"ဝမ်းနည်းကြောင်း"

တောထဲတောင်ထဲတွင် ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင် ကျော်ဖြတ်ပြီး နိုင်ငံ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် လူငယ်မောင်မယ်များကို ဂုဏ်ပြုရင်း စစ်ကောင်စီလက်အောက် တက္ကသိုလ်ဝင်စာမေးပွဲ  ဖြေဆိုနေကြသည့် လူငယ်များအတွက် ဆရာကြီး မင်းသုဝဏ် ရေးသည့် ကဗျာတစ်ပုဒ်ဖြင့် ဝမ်းနည်းကြောင်း ဖော်ပြလိုက်ရပါသည်။



                          "ဝမ်းနည်းကြောင်း"

လမ်းဖောက်တော့ သူ မပါ

လမ်းပြင်တော့ သူ မရောက်

ဖြောင့်ဖြူးစွာလမ်းပြေချောတော့

ကျော့ကျော့လေးလျှောက်။


ကန်တူးရာ သူ မပါ

ကန်ဆည်ရာ သူ မရောက်

မြကန်သာရေကြည့်သန့်မှ

ခန့်ခန့်လေးသောက်။


ပန်းစိုက်ရာ သူ မပါ

ပေါင်းသင်ရာ သူ မရှိ

ပန်းပေါင်းစုံ သင်းကြူးမွှေးတော့။

ရွေးပန်ချင်၏။


ရပ်ရွာရေး ဆွေးနွေးရာ

ဖယ်ရှောင်ခွာ သူ မရော

သူထင်ရာမြင်အတွေးနဲ့

 ဘေးထိုင်ဘုပြော။


လူ့ဘဝခဏတာ

မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့

လူပီစွာ ကိုယ့်အမျိုးအတွက်

ကြိုးလိုက်စမ်းပါ။


သိလျက်နဲ့ သွေရှောင်ခွာ

ဝေဖန်ကာ အမြင်စောင်း

မူမမှန် တယူသန်အတွေးတွေနဲ့

ကလေးလို အရေးဆိုကြမ်းတော့

ဝမ်းနည်းပါကြောင်း။


ကဗျာရေးသူ- ဆရာကြီး မင်းသုဝဏ်

အနုပညာလက်ရာ- ကိုစောယု

Comments

Popular posts from this blog

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လမ်းညွန်ခဲ့တဲ့လို့ ပြောဆို ရေးသားတဲ့ လူတိုင်းဟာ လိမ်လည်မှုကို ကျူးလွန်နေတာ ဖြစ်တယ်

မြန်မာတွေက မြန်မာ ( ဗမာ ) ပြည်နယ် မဖွဲ့ပဲ တိုင်းဒေသကြီးတွေ ဖန်တီးထားသလား

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)