ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံ
ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံ
ဒီနိုင်ငံဟာ ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံဖြစ်တယ်။ ပြင်လို့ မရဘူး။ ပြင်လို့ရတဲ့ အခြေအနေက လွန်ခဲ့ပြီ။၁၉၈၈ တုံးက ပြည်သူတွေက ပြင်ဖို့ ကြိုးစားခဲ့တယ်။ အထမမြောက်ဘူး။ ပြင်မယ့် လူတွေကို သ/တ်ပစ်တယ်။ အခုတော့ ပြင်မရ ဖျက်ပစ်ရတော့မယ်။
ဒီနိုင်ငံဟာ ခြစားနေတဲ့ အိမ်စုတ်ကြီးနဲ့ တူတယ်။ ဘယ်ဌာန ဘယ်ကိစ္စ ဘယ်အရေးမှာ ကြည့်ကြည့် ခြစားနေတယ်။ ခြစားနေတဲ့ တိုင်ကြီး ၄ တိုင်ဟာ ပြင်မရတော့ဘူး။ ခေါင်မိုးကလည်း ပေါက်ပြဲနေပြီ။ ကြမ်းခင်းကလည်း မရှိတော့ဘူး။ အကာမှာ .. ခြကောင်တွေ အသိုက်ဖွဲ့နေတာ။
ဒီအိမ်ကြီးကို ဖြိုချပြီး အသစ်ဆောက်မှပဲရမယ်။ ပြန်သုံးလို့ရတာ သိပ်မကျန်ဘူး။ စစ်တပ်၊ တရားရုံး၊ အုပ်ချုပ်ရေး ဌာနအသီးသီးကို ဝင်ရောက်လာတဲ့ ပြည်သူ့ဝန်ထမ်းဟာ ပြည်သူ့ဝန်ထမ်းချင်လို့ မဟုတ်ဘူး။ ဂွင်ဖန်ဖို့ ဝင်ကြတာ။ မဝင်ခင်ထဲက လာဘ်စားဖို့ ကြံပြီးသား။ ခြတွေ ... ခြတွေ။
စစ်တပ်ထဲဝင်လာသူတွေထဲမှာ စစ်သားတကယ်လုပ်ချင်သူကို လက်ချိုးရေလို့ရတယ်။ ခု CDM စစ်သားတွေက အဲဒီအုပ်စု။ ကျန်တာ ၂ မျိုးပဲရှိတယ်။ နဝတ-နအဖ ခေတ်က မိုးကျရွှေကိုယ်တွေ ချမ်းသာကြတာကို အားကျပြီး ငါ့အလှည့် အာဏာသိမ်း ရင် ဝါးမယ် ဆိုတဲ့ အတ္တသမားတွေနဲ့ တေလေဂျပိုး ၁၀၉ ၁၁၀ တွေ ငတ်လွန်းလို့ စစ်ထဲဝင်တဲ့ လူအန္ဓတွေပဲရှိတယ်။ ဒီလူတွေနဲ့ ပြည်ပရန် ဘယ်လိုမှ မကာကွယ်နိုင်ဘူး။ စီလုပ်၊ ကူလား အသာထား၊ ဘဂလားဒေ့ရှ်က လာတိုက်ရင် တခါထည်း ဖျင်ပိတ်ပြေးမှာ။ အေအေတောင် မနိုင်တဲ့ ဝ ကြောက် စစ်တပ်။
ဌာနဆိုင်ရာဘက် ကြည့်ပါဦး။ ဘယ်ရုံး ဘယ်ဌာနမှ ရေမလောင်းရင် အလုပ် မလုပ်ဘူး။ လုပ်ပြန်တော့လည်း တကမ္ဘာလောက် အချိန်ဆွဲတယ်။ လုပ်သမျှလည်း သောက်တလွဲ။ ဘယ်လို ခိုးရမလဲ ကြံနေတာ။ ဟိုဘက်စာရွက်က ဒီဘက် စာရွက် ကူးရေးတာတောင် စာရင်း မမှန်ဘူး။ ကွန်ပြုတာကို စာစီစာရိုက်ထက် ပိုမသုံးတတ်ဘူး။ ဝန်ဆောင်မှုတခုကို ဟိုစားပွဲ ဒီစားပွဲ၊ ဟိုဌာန ဒီဌာန .. ၆ လ ၁ နှစ်ကြာအောင် အပ် ဦးပဲ့ ထမ်းပြီး လုပ်နေတဲ့ ဝန်ထမ်းတွေချည်းပဲ။
ပညာရေး ကျန်းမာရေး ဘာတခုမှ မကောင်းဘူး။ ကျောင်းစာအုပ်တွေဟာ သတ်ပုံကအစ၊ အချက်အလက် အလယ်၊ အတွေးအခေါ်အဆုံး အမှားတွေချည်းပဲ။ ကျန်းမာရေးက လမ်းဘေးဆေးဆိုင်ပဲ အားကိုးရ။ ရောဂါကြီးရင် သိန်း ပေါင်းများစွာ ပေးမှ မျှော်လင့်ချက်ရှိတယ်။ ငွေမရှိရင် သေဖို့ ပြင်ထားကြရတယ်။
ရုပ်ဝတ္ထုပိုင်း လမ်း တံတား အဆောက်အအုံတွေ ဘယ်ဟာမှ အရည်အသွေး မမှီဘူး။ ငလျင်ကြီးကြီး မလှုပ်လို့ မပြိုတာ။ လမ်း တံတား လုပ်ငန်းက ကြွက် တွင်းထဲ ရေသွန်နေသလိုပဲ။ရှေ့ကပြင် နေတုံး နောက်ကပျက်ပြီ။ စက်ရုံတွေကလည်း စ, ဆောက်ထဲက ဂျင်း ။ အစုတ်တွေနဲ့ အရည်အသွေးမမီတာတွေကို သွင်းလာ။ ကော်မရှင်ရ။ ပရောဂျက် ရဖို့ လာဘ်ထိုးပြီး ဆောက်။ ပြည်သူ့ဘဏ္ဏာတွေ ကုန်။ တရုံပြီး တရုံဆောက်၊ ပြီးရင် မလည်ပတ်။ စက်ရုံ ၉၀% က ဟန်ပြလည်ပြီး ဝန်ထမ်းတွေက ဝက်မွေး ကြက်မွေး စားနေရတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဖြိုမချပဲ ၊ တရားရေအေး တိုက်ကြွေးပြီး ချေချွတ်ဖို့ ကြံတယ်။ စဝင်ထဲက ပြည်သူ့အတွက် ဆိုတဲ့ ... ပါရမီ ဓာတ်ခံ မပါကြတာ ဘယ်လို ကျွတ်မလဲ။ ပါရမီမပါရင် ဘုရား တောင် ချွတ်လို့မရဘူး။ အကျင့်ပျက် ဝန်ထမ်း ( စစ်ဗိုလ်စစ်သားပါမကျန် ) ၈၀% လောက်ကို အချောင်စားနေတဲ့ နေရာတွေက ဆွဲထုတ်ပြီး ကုန်ထုတ်လုပ်ငန်းတွေမှာ အလုပ်သမား လုပ်ခိုင်းရမှာ။ အရည်အသွေးမမီတဲ့ လမ်းတံတား အဆောက်အအုံ စက်ရုံတွေကို အကုန်ဖြိုချပြီး အသစ်ပြန်ဆောက်ရမှာပါ။ ပြန်သုံးလို့ရတာ အင်မတန်မှနည်းတယ်။ ဒါပေမယ့် အန္တရာယ်ဖြစ်နိုင်တဲ့ဟာတွေ မှန်သမျှ အကုန်ဖြိုချ ဖျက်ဆီးပစ်ရမယ်။
ဒီနိုင်ငံက ပျက်ပြီးမှ ပြန်ကောင်းမှာပါ။ ပျက်လည်း ပျက်နေပါပြီ။ ပျက်နှုန်းတိုးအောင် ဝိုင်းဖျက်ပေးရုံပဲ။ မဖြိုချပဲ လက်ပူတိုက်ပြီး ကျားကန်နေတဲ့ ခနော်ခနဲ့ ဘဝနဲ့ စုတ်စုတ်ပြတ်ပြတ် မနေချင်ကြပါနဲ့။ ဝိုင်းပြီး ဖြိုချကြပါ။ ဖျက်ဆီးကြပါ။
အဖျက်တရားဟာ လိုအပ်ပါတယ်။ အိမ်စုတ်ကြီးကို ဖျက်ပြီးမှ အိမ်အသစ် ဆောက်လို့ ရပါတယ်။ နိဗ္ဗာန် မဂ်ဖိုလ်ရဖို့ ဖျက်ဆီးပစ်ရမယ့် မိစ္ဆာတရားတွေရှိသလိုပဲ၊ ဘယ်အရာမဆို အကောင်းဖြစ်ဖို့ ပျက်ရမယ့် အဆိုးတွေရှိတာပဲ။ အဆိုးကို ဖျက်တာ တည်ဆောက်ရေး သမားတိုင်းရဲ့ တာဝန်ပါ။
တဏှာ လက်သမားကို သိမြင်၊ ကိလေသာ အခြင်ရနယ်ကိုဖျက်ဆီး၊ အဝိဇ္ဇာ အိမ်အမိုးကို ဖျက်ဆီး ပစ်လို့ ဘုရားအဖြစ်သို့ ရောက်တော်မူတယ်လို့ မြတ်စွာဘုရား ပထမဆုံး ဥဒါန်းစကားမှာ ဟောခဲ့တယ်။
နောင်တော်စုက္ကတေးကို ဖျက်ဆီးပစ်မှသာ အနော်ရထာ မင်းဖြစ်တယ်။ အရညဝါဒ လူ့ဘောင်အသိုင်း အဝိုင်းကို ဖျက်ဆီး ဖြိုချမှသာ ထေရဝါဒ ဖြစ်တည်လာတယ်။ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ဟာ သူ့အလိုလိုမြေကြီးထဲ ဘွားကနဲ ပေါ်လာမဟုတ်။ အဟောင်းကို ဖျက်ဆီးပြီးမှ အသစ်ပေါ်လာတာ။
ယနေ့ မြန်မာစစ်တပ်ပင်လျှင် ကိုလိုနီစနစ်ကို ဖြိုချ ဖျက်ဆီးဖို့ တိုင်းတပါးမှာ ဂျပန်ကျွန်ခံပြီး ၊ ပြည်သူ အနာခံမှ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ ဂျပန်ရဲ့ ဖက်ဆစ်စနစ်ကို ဖြိုချ ဖျက်ဆီးဖို့ တိုက်ထုတ်ရင်း မြို့ရွာတွေ ဗုံးကြဲ ခံရ၊ ပြည်သူတွေ ေ/သေကြရပြန်ပြန်တယ်။ မြန်မာ့လွတ်လပ်ရေးဟာ အဟောင်းကို ဖြိုချ ဖျက်ဆီးပစ်မှသာ ပေါ်ထွက်လာတဲ့ နိုင်ငံသစ် ဖြစ်တယ်။ "အနာခံမှ အသာစံမည်"။
မိစ္ဆာနဲ့ သမ္မာဟာ ယှဉ်တွဲနေလို့ မရဘူး။ ဗုဒ္ဓဟာ ယောက်ဖတော် ဒေဝဒတ်နဲ့ ရင်ကြားမစေ့ဘူး ။ အောင်ခြင်း ၈ ပါးမှာ နာဠာဂီရိဆင် တပါးကလွဲရင် ကျန် ၇ ပါးကို အောင်မြင်တော်မူတာ မေတ္တာ + တန်ခိုး ကြောင့် ဖြစ်တယ်။ မြတ်စွာဘုရားကဲ့သို့ တန်ခိုး မရှိပဲ မေတ္တာ နိုင်ငံရေး လုပ်နေသူတွေဟာ စိတ်ကူးယဉ်မှုပဲ။
ကမ္ဘာကြီးမှာလည်း ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေ အောက်မှာ လေယာဉ်တင်သင်္ဘောတွေ၊ စစ်တပ်ကြီးတွေ၊ လက်နက်ဆန်းတွေ ကို တယောက်နဲ့ တယောက် ချိန်ထားပြီးမှ စကားပြောတာဖြစ်တယ်။ hard power မရှိပဲ soft power နဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒေါသ လောဘသား ပုထုဇဉ်သားတွေဆီက ငြိမ်းချမ်းရေး ဆိုတာ "မချိသွားဖြဲ ခြင်း"သာ ဖြစ်တယ်။
အမြဲတမ်း ဖိနှိပ်ခံရတဲ့ ပြည်သူတွေဟာ လက်သန်း မှင်စွန်းပြီး ဆန္ဒထုတ်ဖော်ရုံ soft power နဲ့ မပြီးသေးဘူး၊ ဆန္ဒကို မလုပ်ပေးရင် အရေးယူနိုင်တဲ့ hard power ရှိရမယ်။ လက်ညိုးကွေးတတ်ဖို့လည်း လိုတယ်။ ပြည်သူတွေဟာ မဲပြား တဖက်၊ ေ/သနတ် တဖက် ကိုင်ထားတဲ့ နိုင်ငံတွေမှာ စစ်တပ်ေတွ အာဏာမသိမ်းဘူး။ ခွေးမွေးတာ အိမ်လုံဖို့ ဖြစ်တယ်။ ခွေးရူးပြန်ရင် ရို/က်သ/သတ်ဖို့ ခွေးရိုက်ဒုတ်လည်း ဆောင်ထားရမယ်။
People Power ကို ဘယ်သူမှ မနိုင်ဘူး။ ဒါပေမယ့် အချုပ်အခြာ အာဏာကို ပြည်သူ ပိုင်ဆိုင်တယ်ဆိုတာ စာရွက်ပေါ်မှာ ရေးထားတဲ့ စိတ္တဇ စကားလုံး တွေပဲ ဖြစ်မနေဖို့ လိုတယ်။ ပြည်တွေဟာ ၅ နှစ်မှာ ၁ ရက်ထဲ မဲပေးရုံနဲ့ မပြီးဘူး။ လမ်းပေါ်ထွက် ဆန္ဒပြရုံနဲ့ မပြီးဘူး။ ပြည်တွင်း ဥပဒေတွေ နိုင်ငံတကာ ဥပဒေတွေကို အားကိုးရုံနဲ့ မပြီးဘူး။ စနစ်ဆိုးတွေ အကျင့်ဆိုးတွေကို တိုက်စား ၊ အဟောင်း အညစ်တွေကို ဖြိုဖျက်ကာ အကောင်း အသစ်တွေကို တည်ဆောာက်နိုင်စွမ်းရှိရမယ်။ ပြည်သူတွေဟာ ဥပဒေ စာအုပ်ထဲမှာပဲ အင်အား ရှိနေတာ မဟုတ်ပဲ၊ လက်တွေ့ ဘဝမှာလည်း ရုပ်ဝတ္ထု အင်အားရှိရမယ်။ စိတ်အင်အား စုစည်းမှုရှိရမယ်။ " ပြည်သူ အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်။ "

Comments
Post a Comment