Posts

Showing posts from March, 2022

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

Image
 လော်ဘီတွေက အပိုတွေ ပြောပြီး ဇာတ်နာပြနေတယ် ▪️ တရသတွေက သီးခြား လွတ်လပ်ရေး ယူခွင့်ရှိခဲ့သလိုလို၊ ▪️ တရသတွေဟာ နဂိုထဲက လွတ်လပ်နေသလိုလို၊ ▪️ မြန်မာတွေက   လူမျိုးကြီးဝါဒကြောင့်   မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ  ..တိုင်းဒေသကြီးတွေ ဖန်တီးထားသလိုလို ... မဟုတ်မမှန် လီဆည် ဝါဒ ဖြန့်နေတယ်။ 👉 တရသတွေဟာ သီးခြား လွတ်လပ်ရေး ယူခွင့် မရှိဘူး။ အတ္တလန္တိတ်စာချုပ် ဆိုတာ အင်္ဂလိပ်က အမေရိကန်ကို ဒုတိယကမ္ဘာစစ်ထဲ ကူတိုက်ပေးဖို့  မြူဆွယ်တာ သက်သက်ပဲ။ ဗြိတိသျှ ကိုလိုနီနယ်တွေကို လွတ်လပ်ရေး ( Independence) ပေးပါမယ်လို့ တလုံးတပါဒမှ မပါ။ ကိုယ်ပိုင်ပြဒါန်းခွင့် က မိုင်ကုန်ပဲ ။ ဒါကလည်း ဥရောပ တိုက်ထဲပဲ ကတိပေးပေးတာ။ အာဖရိကနဲ့ အာရှ မပါဘူး။ တရားဝင်လက်မှတ်ထိုးတာလည်း မရှိဘူး။ ဒီနေ့အထိ ဗြတိသျှ ကိုလိုနီတွေရှိနေတယ်။ ကုလသမဂ္ဂ ကိုလိုနီဖျက်သိမ်းရေး ဌာ အမည်ခံ ဌာနမှာ အဲဒီ ကိုလိုနီ စာရင်း (တရားဝင်) ရှိတယ်။ ယနေ့အထိ မဖျက်သိမ်းရသေးဘူး။ မြန်မာပြည် ထဲ ဘယ်ဒေသမှ ကိုလိုနီ စာရင်းထဲ မပါဘူး။ မြန်မာပြည်လွတ်လပ်ရေးဟာ တိုက်ယူခဲ့တာ မဟုတ်ဘူး။ အင်္ဂလိပ်က သနားလို့  ပေးလို့ ရတာ။ မပေးတဲ့ ဒေသမရဘူး။ အာသံ၊ မဏိပူရ၊ အက်ဒမန်ကျွန်းတွေ   ရေပိုင်နက်တွေ အင်္ဂလိပ်ကအိ

အကြမ်းဖက်မှုတွေအတွက် NUG မှာ တာဝန်ရှိသလား

Image
 NUG ဟာ De Jure အစိုးရပဲ။ တရားဝင်မှုအရ ဖြစ်လာတဲ့ အစိုးရ။ အဲဒီအစိုးရမျိုးက ကြေညာချက်ပဲ ထုတ်တယ်။ လိုက်နာတာ မလိုက်နာတာ ကို အရေးယူဖို့ သူ့မှာ တာဝန်မရှိဘူး။ တာဝန်ခံခိုင်းလို့လဲ မရဘူး။  ဘာကြောင့်လဲ ဆိုတော့ သူဟာ De Facto အစိုးရလို ဥပဒေစိုးမိုးရေး ယန္တရားကို ထိန်းချုပ်ထားခြင်း မရှိလို့ပဲ။ ဥပဒေစိုးမိုးရေး ယန္တရားဆိုတာ ရဲ၊ တရားရုံး၊ အကျဉ်းထောင် ဖြစ်တယ်။ ဒါကြောင့် NUG က အကြမ်းဖက်စစ်င်စီကောင်စီကို ခုခံ တော်လှန်ဖို့ ကြေညာတယ်။ သတိပြုရမှာက NUG ဟာ ကလေးသူငယ်နဲ့ အရပ်သားတွေ အပေါ် အကြမ်းမဖက်ဖို့ စတဲ့ စစ်ရေးကျင့်ဝတ်တွေ ကို ကြေညာတယ်။ နည်းလမ်းမျိုးစုံနဲ့ အသိပညာပေးတယ်။ ဒါ သူ့တာဝန်အကုန်ပဲ။  NUG က အကြမ်းဖက်ကြပါလို့ ကြေညာထားတာ တခုမှ မရှိဘူး ။  ဒီတော့ အကြမ်းဖက်မှုတွေ ဘယ်ဘက်ကပဲ လုပ်လုပ်၊ ဥပဒေအရ အရေးယူရမှာက De Facto ကို ကိုင်ထားတဲ့ စကစ တာဝန်ပဲ။ တခုတော့ နားလည်ဖိုလိုတယ်။ စစ်သည်အချင်းချင်း စစ်တိုက်တာ အကြမ်းဖက် တယ်လို့ ပြောရင် အမေရိကန်ကအစ တရုပ်အဆုံး အကုန်လုံး အကြမ်းဖက်တွေပဲ ဖြစ်ကုန်လိမ့်မယ်။ ဘူးလုံးနားမထွေး ဖြစ်နေရင် အဲဒါကို အရင်သိအောင် လုပ်ဖို့ လိုတယ်။ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အစ၊ အလယ်၊ အဆုံးဟာ မအလ စကစပေါ်မှာ မူတည်တယ်

ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီဟု KNU ပြော

Image
  ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီဟု KNU ပြော ရက္ခိုင်တပ်မတော်  (AA)  ၏   လိုလားသည့်   ကွန်ဖက်ဒရေးရှင်း   စနစ်သည်   မြန်မာနိုင်ငံနှင့်   မကိုက်ညီကြောင်း   ကရင်အမျိုးသားအစည်းအရုံး  (KNU)  ဒုဥက္ကဋ္ဌ   ပဒိုစောကွယ်ထူးဝင်း   က   ဧရာဝတီသို့ ပြောသည်။ ကွန်ဖက်ဒရေးရှင်း   စနစ်နှင့်   ပတ်သက်၍  KNU  အနေဖြင့်   ၁၉၄၀   ပြည့်နှစ်က   စဉ်းစားခဲ့ဖူးသော်လည်း ၁၉၅၆   ခုနှစ်တွင်   ဖက်ဒရယ်ပြည်ထောင်စုကို   တည်ဆောက်ရန်ကိုသာ   ရည်မှန်း   တော့သည်ဟု   ဆိုသည်။ KNU  ဒုဥက္ကဋ္ဌ   ပဒိုစောကွယ်ထူးဝင်း   က  “ သူတို့  (AA)  ပြောတဲ့အပေါ်မှာ   ကျနော်အတိအကျတော့   မသိဘူး၊   သူတို့   ရည်ရွယ်ချက်   က   ဘာလဲ၊   အဲဒီကွန်ဖက်ဒရေးရှင်း   ကျနော်တို့   နိုင်ငံအနေအထားနဲ့တော့   အဲဒီ ပုံစံသွားဖို့တော့   အခက်အခဲရှိမယ်၊   ကျနော်တို့   ပြောနေတာက   တကယ့်   ဒီမိုကရေစီ   ဖက်ဒရယ် ပြည်ထောင်စုမှာ   အာမခံချက်   အပြည့်အဝရှိစေမယ့်   အချက်တွေ   ရှိမယ်လေ၊   ဒီမိုကရေစီ   အခွင့်အရေး ရှိရမယ်တို့   နောက်   ကိုယ်   ပြဋ္ဌာန်းခွင့်   ရှိရမယ်၊   ဒီကွန်ဖက်ဒရေးရှင်းဆိုတဲ့   ပုံစံက   တမျိုးတော့   ဖြစ်သွားတာပေါ့။   ဟိုလွန်ခဲ့တဲ့   ရှေးပဝေသသီ  

မအလ ယတြာတွေက ဖက်ဒရယ် အတွက်လား (သက်သာပန်းတောင်း ယတြာ)

Image
  မအလ   ယတြာတွေက   ဖက်ဒရယ်   အတွက်လား  ( သက်သာပန်းတောင်း  ယတြာ) တရသတွေက   မအလဟာ  PR  ရွေးကောက်ပွဲလုပ်ပြီး   ဖက်ဒရယ်   ဖြစ်မယ်လို့   ထင်နေတုံးပဲလား။  ၁၉၉၄ - ၂၀ဝ၈   တုန်းကလည်း   အဲဒီလို   ထင်တလုံးနဲ့    အမျိုးသားညီလာခံ   တက်ပြီး   ၂၀၀၈   အခြေခံဥပဒေ   ရေးဆွဲတာမှာ   အိမ်ဖြည့်   ပါဝင်ပေးခဲ့လို့   ဒီနေ့   အထိ   စစ်အာဏာရှင်စနစ်က   သက်ဆိုးရှည်နေတာ။ မအလ   အကြောင်း   မသိရင်   ဟောဒီစာကို   စိတ်ရှည်ရှည်နဲ့   ဖတ်ကြပါ။ အခြား   တရသတွေက   မြန်မာ့ရိုးရာ   ယတြာကို   သိသူ   မရှိဘူး။   ယတြာ   လုပ်တိုင်း   စွမ်းတာ   မဟုတ်။ လုပ်နည်း   မှန်ဖို့   ဆိုတာ   ဆရာကောင်းမှ   ရမယ်။   ခုခေတ်မှာ   ဆရာကောင်း   ရှားပါတယ်။   ဒါပေမယ့်  မအလ  ဘာအတွက်   ယတြာလုပ်နေသလဲ ဆိုတာတော့   သိနိုင်တယ်။  ▪️ အာဏာမသိမ်းခင်က   မအလကို   ဘုရားအလောင်းလို့   တပ်တွင်း   ဝါဒဖြန့်တာ   မှတ်မိကြဦးမှာပေါ့။    ▪️ အာဏာသိမ်းပြီးနောက်  DSA  ထွက်   ဗိုလ်ပြုတ်   ဗေဒင်ဆရာ   ဇေယျာကို   က   မင်းလောင်း   ပေါ်မယ်ဆိုပြီး   ဖြတ်ညှပ်ကပ်   တဘောင်အတု   တခု   ဖြန့်ဝေခဲ့တယ်။   ကိုလိုနီခေတ်   မှာ   ဆရာ   ဦးပေါ်ဦးရဲ့  " ဗုဒ္ဓရာဇာ   စကြာသိုက်   နဲ့   သံချို   ဦးကျော