Posts

Showing posts from July, 2022

NLD ဟာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာလား ? ခုခံစစ် ဆင်နွဲနေတာလား ?

NLD ၃ မျိုး -    အကြမ်းနည်း ၃ မျိုး မင်းသေ့က ဘာရေးသလဲ ဆိုတော့ " NLD ဟာ လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဖို့ မူဝါဒရှိသလား" တဲ့။ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ဝါဒ လို့ တခါတရံ သုံးတယ်။ မြန်မာစကားဟာ လိုရာဆွဲကြတာပဲ။ "အကြမ်းဖက်" ဝါဒ ဆိုတဲ့​ ​ဝေါဟာရဟာ အရှေ့အလယ်ပိုင်းဒေသက စစ်သွေး​ကြွ တွေနဲ့ ပက်သက်ပြီးမှ ဆိုးရွားတဲ့ ဝေါဟာရ ဖြစ်လာတာ။ အင်္ဂလိပ်လို terrorist လို့ ခေါ်တယ်။ အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း လို့ ဘာသာပြန်သင့်တယ်။ ဒါပေမယ့် မြန်မာ စကားမှာ "အကြမ်းနည်း" ဆိုတာ terrorism ကိုချည်း သုံးတာ မဟုတ်ဘူး။ လက်နက်ကိုင် တော်လှန် ရေး armed revolution ကို ဖြစ်စေ၊ စစ်ရေး military mean ကို ဖြစ်စေ အကြမ်းနည်းလို့ သုံးတယ်။ ဒါကို ဘယ်မှာ တွေ့နိုင်သလဲ ဆိုတော့ .. ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေမှာ တွေ့ရတယ်။ လွတ်လပ်ရေးကို " အသာတကြည် ရရင်ရ မရရင် အကြမ်းပတမ်း လုပ်ရမှာပဲ " လို့ ပြောသွားတယ်။ မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီ ဒု-သဘာပတိ (ဝန်ကြီးချုပ် ) ဦးအောင်ဆန်း ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း - " အဲဒီလို အာ

ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံ

Image
  ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံ ဒီနိုင်ငံဟာ ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံဖြစ်တယ်။ ပြင်လို့ မရဘူး။ ပြင်လို့ရတဲ့ အခြေအနေက လွန်ခဲ့ပြီ။ ၁၉၈၈ တုံးက ပြည်သူတွေက ပြင်ဖို့ ကြိုးစားခဲ့တယ်။ အထမမြောက်ဘူး။ ပြင်မယ်​့ လူတွေကို သ/တ်ပစ်တယ်။ အခုတော့ ပြင်မရ ဖျက်ပစ်ရတော့မယ်။ ဒီနိုင်ငံဟာ ခြစားနေတဲ့ အိမ်စုတ်ကြီးနဲ့ တူတယ်။ ဘယ်ဌာန ဘယ်ကိစ္စ ဘယ်အရေးမှာ ကြည့်ကြည့် ခြစားနေတယ်။ ခြစားနေတဲ့ တိုင်ကြီး ၄ တိုင်ဟာ ပြင်မရတော့ဘူး။ ခေါင်မိုးကလည်း ပေါက်ပြဲနေပြီ။ ကြမ်းခင်းကလည်း မရှိတော့ဘူး။ အကာမှာ .. ခြကောင်တွေ အသိုက်ဖွဲ့နေတာ။ ဒီအိမ်ကြီးကို ဖြိုချပြီး အသစ်ဆောက်မှပဲရမယ်။ ပြန်သုံးလို့ရတာ သိပ်မကျန်ဘူး။ စစ်တပ်၊ တရားရုံး၊ အုပ်ချုပ်ရေး ဌာနအသီးသီးကို ဝင်ရောက်လာတဲ့ ပြည်သူ့ဝန်ထမ်းဟာ ပြည်သူ့ဝန်ထမ်းချင်လို့ မဟုတ်ဘူး။ ဂွင်ဖန်ဖို့ ဝင်ကြတာ။ မဝင်ခင်ထဲက လာဘ်စားဖို့ ကြံပြီးသား။ ခြတွေ ... ခြတွေ။ စစ်တပ်ထဲဝင်လာသူတွေထဲမှာ စစ်သားတကယ်လုပ်ချင်သူကို လက်ချိုးရေလို့ရတယ်။ ခု CDM စစ်သားတွေက အဲဒီအုပ်စု။ ကျန်တာ ၂ မျိုးပဲရှိတယ်။ နဝတ-နအဖ ခေတ်က မိုးကျရွှေကိုယ်တွေ ချမ်းသာကြတာကို အားကျပြီး ငါ့အလှည့် အာဏာသိမ်း ရင် ဝါးမယ် ဆိုတဲ့ အတ္တသမားတွေနဲ့ တေလေဂျပိုး

ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသည့်မိန့်ခွန်း

ပင်လုံစာချုပ် ချုပ်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်ခဲ့သော ပင်လုံကတိကဝတ်များထဲမှ တချို့၊  ( ပင်လုံကတိကဝတ် ဆိုတာ စော်ဘွားတွေကို ပြောတဲ့ စကားတွေချည်းပဲ မဟုတ်ဘူး။  တောင်တန်း  ပြည်မ ပြည်သူလူထုကို ပြောတာတွေလည်း ပင်လုံကတိကဝတ်တွေပဲ။ ) ယခု နားလည်ထားကြဖို့ အချက်က ယခုခေတ် ကမ္ဘာကြီး၏ အခြေမှာ ဘယ်တိုင်းပြည် မဆို၊ ကိုယ့်တိုင်းပြည် တပြည်တည်း အထီးတည်း နေနိုင်တဲ့ အခြေမျိုး မရနိုင်ဘူး။ တပြည်နှင့်တပြည် ပေါင်းစပ် အမှီသဟဲ ရှိမှ နေနိုင်ကြမည် ဆိုတဲ့ အချက်ပါဘဲ။ နောက်တချက်က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေး ဆိုတာမှာလဲ ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လို အမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများလဲ ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်လျှင် ဗမာပြည်မှာလို တိုင်းရင်းသား လူမျိုး အများ ရှိတာကို တွေ့နိုင်ပါတယ်။ တရုပ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလဲ သည်အတိုင်းဘဲ။ အမေရိကန်ပြည်မှာလဲ အင်္ဂလိပ်စကားကို ပြောကြသော်လဲ အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး၊ လူမျိုးတမျ

မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ်

Image
မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ် (သံအမတ်ကြီး စကော့မာစီရယ်) ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အာဏာသိမ်းမှုနှင့် ၎င်း၏နောက်ဆက်တွဲ ပြည်သူလူထုအား အကြမ်းဖက်မှုများကို ကမ္ဘာ့အနှံ့အပြားတွင် ဒေါသမထွက်လျှင်ပင် စိတ်မကောင်း ဖြစ်ကြသည်။ သို့သော်လည်း တိုင်းရင်းသား ပဋိပက္ခများဖြစ်ပွားနေသော နိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ တရားဝင်အခေါ် တပ်မ တော်သည် အရေးပါသော အင်အားစုဖြစ်ကြောင်းနှင့် ထိုသို့မဟုတ်လျှင် နိုင်ငံတွင် ခိုင်မာသော အင်အားစု ကင်းမဲ့နေမည်ဖြစ်ကြောင်း အချို့သော နိုင်ငံတကာလေ့လာသူများက ပြောကြသည်။ လက်ရှိမြေပြင်မှ ပကတိအရှိတရားဖြစ်သည့် တပ်မတော်၏ အင်အားကြီးမားခြင်း၊ ထိုအင်အားကို အသုံးပြုရန် စိတ်အားထက်သန်ခြင်း၊ အာဏာကို အသေအလဲ ဖက်တွယ်ရန် ဆုံးဖြတ်ထားခြင်းနှင့် အတိုက်အခံများ၏ ရင်းမြစ်ချို့တဲ့သည့် သဘောသဘာဝတို့ကြောင့် စစ်တပ်ကို ယခင်အာဏာမသိမ်းမီက ပုံစံနီးပါး ဆက်လက်ထားရှိရန် လိုသည်ကို လက်ခံသည့် ညှိနှိုင်းဖြေရှင်းမှုကို လိုလားသူများ ပေါ်ပေါက်စေသည်။ ထိုကဲ့သို့သော ရလဒ်ဖြစ်နိုင်ခြေကို လက်ခံသော်လည်း ထိုရလဒ်သည် ကောင်းမွန်ပြီး ရေရှည်တည်တံ့မည့် ရလဒ်ဟု မဆိုလိုပေ။ စစ်တပ်သည် သွင်ပြင်