ဗမာလူမျိုးကြီးဝါဒ

  • တို့ဗမာဝါဒကို  ဗမာလူမျိုးကြီးဝါဒလို့   ထင်တာက အစ၊
  • ဗျူရိုကရက်ခြစားမှုကို  ဗမာလူမျိုးကြီးဝါဒလို့ ထင်တာက အလယ်
  • စစ်မျိုးစစ်နွယ် စစ်မိသားစု ဝါဒကို ဗမာလူမျိုးကြီးဝါဒလို့  ထင်တာက အဆုံး
မြန်မာလူမျိူး -  မိမိလူမျိုး ဂျင်းသမိုင်းတွေနဲ့  သပွတ်အူလည်ပြီး ပစ်မှတ်အမှားကို ပစ်ရင်း မိတ်ဆွေတွေ ထိခိုက်ကျရှုံးတတ်တယ်

ဖြစ်သင့်တဲ့ အကြံကောင်းတွေကိုလည်း ဗမာလူမျိုးကြီးဝါဒ တံဆိပ်ကပ်ခံရပြီး အမှိုက်ပုံးထဲ လွှင့်ပစ်မိတတ်တယ်

ဒီတော့ တရသတွေနဲ့ NUCC NUG စုပေါင်းပြီး  အမှန်လက်တွေ့ ကျကျ ခွဲခြား ပြီး "လူမျိုးကြီးဝါဒ သွင်ပြင်၊ လက္ခဏာနှင် မူဝါဒများကို တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆိုသင့်တယ်

အွန်လိုင်းပေါ်မှာ ထင်ရာမြင်ရာ အစွဲတွေနဲ့  လူရှိန်အောင် poitical term တွေ ညှပ်ရေးနေတာ ..  အနှစ်ချုပ် ကြည့်ရင်  ဘက်လိုက် လိုရာစွဲရေးထားတာချည်းပဲ ...   ဒါတွေဟာ မြန်မာကို ပညာပေးသလိုလိုနဲ့  အဆိပ်သင့် ဆောင်းပါးတွေဖြစ်နေတယ်

"ဗမာလူမျိုးကြီးဝါဒ " လို့  နာမည်ပေးပုံက အစ လွဲနေတာ ..  မြန်မာ နဲ့ ဗမာတောင် လေနဲ့ ဝမ်း မကွဲကြတာ
စစ်အာဏာရှင် အလိုက် "ဗမာလူမျိုး" ဆိုတဲ့  အလိမ်အညာကီု သိသိနဲ့ ...  မြန်မာ= ဗမာ ဆိုပြီး ...  အမှန်+အမှား ရောချပုံစဲံ နဲ့ ဆက်သုံးနေကြတာ ...  ဘယ်မှာ စေတနာမှန်ပါလိမ့်မတုံး

NUG ကလည်း တရသတွေကို သိပ်မဖားနဲ့ ...  မြန်မာလူမျိုး ဆိုတာ လူမျိုးအမည် အမှန်ပဲ။ ..  ဗမာလို့ တော်စွရော်စွ ရော မလိုက်နဲ့ ...  လူမျိုးကြီးဝါဒ ဆိုတာ  မြန်မာရော ရှမ်းရော ရခိုင်ရော ကချင်ရောမှာပါ ရှိတတ်တယ်

ဒါကိုပါ NUCC နဲ့ အတူ သုတေသနလုပ်ပြီး  လူမျိုးကြီးဝါဒ ဆန့်ကျင်ရေး မူဝါဒ၊ လမ်းညွန်၊ စည်းမျဉ်း၊ ဥပဒေ ပြုသင့်တယ်

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)