ဖက်ဒရယ် ကို တကယ် လိုချင်ရင် အမှန်တရား ခါးခါးကို မြိုချကြဖို့ လိုတယ်။

ဖက်ဒရယ် ကို တကယ် လိုချင်ရင် အမှန်တရား ခါးခါးကို မြိုချကြဖို့ လိုတယ်။

🔺 AA အပါအဝင် ဘယ်တရသ လက်နက်ကိုင်မှ တော်လှန်ရေး စတင်တုန်းက ဖက်ဒရယ် အတွက် ကြေညာခဲ့ကြတာ မဟုတ်ဘူး။ လွတ်လပ်ရေး၊ နိုင်ငံသစ် ဆိုတာချည်းပဲ။

🔺  AA အပါအဝင် ဘယ်တရသ လက်နက်ကိုင်မှ  စစ်အာဏာရှင် ဆန့်ကျင်ရေး ခေါင်းစဉ်နဲ့ စစ်သားစုဆောင်းကြတာ မဟုတ်ဘူး။ မြန်မာ မု/န်းတီးရေး လူမျိုးရေး တရားနဲ့ လှုံ့ဆော်ခဲ့ကြတာ

🔺  AA အပါအဝင် ဘယ်တရသ လက်နက်ကိုင်မှ  သမိုင်းအမှန် ကို မျှမျှတတ ရေးခဲ့ကြတာ မဟုတ်ဘူး။ သူတို့လည်း မြန်မာစစ်တပ်လိုပဲ သူများ မကောင်းကြောင်း ကိုယ်ကောင်းကြောင်းပဲ ရေးကြတာပဲ

ဆိုတော့ ဖက်ဒရယ် အခြေကို တည်ဖို့ ဆိုရင် ရိုးသားဖို့ လိုတယ်။ ချစ်ကြည်ရေး ရှေးရှူဖို့ လိုတယ်။ သူများကို အနာဖေး ခွါပြီး ကိုယ့်အမှား မပြင်ရင် မဟုတ်သေးဘူး။ ဝေဖန်ရေးဆိုတာလည်း သူများကို ဝါးရင်းဒုတ်နဲ့ ဆုံးမပြီး ကိုယ့်ကို ကိုယ် ငှက်မွှေးနဲ့ သပ် တာ မဖြစ်သင့်ဘူး။ ဒရမ်မာတွေ စွရမ်း မခင်းကြဖို့ လိုတယ်။

တရသ လက်နက်ကိုင်တွေက အမှားမရှိ ပကတိ မှန်နေရအောင် အရိယာ သူတော်စင်တွေ မဟုတ်ဘူး ဆိုတာ ငါတို့လည်း သိနေတာပဲ။ ဒေါ်စု ချော်တာ ရှိသလို တရသခေါင်းဆောင်တွေ တလွဲလုပ်တာတွေရှိတာပဲ။ 


ညောင်နှစ်ပင် တက်ပြီး ၂၀၀၈ ခြေဥ ရေးတဲ့ လူနဲ့  ....  ဒေါ်စု တားနေတဲ့ ကြားက NCA အတင်းထိုးသူနဲ့။





















မြန်မာကို ဖောင်းထုဖို့သာ စည်းရုံးတာ။ မိမိလွတ်မြောက်ရေး အတွက် စုပေါင်း တိုက်ပွဲ ဝင်ဖို့တော့ တခါမှ ညီညွတ်တယ် မရှိဘူး။ ၈၈ တုန်းကလည်း မြန်မာစစ်တပ် ရဲ့ အပစ်ရပ် အထူးဒေသ အောက်မှာ ပြိုကွဲခဲ့တာပဲ။ 




၂၀၀၈ ထဲက FCDCC ဖက်ဒရယ် ခြေဥကြီး ရေးပြီး တကယ်လည်း မကျင့်သုံးပဲ၊ ချောင်ထိုးထားတာ ဖုန်တက်နေပြီ။ 




၂၀၁၁ က ဖွဲ့တဲ့ FUA ဖက်ဒရယ် တပ်မတော်ကြီး လည်း FUA လက်မောင်း တံဆိပ် နဲ့ ညိုထွန်းအောင် ရှိုးထုတ်တာပဲ ရှိတယ်။ 


အခု နွေဦးတော်လှန်ရေးရော ဘာထူးလဲ။ တချို့တွေ ပေသီးခေါက်နေကြတာပဲ မလား။ ရပ်ကွက်မီးလောင်တုန်း အိမ်တွေပေါ်က ပစ်ချတဲ့ ပစ္စည်းတွေ ကောက်ဖို့ အချောင်ရမလား စောင့်နေတာမလား။


Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)