ပြည်သူပိုင်သိမ်း


"သမိုင်းသင်တာ၊ သမိုင်းကြောင်းကိုသိအောင်လုပ်ရတာ မအအောင်လို့တဲ့... တချို့က အတာတော့မအဘူး ဒါပေမဲ့နှစ်တွေကကြာပြီဆိုတော့လေ....."



-၁၉၆၃ ခုနှစ် ဇန်နဝါရီလမှာ BOC ရေနံကုမ္ပဏီနှင့် IBP ရေနံလုပ်ငန်းကို ပြည်သူပိုင်သိမ်းပြီး မြန်မာ့ရေနံ ကော်ပိုရေးရှင်းကို ဖွဲ့စည်းလိုက်ပါတယ်။

-၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဘဏ်တိုက် (၃၁) တိုက်ကို ပြည်သူပိုင်သိမ်းပါတယ်။ ဒါ့အပြင် တစ်ပတ်အတွင်းမှာ စီးကရက်ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့် စက်မှုလက်မှု လုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်သားပိုင် ကျောင်း (၈၁၄) ကျောင်း၊ သာသနာပြု ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ (၁၈၂) ရုံ စသည်ဖြင့် အားလုံးကို ပြည်သူပိုင် ပြုလုပ်ခဲ့ပါတယ်။

-အကြီးဆုံး ပြည်သူပိုင်သိမ်းပွဲကြီးကို ရန်ကုန်မြို့ နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခုနှစ် ဧပြီလ (၉) ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။

-အသိမ်းခံရမည့်သူများ မသိကြစေရန် လျှို့ဝှက် စီစဉ်ထားပါတယ်။ ထောင်သောင်းချီသော ပါတီမိတ်ဆွေဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်အချိန်မှာ အောင်ဆန်း အားကစားကွင်းကြီးမှာ စုထားတယ်။ မိုးမလင်းခင်မှာ လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့ အပြား သွားရောက်ကာ ပွဲရုံများ၊ လက်လီ လက်ကားဆိုင်များ၊ စီးပွားရေးလုပ်ငန်းမှန်သမျှကို ပြည်သူပိုင် သိမ်းလိုက်ကြပါတော့တယ်။

-ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်းကြီးပါက ဗိုလ်မှူးက ကွပ်ကဲတယ်။ အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊ အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးတို့က ကွပ်ကဲပြီး သိမ်းယူကြပါတယ်။ လုံခြုံရေးအတွက်ဆိုပြီး လက်နက်ကိုင် စစ်သားများက စောင့်ကြပ်ပေးရတယ်။ ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင် အစားထိုးပြီး အရောင်းအဝယ် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြတယ်။

.

-ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ ဆိုင်ပိုင်ရှင်များ နံနက်စောစော ဆိုင်ဖွင့်ရန် သွားကြသော အခါတွင် မိမိတို့ ဆိုင်များရှေ့တွင်စစ်အရာရှိနှင့် ပါတီမိတ်ဆွေဆိုသူများကို တွေ့ကြရပါတော့တယ်။

.

.

မှီငြမ်း။

-ကြေးမုံဦးသောင်းဆောင်းပါးများ(၁၉၆၄)


#crd_to_owner SarYar Aye Ko Ko

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)