ်။

(၄) မအလ ချိုးဖောက်တဲ့  ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ စာရင်း  >>>  ဒီမှာ ဖတ်ပါ https://minthitburma.blogspot.com/2022/04/blog-post_22.html

(၅)   PR ရွေးကောက်ပွဲဟာ  ၂၀၀၈ အခြေခံဥပဒေပါ ၃၉၃ (ခ) ကို ချိုးဖောက်နေတာပဲ။ ၃၉၃ (ခ) မှာ " လွှတ်တော်ကိုယ်စားလှယ် "လောင်း" ( A Hluttaw candidate) တဦးသည် မဲဆန္ဒနယ် တနယ်သာ (for one constituency only) ရွေးကောက်တင်မြှောက်ရန် "ယှဉ်ပြိုင်ခွင့်" right to stand  ရှိသည်" လို့ ရေးထားတယ်။

အချိုးကျ PR  စနစ်ဟာ ..  လွှတ်တော်ကိုယ်စားလှယ် "လောင်း" ၁ ယောက်ဟာ  မဲဆန္ဒနယ် ၁ နယ်ထဲမှာ ယှဉ်ပြိုင်တာ ( မဟုတ်ဘူး ) ။  မဲဆန္ဒနယ် များစွာက ပါတီနာမည်ကို ထည့်လိုက်တဲ့ မဲတွေကို စုပေါင်းစပ်ပေါင်းပြီးမှ ပါတီက ဦးစားပေး သတ်မှတ်ထားတဲ့ စီနီယာ စာရင်းအတိုင်း လွှတ်တော်ကိုယ်စားလှယ် "လောင်း" ၁ ယောက်ဟာ အမတ်ဖြစ်တာ ဖြစ်တယ်။

(၁)   မဲဆန္ဒနယ် တနယ်သာ (for one constituency only) သာ ဖြစ်ရမယ် ။ 
 ( PR မှာ ...  မဲဆန္ဒနယ် ၃ -၄ ခုက မဲတွေကို စုပေါင်းစပ်ပေါင်း လုပ်တာဖြစ်တယ်။ )

(၂)  အမတ်လောင်းက ယှဉ်ပြိုင်တာ မဟုတ်ပဲ ပါတီက ဝင်ရောက် ယှဉ်ပြိုင် ခွင့်မရှိဘူး
( PRမှာ ....  ပေးလိုက်တဲ့ မဲဟာ ပါတီအတွက် ဖြစ်သွားတယ်)
 
(၃)  မဲဆန္ဒနယ်ဟာ ...  မြို့နယ်ကို သတ်မှတ်တာ ဖြစ်တယ်၊
( PR  စနစ်မှာ  .... ဒီမြို့နယ်က မဲက တခြားမြို့နယ်ကို ရောက်သွားတယ်)

 ဒီ ၃ ချက်ဟာ ၂၀၀၈ အခြေခံဥပဒေပါ  ပြဒါန်းချက်ကို ချိုးဖောက်တာပဲ ဖြစ်တယ်။

ဥပမာ ပြောပြရရင် -  ကျုံပျော်မြို့နယ်က  ပြည်သူက ပေးတဲ့ မဲက   ပြည်သူ့လွှတ်တော် အမတ်လောင်း ( ကျုံပျော် သောင်းအေး)  အတွက် မဲထည့်လိုက်ပေမယ့်   ... ပါတီက ဦးစားပေး သတ်မှတ်ထားတဲ့ စီနီယာ စာရင်းအရ ( နေပြည်တော်ဦး  သန်းဌေးက ဘဲဥ မကွဲတော့၊ သူ့မဲစာရင်းထဲ သောင်းအေး မဲတွေ ထည့်ပေါင်းပြီး ) နေပြည်တော်  ဦးသန်းဌေးက အမတ်ဖြစ်သွားတယ်။ ဒါဟာ ၂၀၀၈ အခြေခံဥပဒေ ချိုးဖောက်တာပဲ။

ဒေါ်စု က ထပ်ပြီး ရင်ကြားစေ့နိုင်မလား  

ဒေါ်စုကို မမေးခင် ၊ မြန်မာစစ်တပ်ဟာ    Rule of Law ကို လိုက်နာရဲ့လား (အဂတိ လေးပါး ကင်းစင်သော မျက်လုံးနဲ့) ဆန်းစစ်ကြည့်ပါဦး ။ ၂၀ဝ၈ အခြေခံဥပဒေကိုရော၊ ရာဇသတ်ကြီး ဥပဒေရော ချိုးဖောက်ရုံသာမက ဂျီနိုဆိုက်၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ အတွက် Rule of Law အရ မအလ နဲ့ အပေါင်းပါတွေကို အရေးမယူပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ထပ်ပြီး ရင်ကြားစေ့စရာ မရှိဘူး ၊ 

Rule of Law မရှိတဲ့ မြန်မာစစ်တပ်နဲ့ ရင်ကြားစေ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါတီတွေလည်း အသိတရား ရသင့်တယ်။ Rule of Law မရှိပဲ ဖက်ဒရယ် မကလို့ ကွန်ဖက်ဒရိတ်ပဲ ဖြစ်ပါစေ၊ ဘာမှ အာမခံချက်မရှိဘူး။ ယုံကြည်မှုတည်ဆောက်ရေးဆိုတာလည်း တရားလက်မဲ့ လူလိမ်တွေအပေါ်မှာ မျှော်လင့်နေတယ်ဆိုရင် တတုံးစားလည်း မသိ၊ နှစ်တုံးစားလည်း မသိတဲ့ လျှာနဲ့ နှာခေါင်း မပါသူများလို့ သတ်မှတ်ရမှာပဲ။  စစ်တပ်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်သည် ဆိုတာကို ( ကြီးကျယ်ခမ်းနားတဲ့ အပေါ်လွှာ ဆင်ခြေတွေခြုံထည်တန်ဆာတွေ ကို ဖယ်ချလိုက်ရင်) မီးဒုတ်ကိုင်ထားတဲ့ မျောက်တကောင်ကို မြင်ရလိမ့်မယ်။

No photo description available.

ဘာလုပ်ကြမလဲ 

အမေရိကန် အမြဲ ပြောတဲ့ Restore To Democracy Path  ဆိုတာနဲ့  တရုပ် အမြဲ ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လမ်းကြောင်းဆိုတာ  ၂၀၀၈ အခြေခံဥပဒေကို ရည်ညွန်းနေတာ ဖြစ်တယ်။  ဒါပေမယ့် မအလဟာ  ၂၀၀၈ အခြေခံဥပဒေကို   (၁)  ချိုးဖောက်တယ်  (၂) တရားမဝင်သောနည်းနဲ့ ပြင်ဖို့ ကြိုးစားတယ်  (၃) ဖျက်ပြီး အသစ်ရေးမယ် ဆိုတဲ့  ဆန့်ကျင်ဘက် လမ်းကြောင်းကို ဦးတည်နေတယ်။

ဒီတော့ အမေရိကန်/ တရုပ် ပြောတဲ့ လမ်းကြောင်းက သွေဖယ်မှုကို ထောက်ပြပြီး ချော်လဲရောထိုင် မလုပ်ကြအောင် တားစီးဖို့  လိုအပ်တယ်။ ( ၂၀ဝ၈ ခြေ/ဥကို ဖျက်သိမ်းပြီးကြောင်း   ထုတ်ဖော် ကြေညာ ထားပြီးတဲ့ ပါတီတွေ၊ EAO တွေက ဒါကို ပြန်လည်ရင်ညွန်းပြောဆို ဝေဖန်ဖို့  မလွယ်ဘူး။ ) ဒါပေမယ့် ....   ပြည်တွင်းမှာ ...  ပြည်သူ့ပါတီ၊  SNLD , MUP, ANP လို နိုင်ငံရေးပါတီတွေ,   မအလ နဲ့ တွေ့တဲ့ NCA ထိုး EAO တွေက တာဝန်ယူသင့်တယ် ။  ၂၀ဝ၈ ခြေဥအရ PR စနစ်ကို လုံးဝ လုပ်မရဘူး ဆိုတာ  ဥပဒေ ပညာရှင်တွေက ဖော်ထုတ် ရေးသားသင့်တယ်။ ဝေဖန်သင့်တယ်။   နိုင်ငံတကာမှာ  ... CSO တွေ၊ ဂျာနယ်လစ်တွေ၊ မီဒီယာတွေက  ဖော်ထုတ်ပြီး Special Advisory Council for Myanmar  ကုလလူ့အခွင့်အရေး ကော်မရှင် တို့ က တဆင့်အာဆီယံ၊ သံရုံးတွေ၊ အစိုးရတွေကို သတိပေး ထောက်ပြရမယ် 

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)